မိမိအား မည်သူမျှ ရပ်တန့်နိုင်မည်မဟုတ်ဟု ဒိန်းမတ်ကို အင်္ဂလန်ကပ္ပတိန်ကိန်းသတိပေး

အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းက၎င်းမှာမည်သည့်နည်းနှင့်မျှရပ်တန့်မရသူဖြစ်နေပြီဖြစ်ကြောင်းပြောကြားကာယနေ့ညတွင်ယူရိုဆီမီးတွင်ရင်ဆိုင်ရမယ့်ဒိန်းမတ်အားသတိပေးပြောကြားလိုက်ပါတယ်။

အင်္ဂလန်ဟာယနေ့ညတွင်ဝင်ဘာလေကွင်းမှာဒိန်းမတ်အသင်းနှင့်ရင်ဆိုင်ရမှာဖြစ်ပါတယ်။အင်္ဂလန်ဟာ၅၅နှစ်တာကာလအတွင်းတွင်ပထမဆုံးဗိုလ်လုပွဲသို့တက်ရောက်နိုင်မယ့်အခွင့်အလမ်းကောင်းပိုင်ဆိုင်နေပါတယ်။

အသက်၂၇နှစ်ရှိအင်္ဂလန်အသင်းခေါင်းဆောင်ဟာယူရို၂၀၂၀ပြိုင်ပွဲတွင်သုံးဂိုးသွင်းယူထားနိုင်သူဖြစ်ပြီးဂိုးများဆက်လက်သွင်းယူရန်ပရိသတ်များရဲ့တိုက်တွန်းခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ယခုအခါဟယ်ရီကိန်းကလည်း “ရိုးရိုးသားသားပြောရရင်တားဆီးနိုင်မှာမဟုတ်ပါဘူး။ကျွန်တော့်ကိုရပ်တန့်လို့ရပ်ပေမယ့်အခြားကစားသမားကောင်းတွေလည်းရှိပါတယ်။သူတို့ကခင်ဗျားတို့ကိုဒုက္ခပေးပါလိမ့်မယ်။ကစားနေတဲ့အချိန်မှာအကောင်းဆုံးပုံစံရနေတယ်လို့ခံစားရပါတယ်။ကိုယ်တိုင်ဂိုးသွင်းရင်လည်းမသွင်းနိုင်ရန်အခြားသူတွေအတွက်ဖန်တီးနိုင်တယ်လို့အမြဲခံစားရပါတယ်။ဒိန်းမတ်ပွဲမှာလည်းလုပ်ဆောင်လာနိုင်ဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ယနေ့ညတွင်ဝင်ဘာလေကွင်းမှာကစားမယ့်ပွဲစဉ်အားပရိသတ်၆၀၀၀၀ကြည့်ရှုနိုင်မှာဖြစ်ပြီးအိမ်ရှင်အားသာချက်ရှိနေတဲ့အင်္ဂလန်ကအသာစီးရရှိနေပါတယ်။

အင်္ဂလန်ဟာ၁၉၆၆ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်နိုင်ငံတကာပြိုင်ပွဲကြီးများတွင်ဆီမီးဖိုင်နယ်ကိုကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိပါဘူး။

ZawGyi

မိမိအား မည္သူမွ် ရပ္တန႔္ႏိုင္မည္မဟုတ္ဟု ဒိန္းမတ္ကို အဂၤလန္ကပၸတိန္ကိန္းသတိေပး

အဂၤလန္တိုက္စစ္မႉးဟယ္ရီကိန္းက၎မွာမည္သည့္နည္းႏွင့္မွ်ရပ္တန႔္မရသူျဖစ္ေနၿပီျဖစ္ေၾကာင္းေျပာၾကားကာယေန႔ညတြင္ယူ႐ိုဆီမီးတြင္ရင္ဆိုင္ရမယ့္ဒိန္းမတ္အားသတိေပးေျပာၾကားလိုက္ပါတယ္။

အဂၤလန္ဟာယေန႔ညတြင္ဝင္ဘာေလကြင္းမွာဒိန္းမတ္အသင္းႏွင့္ရင္ဆိုင္ရမွာျဖစ္ပါတယ္။အဂၤလန္ဟာ၅၅ႏွစ္တာကာလအတြင္းတြင္ပထမဆုံးဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္မယ့္အခြင့္အလမ္းေကာင္းပိုင္ဆိုင္ေနပါတယ္။

အသက္၂၇ႏွစ္ရွိအဂၤလန္အသင္းေခါင္းေဆာင္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္သုံးဂိုးသြင္းယူထားႏိုင္သူျဖစ္ၿပီးဂိုးမ်ားဆက္လက္သြင္းယူရန္ပရိသတ္မ်ားရဲ႕တိုက္တြန္းျခင္းခံေနရသူလည္းျဖစ္ပါတယ္။

ယခုအခါဟယ္ရီကိန္းကလည္း “႐ိုး႐ိုးသားသားေျပာရရင္တားဆီးႏိုင္မွာမဟုတ္ပါဘူး။ကြၽန္ေတာ့္ကိုရပ္တန႔္လို႔ရပ္ေပမယ့္အျခားကစားသမားေကာင္းေတြလည္းရွိပါတယ္။သူတို႔ကခင္ဗ်ားတို႔ကိုဒုကၡေပးပါလိမ့္မယ္။ကစားေနတဲ့အခ်ိန္မွာအေကာင္းဆုံးပုံစံရေနတယ္လို႔ခံစားရပါတယ္။ကိုယ္တိုင္ဂိုးသြင္းရင္လည္းမသြင္းႏိုင္ရန္အျခားသူေတြအတြက္ဖန္တီးႏိုင္တယ္လို႔အၿမဲခံစားရပါတယ္။ဒိန္းမတ္ပြဲမွာလည္းလုပ္ေဆာင္လာႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ယေန႔ညတြင္ဝင္ဘာေလကြင္းမွာကစားမယ့္ပြဲစဥ္အားပရိသတ္၆၀၀၀၀ၾကည့္ရႈႏိုင္မွာျဖစ္ၿပီးအိမ္ရွင္အားသာခ်က္ရွိေနတဲ့အဂၤလန္ကအသာစီးရရွိေနပါတယ္။

အဂၤလန္ဟာ၁၉၆၆ကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္ႏိုင္ငံတကာၿပိဳင္ပြဲႀကီးမ်ားတြင္ဆီမီးဖိုင္နယ္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။