မိန်းမတစ်ဦးရဲ့အက်ဆစ်နဲ့အပက်ခံခဲ့ရတဲ့အပြင် ကလေးခိုးယူရန်ပါ ကြိုးပမ်းခံခဲ့ရတဲ့ ကွန်ဂိုလက်ရွေးစင်

လိုရီယန့်တိုက်စစ်မှူးယိုအာနာဝစ်ဆာဟာအမျိုးသမီးတစ်ဦးရဲ့တုန်လှုပ်ဖွယ် အက်ဆစ်နဲ့ပက် တိုက်ခိုက်ခြင်းခံခဲ့ရတဲ့အပြင်မွေးခါစကလေးလေးကိုပါ ခိုးယူရန်ကြိုးပမ်းခြင်းခံခဲ့ရပါတယ်။

ဆိုးရွားလှတဲ့ယင်းဖြစ်ရပ်ဆိုးကကြာသပတေးနေ့ညနေမှာဖြစ်ခဲ့တာဖြစ်ပါတယ်။ကွန်ဂိုလက်ရွေးစင်ကစားသမားဟာသူ့ရဲ့နေအိမ်မှာအက်ဆစ်နဲ့ပက် တိုက်ခိုက်ခြင်းခံခဲ့ရတာဖြစ်ပြီးမျက်လုံးမှာလောင်ကျွမ်းဒဏ်ရာရရှိခဲ့ပါတယ်။

အမျိုးသမီးတစ်ဦးဟာနေ့လည်ပိုင်းတုန်းကသားဖြစ်သူအတွက်အမှတ်တရလက်မှတ်ရယူလိုတယ်ဆိုပြီးရောက်ခဲ့ပါတယ်။ယင်းအမျိုးသမီးဟာညနေပိုင်းရောက်ချိန်မှာတော့ဝစ်ဆာရဲ့နေအိမ်သို့ခွင့်ပြုချက်မရှိဘဲဝင်ရောက်ခဲ့ပါတယ်။

ဝစ်ဆာဟာအက်ဆစ်ဖြင့်တိုက်ခိုက်ခံရမှုကြောင့်အရေးပေါ်ခွဲစိတ်ကုသမှုများပြုလုပ်ခဲ့ရပြီးယခုအခါစိုးရိမ်စရာအနေအထားမျိုးမှာမရှိတော့ကြောင်းသိရပါတယ်။

ယင်းအမျိုးသမီးဟာဝစ်ဆာကိုအက်ဆစ်နဲ့ပက်ပြီး နောက်တစ်နေ့မှာ ဝစ်ဆာရဲ့နေအိမ်သို့သွားရောက်ကာလွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကမှမွေးဖွားထားတဲ့ဝစ်ဆာရဲ့ကလေးကိုလည်းခိုးယူရန်ကြိုးပမ်းခဲ့ပါသေးတယ်။ဒါပေမယ့်ကလေးခိုးရန်ကြိုးပမ်းမှုကမအောင်မြင်ခဲ့ပါဘူး။

ယင်းအမျိုးသမီးဟာဝစ်ဆာရဲ့ချစ်သူကိုလည်းအက်ဆစ်ရည်ဖြင့်ဖျန်းပြီးကလေးခိုးယူရန်ကြိုးပမ်းခဲ့တာပါ။ဒါပေမယ့်ဝစ်ဆာရဲ့ချစ်သူကလသားအရွယ်သားရှိသေးတဲ့ကလေးနှင့်အတူဘေးကင်းရာသို့ထွက်ပြေးနိုင်ခဲ့ပါတယ်။ဝစ်ဆာရဲ့ဇနီးဟာလည်းအက်ဆစ်ဖြင့်အဖျန်းခံရမှုကြောင့်လောင်ကျွမ်းဒဏ်ရာရရှိပြီးကုသမှုခံနေရပါတယ်။

ဝစ်ဆာဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလိုရီယန့်အတွက်၃၈ပွဲကစားကာ၁၁ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။

သူ့ကိုကုသမှုပြုလုပ်ပေးနေတဲ့ဆရာဝန်ကမည်သည့်အချိန်မှာဝစ်ဆာဘောလုံးပြန်ကစားနိုင်မယ်ဆိုတာမပြောသေးပါဘူး။

လက်ရှိအချိန်တွင်ဝစ်ဆာကိုတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အမျိုးသမီးဟာဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပါတယ်။

ZawGyi

မိန္းမတစ္ဦးရဲ႕အက္ဆစ္နဲ႔အပက္ခံခဲ့ရတဲ့အျပင္ ကေလးခိုးယူရန္ပါ ႀကိဳးပမ္းခံခဲ့ရတဲ့ ကြန္ဂိုလက္ေ႐ြးစင္

