
ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ကိုအိုးထရက်ဖို့ဒ်မှထွက်ခွာရအောင်တွန်းလုပ်ဆောင်ခဲ့တဲ့မန်ချက်စတာယူနိုက်တက်နှင့်နည်းပြအဲရစ်တန်ဟက်တို့ကို ပီယာမော်ဂန်နှင့်အင်တာဗျူးတွင်အပြင်းအထန်ဝေဖန်သွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်ဝင်ခွင့်မရမှုကြောင့်နွေရာသီတုန်းကယူနိုက်တက်မှထွက်ခွာရန်ကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ်။
သူဟာယခုရာသီတွင်နည်းပြအဲရစ်တန်ဟက်လက်အောက်တွင်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်ရမှုနှင့်အတူဝေဖန်မှုများနှင့်ကြုံနေရပါတယ်။တဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်ယူနိုက်တက်တွင်ပွဲထွက်ခွင့်မရရှိဘဲအရန်ခုံမှာသာအများစုထိုင်နေရပါတယ်။
ယခုအခါမှာတော့သူဟာပီယာမော်ဂန်နှင့်အင်တာဗျူးတွင် သူ့ကိုနွေရာသီတွင်ယူနိုက်တက်မှထွက်ခွာရအောင် ယူနိုက်တက်တာဝန်ရှိသူများနှင့်အဲရစ်တန်ဟက်တို့ ပြုလုပ်ခဲ့ကြကြောင်း၊သူ့အပေါ်တွင်မလေးစားတဲ့ အဲရစ်တန်ဟက်ကိုလည်းလေးစားမည်မဟုတ်ကြောင်းဖွင့်ချသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုက “ဟုတ်တယ်(အသင်းမှထွက်ခွာရအောင်လုပ်မှုအားမေးမြန်းလာချိန်တွင်)။သူ(တန်ဟက်)တစ်ဦးတည်းမဟုတ်ဘူး။ကလပ်က အခြားနှစ်ဦးသုံးဦးလည်းပါသေးတယ်။သစ္စာဖောက်ခံရသလိုခံစားရတယ်။တချို့လူတွေကကျုပ်ကိုဒီမှာမရှိစေချင်ဘူး။ဒီနှစ်မှမဟုတ်ဘူး။ပြီးခဲ့တဲ့နှစ်ကရောပဲ။”လို့ပြောကြားသွားပါတယ်။
အဲရစ်တန်ဟက်နှင့်ပတ်သက်ပြီးခရစ္စတီယာနိုရော်ယ်ဒိုက “ကျုပ်ကိုလေးစားကြောင်းမပြတော့သူ့(အဲရစ်တန်ဟက်)ကိုလည်းမလေးစားဘူး။ကျုပ်ကိုမလေးစားရင်ဘယ်သူ့ကိုမှလည်းလေးစားနေမှာမဟုတ်ဘူး”လို့ပြောကြားသွားပါတယ်။
မိနစ်၉၀ကြာမြင့်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပီယာမော်ဂန်နှင့်အင်တာဗျူးကို လာမယ့်ဗုဒ္ဓဟူးနေ့နှင့်ကြာသပတေးနေ့တို့တွင်ထုတ်လွှင့်လာပါတယ်။
ဆက်လက်ပြီးခရစ္စတီယာနိုရော်နယ်ဒိုကယူနိုက်တက်မှာမန်စီးတီးရဲ့အနေအထားမျိုးသို့ ရောက်လာမည်မဟုတ်လို့ ဆရာဟောင်းဖြစ်သူဆာအဲလက်စ်ဖာဂူဆန်မြင်သကဲ့သို့ပင်သူလည်းမြင်ကြောင်းဆိုသွားပါသေးတယ်။
