မိမိမှာ ဘောလုံးလောကရဲ့ပုပ်ရဟန်းမင်းကြီး မဟုတ်ဟု ကလော့ပ်ပြောကြားလာ

ဂျာဂင်ကလော့ပ်ကပရီးမီးယားလိဂ်တွင်စည်းမျဉ်းအပြောင်းအလဲများဖြစ်လာမှုနဲ့အတူပရီးမီးယားလိဂ်အနေဖြင့်ကစားသမားများကိုပိုမိုအကာအကွယ်ပေးရန်လိုအပ်လာကြောင်းပြောကြားလာပါတယ်။

ယခုရာသီတွင်ဒိုင်လူကြီးဟာအသေးစားထိခိုက်မှုများကိုဂရုမစိုက်ဘဲပြစ်ဒဏ်မပေးဘဲဆက်ကစားစေတဲ့စနစ်ကိုအသုံးပြုနေပါတယ်။

ကလော့ပ်ဟာစနေနေ့တုန်းကဘန်လေအား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ဘန်လေရဲ့ကြမ်းတမ်းတဲ့ကစားဟန်ကြောင့်ဖျက်ထုတ်မှုအချို့တို့အားဒိုင်လူကြီးကမျက်ကွယ်ပြုလာမှာကိုစိုးရိမ်နေပါတယ်။

ဘန်လေအားလီဗာပူးက၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာပြစ်ဒဏ်ဘော၁၈ကြိမ်ဖြစ်ခဲ့ပေမယ့်ဒိုင်လူကြီးဟာအဝါကတ်တစ်ကတ်မှအသုံးပြုခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့်လည်းကလော့ပ်က “ဘောလုံးကိုချစ်တယ်။ဖျက်ထုတ်မှုအားလုံးကိုလည်းကြိုက်တယ်။ဒါမျိုးတွေကိုလည်းချစ်တယ်။ဒါပေမယ့်ကျွန်တော်တို့ဟာကစားသမားတွေကိုယခုထက်ပိုပြီးတော့အကာအကွယ်ပေးဖို့လိုနေပါတယ်။ဘောလုံးပွဲကိုဆက်ကစားနိုင်ဖို့ခွင့်လွှတ်ပေးရတယ်ဆိုတာကတော့သိပ်ဟန်မကျပါဘူး။ကွဲပြားတဲ့အရာတွေအတွက်လည်းစကားပြောဖို့လိုနေပါတယ်။ကျွန်တော်ကဘောလုံးလောကရဲ့ပုပ်ရဟန်းမင်းကြီးမဟုတ်ပါဘူး။လူတွေကိုဒါတွေလုပ်ကြ၊ဒါတွေမလုပ်နဲ့လို့ပြောနိုင်တဲ့သူမဟုတ်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဘန်လေနှင့်ပွဲစဉ်တွင်လီဗာပူးဟာဂျိုတာ၊မာနေးတို့ရဲ့ဂိုးများဖြင့်အနိုင်ရရှိခဲ့ပြီးပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲဆက်အနိုင်ရရှိထားပါတယ်။

လီဗာပူးဟာလာမယ့်အပတ်မှာချန်ပီယံလိဂ်ချန်ပီယံချဲလ်ဆီးနှင့်ရင်ဆိုင်ရပါမယ်။ယင်းနောက်နိုင်ငံတကာပွဲရောက်လာမှာဖြစ်ပြီးစက်တင်ဘာလ၁၂ရက်နေ့မှာလီဗာပူးဟာလိဒ်အားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။

ZawGyi

မိမိမွာ ေဘာလုံးေလာကရဲ႕ပုပ္ရဟန္းမင္းႀကီး မဟုတ္ဟု ကေလာ့ပ္ေျပာၾကားလာ

ဂ်ာဂင္ကေလာ့ပ္ကပရီးမီးယားလိဂ္တြင္စည္းမ်ဥ္းအေျပာင္းအလဲမ်ားျဖစ္လာမႈနဲ႔အတူပရီးမီးယားလိဂ္အေနျဖင့္ကစားသမားမ်ားကိုပိုမိုအကာအကြယ္ေပးရန္လိုအပ္လာေၾကာင္းေျပာၾကားလာပါတယ္။

ယခုရာသီတြင္ဒိုင္လူႀကီးဟာအေသးစားထိခိုက္မႈမ်ားကိုဂ႐ုမစိုက္ဘဲျပစ္ဒဏ္မေပးဘဲဆက္ကစားေစတဲ့စနစ္ကိုအသုံးျပဳေနပါတယ္။

ကေလာ့ပ္ဟာစေနေန႔တုန္းကဘန္ေလအား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ဘန္ေလရဲ႕ၾကမ္းတမ္းတဲ့ကစားဟန္ေၾကာင့္ဖ်က္ထုတ္မႈအခ်ိဳ႕တို႔အားဒိုင္လူႀကီးကမ်က္ကြယ္ျပဳလာမွာကိုစိုးရိမ္ေနပါတယ္။

ဘန္ေလအားလီဗာပူးက၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာျပစ္ဒဏ္ေဘာ၁၈ႀကိမ္ျဖစ္ခဲ့ေပမယ့္ဒိုင္လူႀကီးဟာအဝါကတ္တစ္ကတ္မွအသုံးျပဳခဲ့ျခင္းမရွိပါဘူး။

ဒါေၾကာင့္လည္းကေလာ့ပ္က “ေဘာလုံးကိုခ်စ္တယ္။ဖ်က္ထုတ္မႈအားလုံးကိုလည္းႀကိဳက္တယ္။ဒါမ်ိဳးေတြကိုလည္းခ်စ္တယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ဟာကစားသမားေတြကိုယခုထက္ပိုၿပီးေတာ့အကာအကြယ္ေပးဖို႔လိုေနပါတယ္။ေဘာလုံးပြဲကိုဆက္ကစားႏိုင္ဖို႔ခြင့္လႊတ္ေပးရတယ္ဆိုတာကေတာ့သိပ္ဟန္မက်ပါဘူး။ကြဲျပားတဲ့အရာေတြအတြက္လည္းစကားေျပာဖို႔လိုေနပါတယ္။ကြၽန္ေတာ္ကေဘာလုံးေလာကရဲ႕ပုပ္ရဟန္းမင္းႀကီးမဟုတ္ပါဘူး။လူေတြကိုဒါေတြလုပ္ၾက၊ဒါေတြမလုပ္နဲ႔လို႔ေျပာႏိုင္တဲ့သူမဟုတ္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ဘန္ေလႏွင့္ပြဲစဥ္တြင္လီဗာပူးဟာဂ်ိဳတာ၊မာေနးတို႔ရဲ႕ဂိုးမ်ားျဖင့္အႏိုင္ရရွိခဲ့ၿပီးပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲဆက္အႏိုင္ရရွိထားပါတယ္။

လီဗာပူးဟာလာမယ့္အပတ္မွာခ်န္ပီယံလိဂ္ခ်န္ပီယံခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ရပါမယ္။ယင္းေနာက္ႏိုင္ငံတကာပြဲေရာက္လာမွာျဖစ္ၿပီးစက္တင္ဘာလ၁၂ရက္ေန႔မွာလီဗာပူးဟာလိဒ္အားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။