မိသားစုပိုင် စူပါမားကက်တိုက်ခိုက်ခံရကာ ခြိမ်းခြောက်စာရေးသားခံခဲ့ရတဲ့ လီယွန်နယ်မက်ဆီ

သေနတ်သမားများဟာလီယွန်နယ်မက်ဆီရဲ့ဇနီးသည်အန်တိုနီလာရိုကူဇိုရဲ့မိသားစုပိုင်အာဂျင်တီးနားရှိစူပါမားကက်ကိုတိုက်ခိုက်မှုပြုလုပ်ပြီးခြိမ်းခြောက်စာရေးသားခဲ့ကြပါတယ်။

စီစီတီဗွီရုပ်သံမှတ်တမ်းများအရဆိုင်ကယ်ဖြင့်ရောက်လာတဲ့သေနတ်သမားနှစ်ဦးတို့ဟာ ရိုဆာရီယိုရှိစူပါမားကက်ရဲ့သံမဏိတံခါးနှင့်မှန်ပြတင်းပေါက်တို့ကိပစ်ခတ်ခဲ့ကြပါတယ်။

၎င်းတို့ဟာစူပါမားကက်ကိုသေနတ်ဖြင့်သေနတ်ဖြင့်ခြောက်ချက်ခန့်ပစ်ပြီးနောက် လက်ဖြင့်ရေးသားထားတဲ့စာတစ်စောင်ထားရစ်ခဲ့ပါတယ်။

ယင်းစာထဲတွင် “မက်ဆီ၊ငါတို့မင်းကိုစောင့်နေမယ်။ဂျာကင်ကမူးယစ်ဆေးဝါးကုန်ကူးတဲ့ကောင်။သူကမင်းကိုအကာအကွယ်ပေးမှာမဟုတ်ဘူး”လို့ရေးသားထားပါတယ်။ယင်းစာကိုမီးသွေးဖြင့်ရေးသားထားတာဖြစ်ပါတယ်။

ပါဘလိုဂျာကင်မှာရိုဆာရီယိုမြို့တော်ဝန်ဖြစ်ပါတယ်။

ဒေသခံရုပ်သံသတင်းဌာနရဲ့ဖော်ပြချက်အရအဆိုပါဒုစရိုက်သမားများဟာBallon d’Or ခုနှဏ်ကြိမ်ရမက်ဆီထံမှငွေညှစ်လိုနေကြောင်းဖော်ပြနေပါတယ်။

ယင်းစူပါမားကက်အမည်မှာ Supermercado ဖြစ်ပြီးအန်တိုနီလာမိသားစုပိုင်ဖြစ်ပါတယ်။ယင်းစူပါမားကက်ကိုသူမရဲ့မောင်နှမဝမ်းကွဲတစ်ဦးကကြီးကြပ်ခေါင်းဆောင်လုပ်ဆောင်နေပါတယ်။

မက်ဆီဟာရိုဆာရီယိုသားတစ်ဦးဖြစ်ပြီးယင်းမြို့တွင် ‘The Fortress’အမည်ရှိနေအိမ်ကြီးတစ်လုံးပိုင်ဆိုင်ပါတယ်။ယင်းနေအိမ်တွင်ကား၁၅စီးဆန့်မြေအောက်ကားပါကင်၊ရုပ်ရှင်ရုံ၊အားကစားခန်းမ၊လုံခြုံရေးအပြည့်ချထားတဲ့တံခါးဂိတ်တို့ပါဝင်ပါတယ်။

မက်ဆီနှင့်အန်တိုနီလာတို့ဟာ၂၀၁၇ခုနှစ်၊ဇွန်လတုန်းကရိုဆာရီယိုရှိ City Centre Hotel and Casino တွင်မင်္ဂလာပွဲကျင်းပခဲ့ကြတာဖြစ်ပါတယ်။

Zawgyi

မိသားစုပိုင္ စူပါမားကက္တိုက္ခိုက္ခံရကာ ၿခိမ္းေျခာက္စာေရးသားခံခဲ့ရတဲ့ လီယြန္နယ္မက္ဆီ