၎င်းက “ပရိသတ်တွေအမှန်တရားကိုသိသင့်တယ်လို့ထင်တယ်။ဒီကလပ်အတွက်ကျုပ်ကအကောင်းဆုံးပဲဖြစ်စေချင်တာပါ။ဒါကြောင့်လည်းဒီကိုပြန်လာခဲ့တာ။ဆာအဲလက်စ်ထွက်ခွာသွားပြီးနောက်ပိုင်းဘာတိုးတက်ပြောင်းလဲမှုမှမရှိဘူး။ဘာမှလည်းမပြောင်းလဲခဲ့ဘူး။မန်ချက်စတာယူနိုက်တက်ကိုချစ်တယ်။ပရိသတ်တွေကိုချစ်တယ်။သူတို့ကျုပ်ဘက်ကနေအမြဲရှိလာခဲ့ကြတာ။ဒါပေမဲ့တကယ်လို့သူတို့သာကွဲပြားအောင်လုပ်ချင်ရင်သူတို့ပြောင်းလဲလို့ရတာတွေအများကြီး။သူ(ဖာဂူဆန်)ကကလပ်ဟာထိုက်တန်တဲ့လမ်းကြောင်းပေါ်မှာမရှိဘူးဆိုတာအခြားသူတွေထက်ပိုသိတယ်။သူသိတယ်။လူတိုင်းလည်းသိတယ်။ဒါကိုမမြင်တဲ့သူတွေက အောင်မြင်တာကိုမလိုချင်တဲ့သူ၊ ကန်းနေတဲ့သူတွေပါ”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်ယင်းအင်တာဗျူးတွင်ခရစ္စတီယာနိုရော်နယ်ဒိုကဆိုးလ်ရှားနေရာတွင်အစားထိုးခံရတဲ့ ရေးဖ်ရန်းနစ်ခ်နှင့်ပတ်သက်ပြီးလုံးဝမသိခဲ့ကြောင်းလည်းဆိုသွားပါတယ်။
၎င်းက “နည်းပြတစ်ဦးတောင်မဖြစ်ဘူးဆိုတော့ဘယ်လိုလုပ်ပြီးမန်ချက်စတာယူနိုက်တက်ရဲ့ဘော့စ်ဖြစ်လာတာလဲ။သူ့အကြောင်းလုံးဝမကြောင်းဖူးခဲ့ဘူး”လို့ဆိုသွားပါတယ်။
ZawGyi
မိမိအေပၚ မေလးစားတဲ့ အဲရစ္တန္ဟက္ကို ေလးစားမည္မဟုတ္လို႔ အင္တာဗ်ဴးတြင္ ခရစၥတီယာႏိုေရာ္နယ္ဒို ဖြင့္ေျပာလာ
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ကိုအိုးထရက္ဖို႔ဒ္မွထြက္ခြာရေအာင္တြန္းလုပ္ေဆာင္ခဲ့တဲ့မန္ခ်က္စတာယူႏိုက္တက္ႏွင့္နည္းျပအဲရစ္တန္ဟက္တို႔ကို ပီယာေမာ္ဂန္ႏွင့္အင္တာဗ်ဴးတြင္အျပင္းအထန္ေဝဖန္သြားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာခ်န္ပီယံလိဂ္ဝင္ခြင့္မရမႈေၾကာင့္ေႏြရာသီတုန္းကယူႏိုက္တက္မွထြက္ခြာရန္ႀကိဳးပမ္းခဲ့သူလည္းျဖစ္ပါတယ္။
သူဟာယခုရာသီတြင္နည္းျပအဲရစ္တန္ဟက္လက္ေအာက္တြင္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ရမႈႏွင့္အတူေဝဖန္မႈမ်ားႏွင့္ႀကဳံေနရပါတယ္။တဖက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီတြင္ယူႏိုက္တက္တြင္ပြဲထြက္ခြင့္မရရွိဘဲအရန္ခုံမွာသာအမ်ားစုထိုင္ေနရပါတယ္။
