မိသားစုအရေးကြောင့် အိမ်ပြန်ပြေးခဲ့ရပြီး ဆောက်သမ်တန်ရှုံးပွဲကို အူဘာမီယန်လွဲခဲ့

အူဘာမီယန်ဟာမနေ့ညတုန်းကဆောက်သမ်တန်အားရှုံးနိမ့်တဲ့အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မတိုင်မီ နာရီအနည်းငယ်အလိုတွင်မိသားစုအရေးကြောင့်အိမ်ပြန်ပြေးခဲ့ရကာလွဲချော်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

အသက်၃၁နှစ်ရှိအာဆင်နယ်အသင်းခေါင်းဆောင်ဟာမနေ့ညတုန်းကစိန့်မေရီမှာကစားတဲ့အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှာပွဲထွက်လာမယ်လို့ယူဆခြင်းခံခဲ့ရသူဖြစ်ပါတယ်။

သူဟာတနင်္လာနေ့တုန်းကနယူးကာဆယ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာနှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်အကောင်း ဆုံးပုံစံပြန်လည်ရရှိလာနေသူလည်းဖြစ်ပါတယ်။

သူဟာဆောက်သမ်တန်နှင့်ပွဲကစားရန်အသင်းနှင့်အတူရောက်ရှိလာခဲ့သော်လည်းကိုယ်ရေးကိုယ်တာကိစ္စရပ် ကြောင့်ပွဲမကစားနိုင်ခဲ့ဘဲအိမ်ပြန်ခဲ့ရပါတယ်။

အာတီတာက “နာရီအနည်းငယ်အလိုမှာသူ့မှာကိုယ်ရေးကိုယ်တာပြဿနာပေါ်လာပါတယ်။ဒါကြောင့်သူ့ကိုအိမ် ပြန်ပို့ခဲ့ရပါတယ်”လို့ဖွင့်ဟသွားပါတယ်။

လက်ရှိအချိန်မှာအူဘာမီယန်ရဲ့ကိုယ်ရေးကိုယ်တာပြဿနာမှာမည်သည့်ပြဿနာလဲဆိုတာမသိရသေးပါဘူး။အာဆင်နယ်ဟာအူဘာမီယန်မပါဝင်နိုင်မှုကြောင့်နကီတာ၊ဝီလီယန်နှင့်မာတင်နယ်လီတို့ကိုအသုံးပြုသွားခဲ့ပြီးဆောက် သမ်တန်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

အူဘာမီယန်ဟာယခုအပတ်အစောပိုင်းတုန်းကနယူးကာဆယ်နှင့်ပွဲစဉ်တွင်လည်းအိမ်သာတက်ချင်လာမှုကြောင့် လူစားလဲကာအဝတ်အစားလဲခန်းအိမ်သာသို့အမြန်ပေးခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

မိသားစုအေရးေၾကာင့္ အိမ္ျပန္ေျပးခဲ့ရၿပီး ေဆာက္သမ္တန္ရႈံးပြဲကို အူဘာမီယန္လြဲခဲ့

အူဘာမီယန္ဟာမေန႔ညတုန္းကေဆာက္သမ္တန္အားရႈံးနိမ့္တဲ့အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္မတိုင္မီ နာရီအနည္းငယ္အလိုတြင္မိသားစုအေရးေၾကာင့္အိမ္ျပန္ေျပးခဲ့ရကာလြဲေခ်ာ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၁ႏွစ္ရွိအာဆင္နယ္အသင္းေခါင္းေဆာင္ဟာမေန႔ညတုန္းကစိန႔္ေမရီမွာကစားတဲ့အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္မွာပြဲထြက္လာမယ္လို႔ယူဆျခင္းခံခဲ့ရသူျဖစ္ပါတယ္။

သူဟာတနလၤာေန႔တုန္းကနယူးကာဆယ္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္အေကာင္း ဆုံးပုံစံျပန္လည္ရရွိလာေနသူလည္းျဖစ္ပါတယ္။

သူဟာေဆာက္သမ္တန္ႏွင့္ပြဲကစားရန္အသင္းႏွင့္အတူေရာက္ရွိလာခဲ့ေသာ္လည္းကိုယ္ေရးကိုယ္တာကိစၥရပ္ ေၾကာင့္ပြဲမကစားႏိုင္ခဲ့ဘဲအိမ္ျပန္ခဲ့ရပါတယ္။

အာတီတာက “နာရီအနည္းငယ္အလိုမွာသူ႔မွာကိုယ္ေရးကိုယ္တာျပႆနာေပၚလာပါတယ္။ဒါေၾကာင့္သူ႔ကိုအိမ္ ျပန္ပို႔ခဲ့ရပါတယ္”လို႔ဖြင့္ဟသြားပါတယ္။

လက္ရွိအခ်ိန္မွာအူဘာမီယန္ရဲ႕ကိုယ္ေရးကိုယ္တာျပႆနာမွာမည္သည့္ျပႆနာလဲဆိုတာမသိရေသးပါဘူး။အာဆင္နယ္ဟာအူဘာမီယန္မပါဝင္ႏိုင္မႈေၾကာင့္နကီတာ၊ဝီလီယန္ႏွင့္မာတင္နယ္လီတို႔ကိုအသုံးျပဳသြားခဲ့ၿပီးေဆာက္ သမ္တန္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

အူဘာမီယန္ဟာယခုအပတ္အေစာပိုင္းတုန္းကနယူးကာဆယ္ႏွင့္ပြဲစဥ္တြင္လည္းအိမ္သာတက္ခ်င္လာမႈေၾကာင့္ လူစားလဲကာအဝတ္အစားလဲခန္းအိမ္သာသို႔အျမန္ေပးခဲ့ရသူလည္းျဖစ္ပါတယ္။