ေသနတ္သမားမ်ားဟာလီယြန္နယ္မက္ဆီရဲ႕ဇနီးသည္အန္တိုနီလာ႐ိုကူဇိုရဲ႕မိသားစုပိုင္အာဂ်င္တီးနားရွိစူပါမားကက္ကိုတိုက္ခိုက္မႈျပဳလုပ္ၿပီးၿခိမ္းေျခာက္စာေရးသားခဲ့ၾကပါတယ္။

စီစီတီဗြီ႐ုပ္သံမွတ္တမ္းမ်ားအရဆိုင္ကယ္ျဖင့္ေရာက္လာတဲ့ေသနတ္သမားႏွစ္ဦးတို႔ဟာ ႐ိုဆာရီယိုရွိစူပါမားကက္ရဲ႕သံမဏိတံခါးႏွင့္မွန္ျပတင္းေပါက္တို႔ကိပစ္ခတ္ခဲ့ၾကပါတယ္။

၎တို႔ဟာစူပါမားကက္ကိုေသနတ္ျဖင့္ေသနတ္ျဖင့္ေျခာက္ခ်က္ခန႔္ပစ္ၿပီးေနာက္ လက္ျဖင့္ေရးသားထားတဲ့စာတစ္ေစာင္ထားရစ္ခဲ့ပါတယ္။

ယင္းစာထဲတြင္ “မက္ဆီ၊ငါတို႔မင္းကိုေစာင့္ေနမယ္။ဂ်ာကင္ကမူးယစ္ေဆးဝါးကုန္ကူးတဲ့ေကာင္။သူကမင္းကိုအကာအကြယ္ေပးမွာမဟုတ္ဘူး”လို႔ေရးသားထားပါတယ္။ယင္းစာကိုမီးေသြးျဖင့္ေရးသားထားတာျဖစ္ပါတယ္။

ပါဘလိုဂ်ာကင္မွာ႐ိုဆာရီယိုၿမိဳ႕ေတာ္ဝန္ျဖစ္ပါတယ္။

ေဒသခံ႐ုပ္သံသတင္းဌာနရဲ႕ေဖာ္ျပခ်က္အရအဆိုပါဒုစ႐ိုက္သမားမ်ားဟာBallon d’Or ခုႏွဏ္ႀကိမ္ရမက္ဆီထံမွေငြညႇစ္လိုေနေၾကာင္းေဖာ္ျပေနပါတယ္။

ယင္းစူပါမားကက္အမည္မွာ Supermercado ျဖစ္ၿပီးအန္တိုနီလာမိသားစုပိုင္ျဖစ္ပါတယ္။ယင္းစူပါမားကက္ကိုသူမရဲ႕ေမာင္ႏွမဝမ္းကြဲတစ္ဦးကႀကီးၾကပ္ေခါင္းေဆာင္လုပ္ေဆာင္ေနပါတယ္။

မက္ဆီဟာ႐ိုဆာရီယိုသားတစ္ဦးျဖစ္ၿပီးယင္းၿမိဳ႕တြင္ ‘The Fortress’အမည္ရွိေနအိမ္ႀကီးတစ္လုံးပိုင္ဆိုင္ပါတယ္။ယင္းေနအိမ္တြင္ကား၁၅စီးဆန႔္ေျမေအာက္ကားပါကင္၊႐ုပ္ရွင္႐ုံ၊အားကစားခန္းမ၊လုံၿခဳံေရးအျပည့္ခ်ထားတဲ့တံခါးဂိတ္တို႔ပါဝင္ပါတယ္။

မက္ဆီႏွင့္အန္တိုနီလာတို႔ဟာ၂၀၁၇ခုႏွစ္၊ဇြန္လတုန္းက႐ိုဆာရီယိုရွိ City Centre Hotel and Casino တြင္မဂၤလာပြဲက်င္းပခဲ့ၾကတာျဖစ္ပါတယ္။