မိသားစုရဲ့တောင်းဆိုမှုကြောင့် ရုရှားကလပ်ကို တစ်ပွဲမျှ မကိုင်တွယ်ရသေးဘဲ နုတ်ထွက်လိုက်တဲ့ နော့ဝှစ်ချ်နည်းပြဟောင်း

နော့ဝှစ်ချ်နည်းပြဟောင်းဒါနီရယ်ဖာကီဟာရုရှားကလပ်ခရက်စ်နော်ဒါကို တစ်ပွဲမျှမကိုင်တွယ်ရသေးမီ ရာထူးမှနုတ်ထွက်လိုက်ပါတယ်။

အသက်၄၅နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာနိုဝင်ဘာလတုန်းကနော့ဝှစ်ချ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပြီးဇန်နဝါရီလတုန်းက၂၀၂၄ခုနှစ်အထိစာချုပ်ဖြင့်ခရက်စ်နိုဒါကိုကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ ရုရှားကအိမ်နီးချင်းယူကရိန်းကိုအနိုင်ကျင့်ကျူးကျော်မှုနဲ့အတူသူနဲ့နည်းပြအဖွဲ့ဝင်များဟာခရက်စ်နိုဒါနှင့်စာချုပ်ကိုဖျက်သိမ်းမှုပြုလုပ်လာပါတယ်။

ဖီကီဟာခရက်စ်နိုဒါအသင်းကိုတစ်ပွဲမျှမကိုင်တွယ်ရသေးပါဘူး။ခရက်စ်နိုဒါဟာလာမယ့်တနင်္လာနေ့မှာအူရယ်နှင့်ရာသီအဖွင့်ပွဲကစားရပါမယ်။

ဂျာမန်သတင်းစာ Kicker ရဲ့ဖော်ပြမှုအရ ဖာကီဟာမိသားစုဝင်များကရုရှားကလပ်တွင်အလုပ်မလုပ်ရန်တောင်းဆိုလာမှုကြောင့်နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

သူ့မတိုင်မီဂျာမန်လူမျိုးနည်းပြတစ်ဦးဖြစ်တဲ့မားကပ်စ်ဂက်စ်ဒိုလ်ဟာလည်း လိုကိုမိုးတစ်မော်စကိုနည်းပြရာထူးမှနုတ်ထွက်ခဲ့ပါတယ်။ဂက်စ်ဒိုလ်ဟာလိုကိုမိုးတစ်ကို၁၂ပွဲကိုင်တွယ်ပြီးမှနုတ်ထွက်လိုက်တာပါ။

ZawGyi

မိသားစုရဲ႕ေတာင္းဆိုမႈေၾကာင့္ ႐ုရွားကလပ္ကို တစ္ပြဲမွ် မကိုင္တြယ္ရေသးဘဲ ႏုတ္ထြက္လိုက္တဲ့ ေနာ့ဝွစ္ခ်္နည္းျပေဟာင္း

ေနာ့ဝွစ္ခ်္နည္းျပေဟာင္းဒါနီရယ္ဖာကီဟာ႐ုရွားကလပ္ခရက္စ္ေနာ္ဒါကို တစ္ပြဲမွ်မကိုင္တြယ္ရေသးမီ ရာထူးမွႏုတ္ထြက္လိုက္ပါတယ္။

အသက္၄၅ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပဟာႏိုဝင္ဘာလတုန္းကေနာ့ဝွစ္ခ်္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရသူျဖစ္ၿပီးဇန္နဝါရီလတုန္းက၂၀၂၄ခုႏွစ္အထိစာခ်ဳပ္ျဖင့္ခရက္စ္ႏိုဒါကိုကိုင္တြယ္ခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့ ႐ုရွားကအိမ္နီးခ်င္းယူကရိန္းကိုအႏိုင္က်င့္က်ဴးေက်ာ္မႈနဲ႔အတူသူနဲ႔နည္းျပအဖြဲ႕ဝင္မ်ားဟာခရက္စ္ႏိုဒါႏွင့္စာခ်ဳပ္ကိုဖ်က္သိမ္းမႈျပဳလုပ္လာပါတယ္။

ဖီကီဟာခရက္စ္ႏိုဒါအသင္းကိုတစ္ပြဲမွ်မကိုင္တြယ္ရေသးပါဘူး။ခရက္စ္ႏိုဒါဟာလာမယ့္တနလၤာေန႔မွာအူရယ္ႏွင့္ရာသီအဖြင့္ပြဲကစားရပါမယ္။

ဂ်ာမန္သတင္းစာ Kicker ရဲ႕ေဖာ္ျပမႈအရ ဖာကီဟာမိသားစုဝင္မ်ားက႐ုရွားကလပ္တြင္အလုပ္မလုပ္ရန္ေတာင္းဆိုလာမႈေၾကာင့္ႏုတ္ထြက္ရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

သူ႔မတိုင္မီဂ်ာမန္လူမ်ိဳးနည္းျပတစ္ဦးျဖစ္တဲ့မားကပ္စ္ဂက္စ္ဒိုလ္ဟာလည္း လိုကိုမိုးတစ္ေမာ္စကိုနည္းျပရာထူးမွႏုတ္ထြက္ခဲ့ပါတယ္။ဂက္စ္ဒိုလ္ဟာလိုကိုမိုးတစ္ကို၁၂ပြဲကိုင္တြယ္ၿပီးမွႏုတ္ထြက္လိုက္တာပါ။