မိုချင်ဂလက်ဘတ်စတားမားကပ်စ်သူရမ်ကို စပါးစ်ရဲ့ဆွေးနွေးမှု တိုးတက်နေ

စပါးစ်ရဲ့မိုချင်ဂလက်ဘတ်မှပြင်သစ်လက်ရွေးစင်တိုက်စစ်သမားမားကပ်စ်သူရမ်အားခေါ်ယူရန်ဆွေးနွေးမှုတိုးတက်လျက်ရှိကြောင်းသိရပါတယ်။

စပါးစ်ဟာအသင်းမှထွက်ခွာခွင့်တောင်းဆိုထားတဲ့အသင်းခေါင်းဆောင်ဟယ်ရီကိန်းရဲ့နေရာမှာအစားထိုးဖို့တိုက်စစ်မှူးရှာဖွေနေပါတယ်။

မားကပ်စ်သူရမ်ကပြင်သစ်ဂန္ထဝင်ကစားသမားလီလီယန်သူရမ်ရဲ့သားဖြစ်ပြီးပြီးခဲ့တဲ့နှစ်ရာသီဆက်တိုက်မိုချင်ဂလက်ဘတ်မှာခြေစွမ်းပြကစားခဲ့ကာပြင်သစ်ရဲ့ယူရို၂၀၂၀လူစာရင်းတွင်ရွေးချယ်ခံထားရပါတယ်။

MRC Sport ကမားကပ်စ်သူရမ်ဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာမိုချင်ဂလက်ဘတ်မှထွက်ခွာရန်စီစဉ်ထားပြီးစပါးစ်နှင့်ဆွေးနွေးနေကြောင်းသိရပါတယ်။

သူဟာ၂၀၁၉ခုနှစ်မှာပြင်သစ်ကလပ်ဂူအမ်ဂန့်မှပြောင်းရွှေ့လာပြီးနောက်ပထမဆုံးရာသီတွင်၁၀ဂိုးသွင်းကာချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်ကူညီခဲ့ပါတယ်။သူဟာ၂၀၂၀-၂၁ရာသီမှာလည်းဘွန်ဒက်စ်လီဂါဂိုး၈ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ZawGyi





