မိန်းမလျာဘောလုံးသမားများအတွက်ဘောလုံးလောကအဆင်သင့်မဖြစ်သေး

အာဆင်နယ်နောက်တန်းအစွန်လူဟက်တာဘယ်လီရန်ကဘောလုံးလောကမှာဘောလုံးသမားများကမိန်းမလျာ ဖြစ်ကြောင်းဖွင့်ဟဝန်ခံလာရန်အဆင်သင့်မဖြစ်သေးကြောင်းပြောကြားလိုက်ပါတယ်။စပိန်လက်ရွေးစင်ကစားသ မားဟာLGBTQအရေးနှင့်ပတ်သက်ပြီးရှေ့တန်းကလှုပ်ရှားတဲ့ကစားသမားများထဲမှတစ်ဦးလည်းဖြစ်ပါတယ်။

ဘယ်လီရန်ဟာ အာဆင်နယ်ရဲ့LGBTQ ပရိသတ်များအဖွဲ့ Gay Gooners နှင့်နီးနီးကပ်ကပ်လှုပ်ရှားလာသူ ဖြစ်သလို Rainbow Laces ၊ Stonewell လှုပ်ရှားမှုများတွင်လည်းပါဝင်သူဖြစ်ပါတယ်။

ဘယ်လီရန်က “ဘောလုံးလောကကဒီအတွက်အဆင်သင့်ဖြစ်နေပြီလားဆိုတာကျွန်တော်မသိပါဘူး။Gay Gooners နဲ့စကားတွေပြောခဲ့တာတွေရှိပါတယ်။တစ်ခါတစ်လေသူတို့ အာဆင်နယ်စားသောက်ဆိုင်သို့သွားတဲ့ အခါတိုင်းသူတို့ဟာ Gay Gooners လည်စည်း(သို့မဟုတ်)အခြားအရာတွေဝတ်ဆင်လာမယ်ဆိုရင်အခြားအာဆင် နယ်ပရိသတ်တွေနဲ့ပြဿနာဖြစ်တော့တာပါပဲ။ကျွန်တော့်အတွက်တော့ဒါကရူးမိုက်တာပါ။ကျွန်တော်တို့အားလုံးက မိသားစုတစ်ခုတည်းပါ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဘယ်လီရန်က၎င်းမှာမိန်းမလျာဘောလုံးသမားနှင့်ဆုံစည်းခဲ့ဖူးခြင်းမရှိသေးကြောင်းနှင့် ရှိလာခဲ့လျှင်လည်း ကစားဖော်များကထိန်းသိမ်းပေးထားရမှာဖြစ်ကြောင်းလည်းပြောကြားသွားခဲ့ပါတယ်။

အသက်၂၅နှစ်ရှိကစားသမားက “ဒါကမကြားဝံ့မနာသာကိစ္စရပ်မျိုးပါ။ဒါမျိုးတွေနဲ့ပတ်သက်ပြီးအဝတ်အစားလဲခန်း ထဲမှာကျွန်တော်တို့ပွင့်လင်းစွာပြောလို့ရပါတယ်။ဒါပေမယ့်မိန်းမလျာကစားသမားရှိတယ်လို့မကြားဖူးပါဘူး။ဘယ်သူမှလည်းမကြားဖူးပါဘူး။တကယ်လို့တစ်ယောက်ယောက်ရှိတယ်ဆိုတာသိရင်တောင်ထိန်းသိမ်းထားသင့်ပါတယ်။သူတို့ကိုအကာအကွယ်ပေးရပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မိန္းမလ်ာေဘာလုံးသမားမ်ားအတြက္ေဘာလုံးေလာကအဆင္သင့္မျဖစ္ေသး

အာဆင္နယ္ေနာက္တန္းအစြန္လူဟက္တာဘယ္လီရန္ကေဘာလုံးေလာကမွာေဘာလုံးသမားမ်ားကမိန္းမလ်ာ ျဖစ္ေၾကာင္းဖြင့္ဟဝန္ခံလာရန္အဆင္သင့္မျဖစ္ေသးေၾကာင္းေျပာၾကားလိုက္ပါတယ္။

စပိန္လက္ေ႐ြးစင္ကစားသ မားဟာLGBTQအေရးႏွင့္ပတ္သက္ၿပီးေရွ႕တန္းကလႈပ္ရွားတဲ့ကစားသမားမ်ားထဲမွတစ္ဦးလည္းျဖစ္ပါတယ္။

ဘယ္လီရန္ဟာ အာဆင္နယ္ရဲ႕LGBTQ ပရိသတ္မ်ားအဖြဲ႕ Gay Gooners ႏွင့္နီးနီးကပ္ကပ္လႈပ္ရွားလာသူ ျဖစ္သလို Rainbow Laces ၊ Stonewell လႈပ္ရွားမႈမ်ားတြင္လည္းပါဝင္သူျဖစ္ပါတယ္။

ဘယ္လီရန္က “ေဘာလုံးေလာကကဒီအတြက္အဆင္သင့္ျဖစ္ေနၿပီလားဆိုတာကြၽန္ေတာ္မသိပါဘူး။Gay Gooners နဲ႔စကားေတြေျပာခဲ့တာေတြရွိပါတယ္။တစ္ခါတစ္ေလသူတို႔ အာဆင္နယ္စားေသာက္ဆိုင္သို႔သြားတဲ့ အခါတိုင္းသူတို႔ဟာ Gay Gooners လည္စည္း(သို႔မဟုတ္)အျခားအရာေတြဝတ္ဆင္လာမယ္ဆိုရင္အျခားအာဆင္ နယ္ပရိသတ္ေတြနဲ႔ျပႆနာျဖစ္ေတာ့တာပါပဲ။ကြၽန္ေတာ့္အတြက္ေတာ့ဒါက႐ူးမိုက္တာပါ။ကြၽန္ေတာ္တို႔အားလုံးက မိသားစုတစ္ခုတည္းပါ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဘယ္လီရန္က၎မွာမိန္းမလ်ာေဘာလုံးသမားႏွင့္ဆုံစည္းခဲ့ဖူးျခင္းမရွိေသးေၾကာင္းႏွင့္ ရွိလာခဲ့လွ်င္လည္း ကစားေဖာ္မ်ားကထိန္းသိမ္းေပးထားရမွာျဖစ္ေၾကာင္းလည္းေျပာၾကားသြားခဲ့ပါတယ္။

အသက္၂၅ႏွစ္ရွိကစားသမားက “ဒါကမၾကားဝံ့မနာသာကိစၥရပ္မ်ိဳးပါ။ဒါမ်ိဳးေတြနဲ႔ပတ္သက္ၿပီးအဝတ္အစားလဲခန္း ထဲမွာကြၽန္ေတာ္တို႔ပြင့္လင္းစြာေျပာလို႔ရပါတယ္။ဒါေပမယ့္မိန္းမလ်ာကစားသမားရွိတယ္လို႔မၾကားဖူးပါဘူး။ဘယ္သူမွလည္းမၾကားဖူးပါဘူး။တကယ္လို႔တစ္ေယာက္ေယာက္ရွိတယ္ဆိုတာသိရင္ေတာင္ထိန္းသိမ္းထားသင့္ပါတယ္။သူတို႔ကိုအကာအကြယ္ေပးရပါမယ္”လို႔ေျပာၾကားသြားပါတယ္။