ယခုအခါမွာေတာ့သူဟာပီယာေမာ္ဂန္ႏွင့္အင္တာဗ်ဴးတြင္ သူ႔ကိုေႏြရာသီတြင္ယူႏိုက္တက္မွထြက္ခြာရေအာင္ ယူႏိုက္တက္တာဝန္ရွိသူမ်ားႏွင့္အဲရစ္တန္ဟက္တို႔ ျပဳလုပ္ခဲ့ၾကေၾကာင္း၊သူ႔အေပၚတြင္မေလးစားတဲ့ အဲရစ္တန္ဟက္ကိုလည္းေလးစားမည္မဟုတ္ေၾကာင္းဖြင့္ခ်သြားပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုက “ဟုတ္တယ္(အသင္းမွထြက္ခြာရေအာင္လုပ္မႈအားေမးျမန္းလာခ်ိန္တြင္)။သူ(တန္ဟက္)တစ္ဦးတည္းမဟုတ္ဘူး။ကလပ္က အျခားႏွစ္ဦးသုံးဦးလည္းပါေသးတယ္။သစၥာေဖာက္ခံရသလိုခံစားရတယ္။တခ်ိဳ႕လူေတြကက်ဳပ္ကိုဒီမွာမရွိေစခ်င္ဘူး။ဒီႏွစ္မွမဟုတ္ဘူး။ၿပီးခဲ့တဲ့ႏွစ္ကေရာပဲ။”လို႔ေျပာၾကားသြားပါတယ္။
အဲရစ္တန္ဟက္ႏွင့္ပတ္သက္ၿပီးခရစၥတီယာႏိုေရာ္ယ္ဒိုက “က်ဳပ္ကိုေလးစားေၾကာင္းမျပေတာ့သူ႔(အဲရစ္တန္ဟက္)ကိုလည္းမေလးစားဘူး။က်ဳပ္ကိုမေလးစားရင္ဘယ္သူ႔ကိုမွလည္းေလးစားေနမွာမဟုတ္ဘူး”လို႔ေျပာၾကားသြားပါတယ္။
မိနစ္၉၀ၾကာျမင့္တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ပီယာေမာ္ဂန္ႏွင့္အင္တာဗ်ဴးကို လာမယ့္ဗုဒၶဟူးေန႔ႏွင့္ၾကာသပေတးေန႔တို႔တြင္ထုတ္လႊင့္လာပါတယ္။
ဆက္လက္ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုကယူႏိုက္တက္မွာမန္စီးတီးရဲ႕အေနအထားမ်ိဳးသို႔ ေရာက္လာမည္မဟုတ္လို႔ ဆရာေဟာင္းျဖစ္သူဆာအဲလက္စ္ဖာဂူဆန္ျမင္သကဲ့သို႔ပင္သူလည္းျမင္ေၾကာင္းဆိုသြားပါေသးတယ္။
၎က “ပရိသတ္ေတြအမွန္တရားကိုသိသင့္တယ္လို႔ထင္တယ္။ဒီကလပ္အတြက္က်ဳပ္ကအေကာင္းဆုံးပဲျဖစ္ေစခ်င္တာပါ။ဒါေၾကာင့္လည္းဒီကိုျပန္လာခဲ့တာ။ဆာအဲလက္စ္ထြက္ခြာသြားၿပီးေနာက္ပိုင္းဘာတိုးတက္ေျပာင္းလဲမႈမွမရွိဘူး။ဘာမွလည္းမေျပာင္းလဲခဲ့ဘူး။မန္ခ်က္စတာယူႏိုက္တက္ကိုခ်စ္တယ္။ပရိသတ္ေတြကိုခ်စ္တယ္။သူတို႔က်ဳပ္ဘက္ကေနအၿမဲရွိလာခဲ့ၾကတာ။ဒါေပမဲ့တကယ္လို႔သူတို႔သာကြဲျပားေအာင္လုပ္ခ်င္ရင္သူတို႔ေျပာင္းလဲလို႔ရတာေတြအမ်ားႀကီး။သူ(ဖာဂူဆန္)ကကလပ္ဟာထိုက္တန္တဲ့လမ္းေၾကာင္းေပၚမွာမရွိဘူးဆိုတာအျခားသူေတြထက္ပိုသိတယ္။သူသိတယ္။လူတိုင္းလည္းသိတယ္။ဒါကိုမျမင္တဲ့သူေတြက ေအာင္ျမင္တာကိုမလိုခ်င္တဲ့သူ၊ ကန္းေနတဲ့သူေတြပါ”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္ယင္းအင္တာဗ်ဴးတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုကဆိုးလ္ရွားေနရာတြင္အစားထိုးခံရတဲ့ ေရးဖ္ရန္းနစ္ခ္ႏွင့္ပတ္သက္ၿပီးလုံးဝမသိခဲ့ေၾကာင္းလည္းဆိုသြားပါတယ္။
၎က “နည္းျပတစ္ဦးေတာင္မျဖစ္ဘူးဆိုေတာ့ဘယ္လိုလုပ္ၿပီးမန္ခ်က္စတာယူႏိုက္တက္ရဲ႕ေဘာ့စ္ျဖစ္လာတာလဲ။သူ႔အေၾကာင္းလုံးဝမေၾကာင္းဖူးခဲ့ဘူး”လို႔ဆိုသြားပါတယ္။