မိုက်ရှူးရဲစွာ ခုန်ပျံခေါင်းကန်ချက်ကြောင့် ပင်နယ်တီပေးခဲ့ရပြန်တဲ့ အဲရစ်ဘိုင်လီ

အဲရစ်ဘိုင်လီကအဲရစ်ဘိုင်လီအစစ်ပြန်ဖြစ်လာပြီလို့ဆိုရပါမယ်။အဲရစ်ဘိုင်လီဟာအိုင်ဗရီကို့စ်နှင့်ကင်မရွန်းတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာမိုက်ရှူးရဲစွာပြိုင်ဘက်ကစားသမားခေါင်းမတိုက်နိုင်အောင်ခုန်ပျံပြီးခေါင်းကိုကန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကမန်ယူအတွက်ကစားရတဲ့ပွဲတွေမှာအကောင်းဆုံးပုံစံပြသနိုင်လို့မန်ယူပရိသတ်ရဲ့မေတ္တာရရှိခဲ့တဲ့ဘိုင်လီဟာယခုရာသီမှာတော့ရာဖေးလ်ဗာရိန်းရောက်လာမှုနဲ့အတူနေရာရရှိရေးရုန်းကန်ရပါတော့မယ်။

ကောင်းလိုက်ဆိုးလိုက်ဖြစ်နေတဲ့အဲရစ်ဘိုင်လီရဲ့သရုပ်မှန်ပြန်ပေါ်လာပြန်ပါပြီ။

သူဟာအိုင်ဗရီကို့စ်အတွက်ကစားစဉ်မှာသူ့ရဲ့ရှူးမိုက်တဲ့လုပ်ရပ်ကြောင့်အသင်းရဲ့နိုင်ပွဲ ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့ရပါတယ်။

အသက်၂၇နှစ်ရှိနောက်ခံလူဟာမြှောက်တက်နေတဲ့ဘောလုံးကိုမမှီဘဲခုန်ကန်ခဲ့ရာမှာဘောလုံးကိုမထိဘဲကင်မရာတိုက်စစ်မှူးကားလ်တိုကိုအီကမ်ဘီရဲ့ခေါင်းကိုသာကန်မိခဲ့ပါတယ်။

ယင်းအချိန်မှာအိုင်ဗရီကို့စ်ဟာကင်မရာကို၂-၀ဂိုးဖြင့်ဦးဆောင်နေခဲ့တာဖြစ်ပြီးဘိုင်လီရဲ့ရှုးမိုက်တဲ့လုပ်ရပ်ကြောင့်အိုင်ဗရီကို့စ်တို့ပင်နယ်တီပေးခဲ့ရပါတယ်။ကံကောင်းချင်တော့အိုင်ဗရီကို့စ်ဟာအနိုင်ကိုထိန်းထားနိုင်ခဲ့ပြီးအုပ်စု(ဃ)ရဲ့ထိပ်ဆုံးနေရာမှာရပ်တည်ထားနိုင်ပါတယ်။

ဘိုင်လီဟာဂျပန်အိုလံပစ်ပြိုင်ပွဲတုန်းကစပိန်နှင့်ကွာတားဖိုင်နယ်ပွဲမှာအသင်းအတွက်ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့ပေမယ့်လည်းအချိန်ပိုမှာအမှားကြီးနှစ်ခုလုပ်မိကာချေပဂိုးနဲ့အနိုင်ဂိုးပေးရမှုနဲ့အတူဟီးရိုးမှဇီးရိုးဘဝသို့ရောက်ခဲ့ရသူဖြစ်ပါတယ်။

ZawGyi

မိုက္ရႉးရဲစြာ ခုန္ပ်ံေခါင္းကန္ခ်က္ေၾကာင့္ ပင္နယ္တီေပးခဲ့ရျပန္တဲ့ အဲရစ္ဘိုင္လီ

အဲရစ္ဘိုင္လီကအဲရစ္ဘိုင္လီအစစ္ျပန္ျဖစ္လာၿပီလို႔ဆိုရပါမယ္။အဲရစ္ဘိုင္လီဟာအိုင္ဗရီကို႔စ္ႏွင့္ကင္မ႐ြန္းတို႔ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲမွာမိုက္ရႉးရဲစြာၿပိဳင္ဘက္ကစားသမားေခါင္းမတိုက္ႏိုင္ေအာင္ခုန္ပ်ံၿပီးေခါင္းကိုကန္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကမန္ယူအတြက္ကစားရတဲ့ပြဲေတြမွာအေကာင္းဆုံးပုံစံျပသႏိုင္လို႔မန္ယူပရိသတ္ရဲ႕ေမတၱာရရွိခဲ့တဲ့ဘိုင္လီဟာယခုရာသီမွာေတာ့ရာေဖးလ္ဗာရိန္းေရာက္လာမႈနဲ႔အတူေနရာရရွိေရး႐ုန္းကန္ရပါေတာ့မယ္။

ေကာင္းလိုက္ဆိုးလိုက္ျဖစ္ေနတဲ့အဲရစ္ဘိုင္လီရဲ႕သ႐ုပ္မွန္ျပန္ေပၚလာျပန္ပါၿပီ။

သူဟာအိုင္ဗရီကို႔စ္အတြက္ကစားစဥ္မွာသူ႔ရဲ႕ရႉးမိုက္တဲ့လုပ္ရပ္ေၾကာင့္အသင္းရဲ႕ႏိုင္ပြဲ ဆုံးရႈံးရလုနီးပါးျဖစ္ခဲ့ရပါတယ္။

အသက္၂၇ႏွစ္ရွိေနာက္ခံလူဟာေျမႇာက္တက္ေနတဲ့ေဘာလုံးကိုမမွီဘဲခုန္ကန္ခဲ့ရာမွာေဘာလုံးကိုမထိဘဲကင္မရာတိုက္စစ္မႉးကားလ္တိုကိုအီကမ္ဘီရဲ႕ေခါင္းကိုသာကန္မိခဲ့ပါတယ္။

ယင္းအခ်ိန္မွာအိုင္ဗရီကို႔စ္ဟာကင္မရာကို၂-၀ဂိုးျဖင့္ဦးေဆာင္ေနခဲ့တာျဖစ္ၿပီးဘိုင္လီရဲ႕ရႈးမိုက္တဲ့လုပ္ရပ္ေၾကာင့္အိုင္ဗရီကို႔စ္တို႔ပင္နယ္တီေပးခဲ့ရပါတယ္။ကံေကာင္းခ်င္ေတာ့အိုင္ဗရီကို႔စ္ဟာအႏိုင္ကိုထိန္းထားႏိုင္ခဲ့ၿပီးအုပ္စု(ဃ)ရဲ႕ထိပ္ဆုံးေနရာမွာရပ္တည္ထားႏိုင္ပါတယ္။

ဘိုင္လီဟာဂ်ပန္အိုလံပစ္ၿပိဳင္ပြဲတုန္းကစပိန္ႏွင့္ကြာတားဖိုင္နယ္ပြဲမွာအသင္းအတြက္ဦးေဆာင္ဂိုးသြင္းေပးႏိုင္ခဲ့ေပမယ့္လည္းအခ်ိန္ပိုမွာအမွားႀကီးႏွစ္ခုလုပ္မိကာေခ်ပဂိုးနဲ႔အႏိုင္ဂိုးေပးရမႈနဲ႔အတူဟီး႐ိုးမွဇီး႐ိုးဘဝသို႔ေရာက္ခဲ့ရသူျဖစ္ပါတယ္။