မိသားစုဝင်ရဲ့နေအိမ်ကို မျက်နှာဖုံးစွပ်လက်နက်ကိုင်များ ဝင်ရောက်လာမှုကြောင့် ဂါရတ်ဘေးလ်တုန်လှုပ်ခဲ့ရ

ဝေးလ်စတားဂါရတ်ဘေးလ်နှင့်ဇနီးသည်အမ်မာတို့ဟာ၎င်းတို့ရဲ့မိသားစုဝင်နေအိမ်သို့လက်နက်ကိုင်မျက်နှာဖုံးစွပ်များဝင်ရောက်စီးနင်းမှုကြောင့်အကြီးအကျယ်တုန်လှုပ်နေခဲ့ကြပါတယ်။

အမ်မာရဲ့အဒေါ်ဖြစ်သူနေအိမ်ကိုမျက်နှာဖုံးစွပ်လေးဦးတို့ဝင်ရောက်စီးနင်းခဲ့ကြတာလည်းဖြစ်ပါတယ်။ယင်းလေးဦးမှတစ်ဦးတွင်သေနတ်ကိုင်ဆောင်ထားကြောင်းသိရပါတယ်။

မျက်နှာဖုံးစွပ်လေးဦးတို့ဟာအမ်မာရဲ့အဒေါ်နေအိမ်ကိုစီးနင်းပြီးနောက် ဓားပြတိုက်ခဲ့တာဖြစ်ပြီး “ရွှေတွေဘယ်မှာလဲ။ရွှေတွေလိုချင်တယ်”လို့တောင်းဆိုခဲ့ပါတယ်။

လက်ရှိအချိန်တွင်ရဲတပ်ဖွဲ့ဝင်များဟာယင်းဓားပြများထဲမှတစ်ဦးကိုဖမ်းဆီးထားနိုင်ပြီဖြစ်ပြီးကျန်ဂိုဏ်းသားများကိုလည်းဖမ်းဆီးနိုင်ရန်ကြိုးပမ်းနေပါတယ်။

ဂါရတ်ဘေးလ်ရဲ့ဇနီးသည်ရဲ့အဒေါ်ဟာကိုယ်ပိုင်လုပ်ငန်းဖြင့်ရပ်တည်နေသူဖြစ်ပါတယ်။သူမဟာနေအိမ်တွင်ရွှေထားရှိမှုခြင်းမရှိမှုနဲ့အတူဓားပြများဟာလက်ဗလာဖြင့်ပြန်ခဲ့ရပါတယ်။

အမ်မာရဲ့အဒေါ်နေအိမ်ဟာနိုဝင်ဘာလ၂၉ရက်နေ့တုန်းကဓားပြတိုက်ခံခဲ့ရတာဖြစ်ပြီးလက်ရှိအချိန်တွင်ဝေးလ်မြောက်ပိုင်း၊အိပ်ခန်းသုံးခန်းပါနေအိမ်ကိုယာယီစွန့်ခွာထားပါတယ်။

ZawGyi






