
ဂွါဒီယိုလာကသူသာထွက်ခွာခဲ့ပါကမီခေးလ်အာတီတာမှာမန်စီးတီးနည်းပြဖြစ်လာခဲ့မည်ဖြစ်ကြောင်းပြောကြားလာခဲ့ပါတယ်။
ဒါပေမဲ့ဂွါဒီယိုလာဟာယနေ့ညအီတီဟတ်တွင်ရင်ဆိုင်ရမဲ့အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်တွင်တပည့်ဟောင်းဖြစ်သူမီခေးလ်အာတီတာနှင့်ရန်ဖြစ်ရန်နောက်တွန့်နေမှာလည်းမဟုတ်ပါဘူး။
အာတီတာဟာ၂၀၁၆ခုနှစ်မှ၂၀၁၉ခုနှစ်အထိသုံးနှစ်တိုင်တိုင်မန်စီးတီးအသင်းတွင်ဂွါဒီယိုလာရဲ့ညာလက်ရုံးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
အာတီတာဟာမန်စီးတီးနှင့်အတူပြည်တွင်းဖလားသုံးလုံးဆွတ်ခူးနိုင်ပြီးနောက် အသင်းဟောင်းအာဆင်နယ်အသင်းကိုကိုင်တွယ်ရန်မန်စီးတီးမှထွက်ခွာသွားခဲ့ပါတယ်။
အာတီတာဟာအာဆင်နယ်ကိုစတင်ရောက်တဲ့ပထမဆုံးနှစ်တွင်အက်ဖ်အေဖလားရရှိအောင်ဦးဆောင်နိုင်ခဲ့ပြီးယခုရာသီတွင်အာဆင်နယ်ကိုပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင်လက်ရှိချန်ပီယံမန်စီးတီးအား၅မှတ်ဖြတ်ကာစွမ်းဆောင်ထားနိုင်ပါတယ်။
အာဆင်နယ်ဟာယခုရာသီ မန်စီးတီးနှင့်ပထမဆုံးထိပ်တိုက်တွေ့မှုအဖြစ် အီတီဟတ်ကွင်းသို့သွားရောက်ကာဂွါဒီယိုလာရဲ့အသင်းနှင့်ရင်ဆိုင်ရပါမယ်။
ဂွါ့ဒီယိုလာက “တကယ်လို့များကျုပ်သာထွက်ခဲ့ရင်သူရောက်လာမှာသေချာတယ်။ပြီးရင်သူအကောင်းဆုံးဖြစ်လာလိမ့်မယ်။ဒါပေမဲ့ကျုပ်စာချုပ်သက်တမ်းတိုးခဲ့တယ်။စိတ်မကောင်းပါဘူး။ပြီးတော့သူလည်းစောင့်နေနိုင်မှာမဟုတ်ဘူး။ကျုပ်ကလည်းတစ်ယောက်ယောက်ကို ‘ငါနဲ့ဆက်နေပါကွာ’လို့ပြောမဲ့သူမျိုးမဟုတ်ပါဘူး။လူတိုင်းမှာအိပ်မက်ကိုယ်စီကိုယ်ငှရှိကြတယ်။သူဟာ ‘သူ့ကလပ်၊သူ့အိပ်မက်တွေရဲ့ကလပ်၊သူချစ်တဲ့ကလပ်’သို့သွားခဲ့တယ်”လို့ပြောကြားသွားပါတယ်။
မီခေးလ်အာတီတာဟာယခုရာသီတွင်အာဆင်နယ်ရဲ့ပွဲစဉ်များတွင်ကွင်းဘေးစည်းအတွင်းဒေါသတကြီးပြုမှုတဲ့အပြုအမှုများကြောင့်ဝေဖန်မှုများနှင့်ကြုံတွေ့နေရသူလည်းဖြစ်ပါတယ်။
မန်စီးတီးနည်းပြဂွါဒီယိုလာကယနေ့ညပွဲစဉ်တွင်ကွင်းဘေးနည်းစနစ်ဧရိယာတွင်အာတီတာနှင့်မည်သည့်အရာမဆိုဖြစ်လာနိုင်ကြောင်းဆိုသွားပါတယ်။
ZawGyi
