မိနစ် ၉၀ မှာ သွင်းတဲ့ဂိုးဖြင့် ဘာနေဗျူးမှာ ရီးရဲလ်ကို နစ်မြှပ်စေခဲ့တဲ့ မော်ဒိုဗာကလပ်ရှရစ်

ရှရစ်တဲရာစပေါ်ဟာနောက်ဆုံးမိနစ်မှာသွင်းယူတဲ့ဂိုးနဲ့ဘာနေဗျူးကွင်းမှာရီးရဲလ်မက်ဒရစ်ကိုအံ့ဩသင့်ဖွယ်အနိုင်ယူသွားပါတယ်။

မော်ဒိုဗာကလပ်ကကလပ်သမိုင်းမှာပထမဆုံးအကြိမ်အဖြစ်ချန်ပီယံလိဂ်အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့တာဖြစ်ပြီးအင်္ဂါနေ့ညနေပိုင်းတုန်းကဘောလုံးလောကတစ်ခုလုံးအံ့ဩသင့်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။

၎င်းတို့ဟာချန်ပီယံလိဂ်ဖလားပြိုင်ပွဲသမိုင်းမှာအအောင်မြင်ဆုံးအသင်းအဖြစ် ၁၃ကြိမ်ဆွတ်ခူးပြီးရပ်တည်နေတဲ့ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူခဲ့တာဖြစ်ပါတယ်။

ရှရစ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကိုပွဲချိန်မိနစ်၉၀မှာဆီဘာစတီယန်သဲလ်ကဧရိယာအပြင်ကနေကန်ကာဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

သဲလ်ဟာအနိုင်ဂိုးသွင်းယူနိုင်ပြီးနောက်အင်္ကျီချွတ်ကာအကြီးအကျယ်အောင်ပွဲခံမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။သူဟာလူဇင်ဘတ်သမိုင်းမှာချန်ပီယံလိဂ်ဂိုးပထမဆုံးသွင်းယူဖူးတဲ့ကစားသမားဖြစ်လာပါတယ်။

အဆိုပါပွဲစဉ်မှာရှရစ်ဟာပွဲချိန်၂၅မိနစ်မှာယာရှီရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးပွဲချိန်၆၅မိနစ်မှာဘန်ဇီးမားကပင်နယ်တီမှတဆင့်ချေပဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်သဲလ်ကပွဲချိန်မိနစ်၉၀မှာအနိုင်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ရှရစ်ဟာရီးရဲလ်မက်ဒရစ်အားအနိုင်ရရှိခဲ့မှုနဲ့အတူရမှတ်၆မှတ်ရရှိထားကာရှုံးထွက်အဆင့်သို့တက်ဖို့အခြေအနေကောင်းနေပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီကတော့ရရှိတဲ့အခွင့်အရေးများကိုအသုံးမချနိုင်မှုကြောင့်ရှုံးနိမ့်ခဲ့တာလို့အပြစ်တင်သွားပါတယ်။ရှရစ်နှင့်ပွဲမှာရီးရဲလ်မက်ဒရစ်ဟာဂိုးပေါက်ကန်ချက်အကြိမ်၃၀အထိပြုလုပ်ခဲ့ပြီးဘောလုံးပိုင်ဆိုင်မှု၆၇ရာခိုင်နှုန်းအထိရရှိခဲ့ပါတယ်။

ZawGyi

မိနစ္ ၉၀ မွာ သြင္းတဲ့ဂိုးျဖင့္ ဘာေနဗ်ဴးမွာ ရီးရဲလ္ကို နစ္ျမႇပ္ေစခဲ့တဲ့ ေမာ္ဒိုဗာကလပ္ရွရစ္

ရွရစ္တဲရာစေပၚဟာေနာက္ဆုံးမိနစ္မွာသြင္းယူတဲ့ဂိုးနဲ႔ဘာေနဗ်ဴးကြင္းမွာရီးရဲလ္မက္ဒရစ္ကိုအံ့ဩသင့္ဖြယ္အႏိုင္ယူသြားပါတယ္။

ေမာ္ဒိုဗာကလပ္ကကလပ္သမိုင္းမွာပထမဆုံးအႀကိမ္အျဖစ္ခ်န္ပီယံလိဂ္အုပ္စုအဆင့္သို႔ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီးအဂၤါေန႔ညေနပိုင္းတုန္းကေဘာလုံးေလာကတစ္ခုလုံးအံ့ဩသင့္ေအာင္လုပ္ျပႏိုင္ခဲ့ပါတယ္။

၎တို႔ဟာခ်န္ပီယံလိဂ္ဖလားၿပိဳင္ပြဲသမိုင္းမွာအေအာင္ျမင္ဆုံးအသင္းအျဖစ္ ၁၃ႀကိမ္ဆြတ္ခူးၿပီးရပ္တည္ေနတဲ့ရီးရဲလ္မက္ဒရစ္ကိုအႏိုင္ယူခဲ့တာျဖစ္ပါတယ္။

ရွရစ္ရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးကိုပြဲခ်ိန္မိနစ္၉၀မွာဆီဘာစတီယန္သဲလ္ကဧရိယာအျပင္ကေနကန္ကာဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

သဲလ္ဟာအႏိုင္ဂိုးသြင္းယူႏိုင္ၿပီးေနာက္အက်ႌခြၽတ္ကာအႀကီးအက်ယ္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။သူဟာလူဇင္ဘတ္သမိုင္းမွာခ်န္ပီယံလိဂ္ဂိုးပထမဆုံးသြင္းယူဖူးတဲ့ကစားသမားျဖစ္လာပါတယ္။

အဆိုပါပြဲစဥ္မွာရွရစ္ဟာပြဲခ်ိန္၂၅မိနစ္မွာယာရွီရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲခ်ိန္၆၅မိနစ္မွာဘန္ဇီးမားကပင္နယ္တီမွတဆင့္ေခ်ပဂိုးသြင္းခဲ့ပါတယ္။ယင္းေနာက္သဲလ္ကပြဲခ်ိန္မိနစ္၉၀မွာအႏိုင္ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။

ရွရစ္ဟာရီးရဲလ္မက္ဒရစ္အားအႏိုင္ရရွိခဲ့မႈနဲ႔အတူရမွတ္၆မွတ္ရရွိထားကာရႈံးထြက္အဆင့္သို႔တက္ဖို႔အေျခအေနေကာင္းေနပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပအန္ဆယ္ေလာ့တီကေတာ့ရရွိတဲ့အခြင့္အေရးမ်ားကိုအသုံးမခ်ႏိုင္မႈေၾကာင့္ရႈံးနိမ့္ခဲ့တာလို႔အျပစ္တင္သြားပါတယ္။ရွရစ္ႏွင့္ပြဲမွာရီးရဲလ္မက္ဒရစ္ဟာဂိုးေပါက္ကန္ခ်က္အႀကိမ္၃၀အထိျပဳလုပ္ခဲ့ၿပီးေဘာလုံးပိုင္ဆိုင္မႈ၆၇ရာခိုင္ႏႈန္းအထိရရွိခဲ့ပါတယ္။