မိန့်ဇ်နှင့်ပွဲတွင် နှစ်ဂိုးသွင်းပြီးနောက် ကွင်းအတွင်း အတင်းဝင်ရောက်လာတဲ့ပရိသတ်နှင့် အောင်ပွဲအတူခံခဲ့တဲ့ ဟာလန်း

အာလင်းဟာလန်းဟာကံကောင်းလှတဲ့ကွင်းအတွင်းအတင်းဝင်ရောက်သူပရိသတ်တစ်ဦးကို အထူးဧည့်ခံကြိုဆိုမှုပြုလုပ်ခဲ့ပါတယ်။

နော်ဝေစူပါစတားဟာပရိသတ်၆၄၀၀၀ရှေ့မှောက်မှာကွင်းအတွင်းဝင်ရောက်လာတဲ့ယင်းပရိသတ်နှင့်အတူ Selfie ရိုက်ကူးပေးခဲ့တဲ့အပြင်ပွေ့ဖက်အောင်ပွဲခံမှုလည်းပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင်သူဟာယင်းပရိသတ်ကိုအင်္ကျီလက်ဆောင်လည်းပေးခဲ့ပါသေးတယ်။

အသက်၂၁နှစ်ရှိဟာလန်းဟာကြွက်သားဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီးနောက်စနေနေ့တုန်းကမိန့်ဇ်ကိုဒေါ့မွန်က၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပြန်လည်ကစားနိုင်ခဲ့ပြီး၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

စက်တင်ဘာလကတည်းကအနားယူခဲ့ရကာသုံးပွဲလွဲခဲ့တဲ့ The Terminator ဟာဒုတိယပိုင်းမှာပင်နယ်တီကနေဂိုးသွင်းပြီးနောက်နာကျင်အချိန်ပိုမှာလည်းဂိုးထပ်သွင်းခဲ့ပါတယ်။

သူဟာနာကျင်အချိန်ပိုမှာဂိုးသွင်းပြီးနောက်ဒေါ့မွန်ကစားဖော်များနှင့်အောင်ပွဲခံနေစဉ်ပရိသတ်တစ်ဦးဟာကွင်းအတွင်းသို့ဝင်ရောက်ကာအတူအောင်ပွဲခံခဲ့ပါတယ်။

ဟာလန်းဟာလုံခြုံရေးတွေ ပရိသတ်ကိုဆွဲထုတ်မှုပြုလုပ်ခြင်းမပြုမီယင်းပရိသတ်နဲ့ပျော်ရွှင်စွာဓာတ်ပုံရိုက်ခဲ့တဲ့အပြင်ပရိသတ်များရှေ့မှောက်မှာအတူခုန်ပေါက်အောင်ပွဲခံခဲ့ပါတယ်။

မိန့်ဇ်အား၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဒေါ့မွန်အတွက်အခြားဂိုးတစ်ဂိုးကိုမာကိုရူးစ်ကသွင်းယူခဲ့ပါတယ်။

ZawGyi







