မိမိသာ ဘာကာဥက္ကဌအဖြစ်ရွေးချယ်မခံရလျှင် မက်ဆီ ထွက်ခွာလိမ့်မည်ဟု လာပေါ်တာပြောကြား

ဂျိုဟန်လာပေါ်တာကယခုလတွင်ပြုလုပ်မယ့်ဘာစီလိုနာဥက္ကဌရွေးကောက်ပွဲတွင် မိမိသာ အနိုင်မရရှိပါကမက်ဆီမှာဘာစီလိုနာမှထွက်ခွာလိမ့်မည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

မက်ဆီဟာယခုရာသီအကုန်တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးနွေရာသီတွင်သူ့ရဲ့နျူးကမ့် ကစားသမားဘဝအဆုံးသတ်လိမ့်မယ်လို့ယူဆခြင်းခံထားရပါတယ်။

ဒါပေမယ့်လာပေါ်တာက၎င်းမှာမက်ဆီကိုဘာစီလိုနာတွင်ဆက်ကစားရန်ဖြောင်းဖျနိုင်လိမ့်မယ်လို့ယုံကြည်နေ ပါတယ်။လာပေါ်တာဟာဗစ်တာဖောင့်၊တိုနီဖရိုင်ဇာတို့နဲ့အတူလာမယ့်မတ်လ၈ရက်နေ့တွင်ဘာစီလိုနာဥက္ကဌ သစ်ရွေးကောက်ပွဲယှဉ်ပြိုင်ရပါမယ်။

လာပေါ်တာက “ကျွန်တော်မဟုတ်တဲ့အခြားသူဘာစီလိုနာဥက္ကဌအဖြစ်ရွေးကောက်ခံရရင်မက်ဆီဒီကလပ်မှာ ဆက်ရှိနေမှာမဟုတ်ပါဘူး။ကျွန်တော့်မှာသူနဲ့အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။အပြန်အလှန်လေး စားမှုတွေအများကြီးရှိပါတယ်။ကျွန်တော်တို့ကလည်းသူ့ကိုကလပ်ရဲ့အခြေအနေအပေါ်မူတည်ပြီးကမ်းလှမ်းမှု ပြုလုပ်သွားပါမယ်။ကျွန်တော်တို့မှာငွေကြေးတောင့်တင့်မှုမရှိနိုင်တာမျိုးဖြစ်နိုင်ပေမယ့်မက်ဆီကငွေမျက်နှာ ကြည့်ပြီးဆုံးဖြတ်မှာမဟုတ်ပါဘူး။သူကထိပ်တန်းအဆင့်မှာဘဲကစားသမားဘဝအဆုံးသတ်ချင်တဲ့သူဖြစ်ပါ တယ်”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင်မက်ဆီကိုခေါ်ယူရန်မန်စီးတီး၊ပီအက်စ်ဂျီ၊အင်တာမီလန်တို့ကစိတ်ဝင်စားလျက်ရှိပါတယ်။

ZawGyi

မိမိသာ ဘာကာဥကၠဌအျဖစ္ေ႐ြးခ်ယ္မခံရလွ်င္ မက္ဆီ ထြက္ခြာလိမ့္မည္ဟု လာေပၚတာေျပာၾကား

ဂ်ိဳဟန္လာေပၚတာကယခုလတြင္ျပဳလုပ္မယ့္ဘာစီလိုနာဥကၠဌေ႐ြးေကာက္ပြဲတြင္ မိမိသာ အႏိုင္မရရွိပါကမက္ဆီမွာဘာစီလိုနာမွထြက္ခြာလိမ့္မည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

မက္ဆီဟာယခုရာသီအကုန္တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးေႏြရာသီတြင္သူ႔ရဲ႕န်ဴးကမ့္ ကစားသမားဘဝအဆုံးသတ္လိမ့္မယ္လို႔ယူဆျခင္းခံထားရပါတယ္။

ဒါေပမယ့္လာေပၚတာက၎မွာမက္ဆီကိုဘာစီလိုနာတြင္ဆက္ကစားရန္ေျဖာင္းဖ်ႏိုင္လိမ့္မယ္လို႔ယုံၾကည္ေန ပါတယ္။လာေပၚတာဟာဗစ္တာေဖာင့္၊တိုနီဖ႐ိုင္ဇာတို႔နဲ႔အတူလာမယ့္မတ္လ၈ရက္ေန႔တြင္ဘာစီလိုနာဥကၠဌ သစ္ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္ရပါမယ္။

လာေပၚတာက “ကြၽန္ေတာ္မဟုတ္တဲ့အျခားသူဘာစီလိုနာဥကၠဌအျဖစ္ေ႐ြးေကာက္ခံရရင္မက္ဆီဒီကလပ္မွာ ဆက္ရွိေနမွာမဟုတ္ပါဘူး။ကြၽန္ေတာ့္မွာသူနဲ႔အလြန္ေကာင္းမြန္တဲ့ဆက္ဆံေရးရွိပါတယ္။အျပန္အလွန္ေလး စားမႈေတြအမ်ားႀကီးရွိပါတယ္။ကြၽန္ေတာ္တို႔ကလည္းသူ႔ကိုကလပ္ရဲ႕အေျခအေနအေပၚမူတည္ၿပီးကမ္းလွမ္းမႈ ျပဳလုပ္သြားပါမယ္။ကြၽန္ေတာ္တို႔မွာေငြေၾကးေတာင့္တင့္မႈမရွိႏိုင္တာမ်ိဳးျဖစ္ႏိုင္ေပမယ့္မက္ဆီကေငြမ်က္ႏွာ ၾကည့္ၿပီးဆုံးျဖတ္မွာမဟုတ္ပါဘူး။သူကထိပ္တန္းအဆင့္မွာဘဲကစားသမားဘဝအဆုံးသတ္ခ်င္တဲ့သူျဖစ္ပါ တယ္”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္မက္ဆီကိုေခၚယူရန္မန္စီးတီး၊ပီအက္စ္ဂ်ီ၊အင္တာမီလန္တို႔ကစိတ္ဝင္စားလ်က္ရွိပါတယ္။