လိုရီယန႔္တိုက္စစ္မႉးယိုအာနာဝစ္ဆာဟာအမ်ိဳးသမီးတစ္ဦးရဲ႕တုန္လႈပ္ဖြယ္ အက္ဆစ္နဲ႔ပက္ တိုက္ခိုက္ျခင္းခံခဲ့ရတဲ့အျပင္ေမြးခါစကေလးေလးကိုပါ ခိုးယူရန္ႀကိဳးပမ္းျခင္းခံခဲ့ရပါတယ္။

ဆိုး႐ြားလွတဲ့ယင္းျဖစ္ရပ္ဆိုးကၾကာသပေတးေန႔ညေနမွာျဖစ္ခဲ့တာျဖစ္ပါတယ္။ကြန္ဂိုလက္ေ႐ြးစင္ကစားသမားဟာသူ႔ရဲ႕ေနအိမ္မွာအက္ဆစ္နဲ႔ပက္ တိုက္ခိုက္ျခင္းခံခဲ့ရတာျဖစ္ၿပီးမ်က္လုံးမွာေလာင္ကြၽမ္းဒဏ္ရာရရွိခဲ့ပါတယ္။

အမ်ိဳးသမီးတစ္ဦးဟာေန႔လည္ပိုင္းတုန္းကသားျဖစ္သူအတြက္အမွတ္တရလက္မွတ္ရယူလိုတယ္ဆိုၿပီးေရာက္ခဲ့ပါတယ္။ယင္းအမ်ိဳးသမီးဟာညေနပိုင္းေရာက္ခ်ိန္မွာေတာ့ဝစ္ဆာရဲ႕ေနအိမ္သို႔ခြင့္ျပဳခ်က္မရွိဘဲဝင္ေရာက္ခဲ့ပါတယ္။

ဝစ္ဆာဟာအက္ဆစ္ျဖင့္တိုက္ခိုက္ခံရမႈေၾကာင့္အေရးေပၚခြဲစိတ္ကုသမႈမ်ားျပဳလုပ္ခဲ့ရၿပီးယခုအခါစိုးရိမ္စရာအေနအထားမ်ိဳးမွာမရွိေတာ့ေၾကာင္းသိရပါတယ္။

ယင္းအမ်ိဳးသမီးဟာဝစ္ဆာကိုအက္ဆစ္နဲ႔ပက္ၿပီး ေနာက္တစ္ေန႔မွာ ဝစ္ဆာရဲ႕ေနအိမ္သို႔သြားေရာက္ကာလြန္ခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ကမွေမြးဖြားထားတဲ့ဝစ္ဆာရဲ႕ကေလးကိုလည္းခိုးယူရန္ႀကိဳးပမ္းခဲ့ပါေသးတယ္။ဒါေပမယ့္ကေလးခိုးရန္ႀကိဳးပမ္းမႈကမေအာင္ျမင္ခဲ့ပါဘူး။

ယင္းအမ်ိဳးသမီးဟာဝစ္ဆာရဲ႕ခ်စ္သူကိုလည္းအက္ဆစ္ရည္ျဖင့္ဖ်န္းၿပီးကေလးခိုးယူရန္ႀကိဳးပမ္းခဲ့တာပါ။ဒါေပမယ့္ဝစ္ဆာရဲ႕ခ်စ္သူကလသားအ႐ြယ္သားရွိေသးတဲ့ကေလးႏွင့္အတူေဘးကင္းရာသို႔ထြက္ေျပးႏိုင္ခဲ့ပါတယ္။ဝစ္ဆာရဲ႕ဇနီးဟာလည္းအက္ဆစ္ျဖင့္အဖ်န္းခံရမႈေၾကာင့္ေလာင္ကြၽမ္းဒဏ္ရာရရွိၿပီးကုသမႈခံေနရပါတယ္။

ဝစ္ဆာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကလိုရီယန႔္အတြက္၃၈ပြဲကစားကာ၁၁ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။

သူ႔ကိုကုသမႈျပဳလုပ္ေပးေနတဲ့ဆရာဝန္ကမည္သည့္အခ်ိန္မွာဝစ္ဆာေဘာလုံးျပန္ကစားႏိုင္မယ္ဆိုတာမေျပာေသးပါဘူး။

လက္ရွိအခ်ိန္တြင္ဝစ္ဆာကိုတိုက္ခိုက္မႈျပဳလုပ္ခဲ့တဲ့အမ်ိဳးသမီးဟာဖမ္းဆီးထိန္းသိမ္းျခင္းခံထားရပါတယ္။