မိမိသာ ထြက္ခြာခဲ့လွ်င္ အာတီတာမွာ မန္စီးတီးနည္းျပျဖစ္လာမည္ဟု ဂြါဒီယိုလာဖြင့္ဟလာ
ဂြါဒီယိုလာကသူသာထြက္ခြာခဲ့ပါကမီေခးလ္အာတီတာမွာမန္စီးတီးနည္းျပျဖစ္လာခဲ့မည္ျဖစ္ေၾကာင္းေျပာၾကားလာခဲ့ပါတယ္။
ဒါေပမဲ့ဂြါဒီယိုလာဟာယေန႔ညအီတီဟတ္တြင္ရင္ဆိုင္ရမဲ့အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္တြင္တပည့္ေဟာင္းျဖစ္သူမီေခးလ္အာတီတာႏွင့္ရန္ျဖစ္ရန္ေနာက္တြန႔္ေနမွာလည္းမဟုတ္ပါဘူး။
အာတီတာဟာ၂၀၁၆ခုႏွစ္မွ၂၀၁၉ခုႏွစ္အထိသုံးႏွစ္တိုင္တိုင္မန္စီးတီးအသင္းတြင္ဂြါဒီယိုလာရဲ႕ညာလက္႐ုံးအျဖစ္တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။
အာတီတာဟာမန္စီးတီးႏွင့္အတူျပည္တြင္းဖလားသုံးလုံးဆြတ္ခူးႏိုင္ၿပီးေနာက္ အသင္းေဟာင္းအာဆင္နယ္အသင္းကိုကိုင္တြယ္ရန္မန္စီးတီးမွထြက္ခြာသြားခဲ့ပါတယ္။
အာတီတာဟာအာဆင္နယ္ကိုစတင္ေရာက္တဲ့ပထမဆုံးႏွစ္တြင္အက္ဖ္ေအဖလားရရွိေအာင္ဦးေဆာင္ႏိုင္ခဲ့ၿပီးယခုရာသီတြင္အာဆင္နယ္ကိုပရီးမီးယားလိဂ္အမွတ္ေပးဇယားတြင္လက္ရွိခ်န္ပီယံမန္စီးတီးအား၅မွတ္ျဖတ္ကာစြမ္းေဆာင္ထားႏိုင္ပါတယ္။
အာဆင္နယ္ဟာယခုရာသီ မန္စီးတီးႏွင့္ပထမဆုံးထိပ္တိုက္ေတြ႕မႈအျဖစ္ အီတီဟတ္ကြင္းသို႔သြားေရာက္ကာဂြါဒီယိုလာရဲ႕အသင္းႏွင့္ရင္ဆိုင္ရပါမယ္။
ဂြါ့ဒီယိုလာက “တကယ္လို႔မ်ားက်ဳပ္သာထြက္ခဲ့ရင္သူေရာက္လာမွာေသခ်ာတယ္။ၿပီးရင္သူအေကာင္းဆုံးျဖစ္လာလိမ့္မယ္။ဒါေပမဲ့က်ဳပ္စာခ်ဳပ္သက္တမ္းတိုးခဲ့တယ္။စိတ္မေကာင္းပါဘူး။ၿပီးေတာ့သူလည္းေစာင့္ေနႏိုင္မွာမဟုတ္ဘူး။က်ဳပ္ကလည္းတစ္ေယာက္ေယာက္ကို ‘ငါနဲ႔ဆက္ေနပါကြာ’လို႔ေျပာမဲ့သူမ်ိဳးမဟုတ္ပါဘူး။လူတိုင္းမွာအိပ္မက္ကိုယ္စီကိုယ္ငွရွိၾကတယ္။သူဟာ ‘သူ႔ကလပ္၊သူ႔အိပ္မက္ေတြရဲ႕ကလပ္၊သူခ်စ္တဲ့ကလပ္’သို႔သြားခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။
မီေခးလ္အာတီတာဟာယခုရာသီတြင္အာဆင္နယ္ရဲ႕ပြဲစဥ္မ်ားတြင္ကြင္းေဘးစည္းအတြင္းေဒါသတႀကီးျပဳမႈတဲ့အျပဳအမႈမ်ားေၾကာင့္ေဝဖန္မႈမ်ားႏွင့္ႀကဳံေတြ႕ေနရသူလည္းျဖစ္ပါတယ္။
မန္စီးတီးနည္းျပဂြါဒီယိုလာကယေန႔ညပြဲစဥ္တြင္ကြင္းေဘးနည္းစနစ္ဧရိယာတြင္အာတီတာႏွင့္မည္သည့္အရာမဆိုျဖစ္လာႏိုင္ေၾကာင္းဆိုသြားပါတယ္။