မိုချင်ဂလက်ဘတ်နည်းပြဖြစ်လုနီးပါးဖြစ်ပြီးမှ ဆိုစီဒက်(ခ)နှင့် စာချုပ်သက်တမ်းတိုးလိုက်တဲ့အလွန်ဆို

ဇာဘီးအလွန်ဆိုဟာဆိုစီဒက်(ခ)အသင်းမှထွက်ခွာလုနီးပါးဖြစ်ပြီးမှစာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။အသက်၃၉နှစ်ရှိစပိန်အလယ်တန်းကစားသမားဟောင်းဟာဆိုစီဒက်(ခ)အသင်းမှထွက်ခွာကာမိုချင်ဂလက်ဘတ်အသင်းကိုကိုင်တွယ်မယ်လို့ယူဆခြင်းခံခဲ့ရပါတယ်။

ဘွန်ဒက်စ်လီဂါကလပ်မိုချင်ဂလက်ဘတ်ဟာရာသီအကုန်တွင်နည်းပြမာကိုရို့စ်ကိုဒေါ့မွန်အသင်းသို့ လက်လွှတ်ရမှာဖြစ်တာကြောင့်နည်းပြသစ်ရှာဖွေနေပြီးအလွန်ဆိုကိုခန့်အပ်ရန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။

ဒါ့ပေမယ့်ယနေ့မှာတော့ဆိုစီဒက်ကလီဗာပူးနှင့်ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်းအားအသင်းတွင်၂၀၂၂ခုနှစ်၊ဇွန်လအထိရှိနေမယ့်တစ်နှစ်သက်တမ်းတိုးစာချုပ်အားချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာလာပါတယ်။

ဆိုစီဒက်(ခ)အသင်းနည်းပြအလွန်ဆိုဟာဆိုစီဒက်တွင်ပရော်ဖက်ရှင်နယ်ကစားသမားဘဝကိုစတင်ခဲ့သူဖြစ်ပြီးလီဗာပူး၊ရီးရဲလ်မက်ဒရစ်၊ဘိုင်ယန်မြူးနစ်တို့တွင်ကစားခဲ့ကာ၂၀၁၇ခုနှစ်တွင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

သူဟာကလပ်ပွဲပေါင်း၇၀၁ပွဲကစားခဲ့ကာဆုဖလားပေါင်း၁၄လုံးဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။အလွန်ဆိုဟာစပိန်လက်ရွေးစင်အတွက်၁၁၄ပွဲကစားပေးခဲ့ပြီးယူရို၂၀၀၈၊၂၀၁၀ကမ္ဘာ့ဖလားနှင့်ယူရို၂၀၁၂ဖလားတို့ဆွတ်ခူးခဲ့ပါတယ်။

ZawGyi

မိုခ်င္ဂလက္ဘတ္နည္းျပျဖစ္လုနီးပါးျဖစ္ၿပီးမွ ဆိုစီဒက္(ခ)ႏွင့္ စာခ်ဳပ္သက္တမ္းတိုးလိုက္တဲ့အလြန္ဆို

ဇာဘီးအလြန္ဆိုဟာဆိုစီဒက္(ခ)အသင္းမွထြက္ခြာလုနီးပါးျဖစ္ၿပီးမွစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။အသက္၃၉ႏွစ္ရွိစပိန္အလယ္တန္းကစားသမားေဟာင္းဟာဆိုစီဒက္(ခ)အသင္းမွထြက္ခြာကာမိုခ်င္ဂလက္ဘတ္အသင္းကိုကိုင္တြယ္မယ္လို႔ယူဆျခင္းခံခဲ့ရပါတယ္။

ဘြန္ဒက္စ္လီဂါကလပ္မိုခ်င္ဂလက္ဘတ္ဟာရာသီအကုန္တြင္နည္းျပမာကို႐ို႕စ္ကိုေဒါ့မြန္အသင္းသို႔ လက္လႊတ္ရမွာျဖစ္တာေၾကာင့္နည္းျပသစ္ရွာေဖြေနၿပီးအလြန္ဆိုကိုခန႔္အပ္ရန္ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ပါတယ္။

ဒါ့ေပမယ့္ယေန႔မွာေတာ့ဆိုစီဒက္ကလီဗာပူးႏွင့္ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားေဟာင္းအားအသင္းတြင္၂၀၂၂ခုႏွစ္၊ဇြန္လအထိရွိေနမယ့္တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္အားခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္းထုတ္ျပန္ေၾကညာလာပါတယ္။

ဆိုစီဒက္(ခ)အသင္းနည္းျပအလြန္ဆိုဟာဆိုစီဒက္တြင္ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကိုစတင္ခဲ့သူျဖစ္ၿပီးလီဗာပူး၊ရီးရဲလ္မက္ဒရစ္၊ဘိုင္ယန္ျမဴးနစ္တို႔တြင္ကစားခဲ့ကာ၂၀၁၇ခုႏွစ္တြင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။

သူဟာကလပ္ပြဲေပါင္း၇၀၁ပြဲကစားခဲ့ကာဆုဖလားေပါင္း၁၄လုံးဆြတ္ခူးခဲ့သူလည္းျဖစ္ပါတယ္။အလြန္ဆိုဟာစပိန္လက္ေ႐ြးစင္အတြက္၁၁၄ပြဲကစားေပးခဲ့ၿပီးယူ႐ို၂၀၀၈၊၂၀၁၀ကမာၻ႔ဖလားႏွင့္ယူ႐ို၂၀၁၂ဖလားတို႔ဆြတ္ခူးခဲ့ပါတယ္။