မိုချင်ဂလက်ဘတ်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ရန် အလွန်ဆိုသဘောတူညီမှုရရှိ

ဆိုစီဒက်(ခ)အသင်းနည်းပြဇာဘီးအလွန်ဆိုဟာဂျာမန်ကလပ်မိုချင်ဂလက်ဘတ်နည်းပြအဖြစ်ခန့်အပ်ခံ ရမည်ဖြစ်ကြောင်း ဂျာမန်ထိပ်သီးသတင်းစာ Bild ကဖော်ပြလာပါတယ်။

ကွင်းလယ်ကစားသမားဟောင်းဟာရာသီအကုန်တွင်ဒေါ့မွန်ကိုကိုင်တွယ်ရန်ထွက်ခွာမယ့်မာကိုရို့စ်ရဲ့နေရာတွင်အစားထိုးခန့်အပ်ခြင်းခံရရန်ထိပ်ဆုံးမှရေပန်းစားနေတာလည်းဖြစ်ပါတယ်။

အလွန်ဆိုဟာဂျာမန်ထိပ်သီးကလပ်ဘိုင်ယန်မြူးနစ်အသင်းမှာသုံးနှစ်တိုင်တိုင်ကစားခဲ့ဖူးပြီး၁၁၇ပွဲကစားခဲ့ကာဘွန်ဒက်စ်လီဂါဖလားသုံးကြိမ်ဆွတ်ခူးခဲ့ဖူးသူလည်းဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ဟောင်းဟာ၂၀၁၈ခုနှစ်ကတည်းကနည်းပြလက်မှတ်ရယူခဲ့သူဖြစ်ပြီးရီးရဲလ်မက်ဒရစ် ယူ-၁၄အသင်းကိုကိုင်တွယ်ခဲ့ဖူးပါတယ်။သူဟာပြီးခဲ့တဲ့နွေရာသီမှစတင်ကာဆိုစီဒက်(ခ)အသင်းကိုကိုင် တွယ်လာခဲ့ပါတယ်။

ဂျာမန်မီဒီယာများကမိုချင်ဂလက်ဘတ်ဟာအလွန်ဆိုကိုခန့်အပ်နိုင်လိမ့်မယ်လို့ယုံကြည်နေကြောင်းသိရပါတယ်။အခြားတစ်ဖက်မှာအလွန်ဆိုဟာဆိုစီဒက်အသင်းထံမှစာချုပ်သက်တမ်းတိုးရန်ကမ်းလှမ်းမှုလည်းခံထားရပါတယ်။

ZawGyi

မိုခ်င္ဂလက္ဘတ္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္ရန္ အလြန္ဆိုသေဘာတူညီမႈရရွိ

ဆိုစီဒက္(ခ)အသင္းနည္းျပဇာဘီးအလြန္ဆိုဟာဂ်ာမန္ကလပ္မိုခ်င္ဂလက္ဘတ္နည္းျပအျဖစ္ခန႔္အပ္ခံ ရမည္ျဖစ္ေၾကာင္း ဂ်ာမန္ထိပ္သီးသတင္းစာ Bild ကေဖာ္ျပလာပါတယ္။

ကြင္းလယ္ကစားသမားေဟာင္းဟာရာသီအကုန္တြင္ေဒါ့မြန္ကိုကိုင္တြယ္ရန္ထြက္ခြာမယ့္မာကို႐ို႕စ္ရဲ႕ေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံရရန္ထိပ္ဆုံးမွေရပန္းစားေနတာလည္းျဖစ္ပါတယ္။

အလြန္ဆိုဟာဂ်ာမန္ထိပ္သီးကလပ္ဘိုင္ယန္ျမဴးနစ္အသင္းမွာသုံးႏွစ္တိုင္တိုင္ကစားခဲ့ဖူးၿပီး၁၁၇ပြဲကစားခဲ့ကာဘြန္ဒက္စ္လီဂါဖလားသုံးႀကိမ္ဆြတ္ခူးခဲ့ဖူးသူလည္းျဖစ္ပါတယ္။

စပိန္လက္ေ႐ြးစင္ေဟာင္းဟာ၂၀၁၈ခုႏွစ္ကတည္းကနည္းျပလက္မွတ္ရယူခဲ့သူျဖစ္ၿပီးရီးရဲလ္မက္ဒရစ္ ယူ-၁၄အသင္းကိုကိုင္တြယ္ခဲ့ဖူးပါတယ္။သူဟာၿပီးခဲ့တဲ့ေႏြရာသီမွစတင္ကာဆိုစီဒက္(ခ)အသင္းကိုကိုင္ တြယ္လာခဲ့ပါတယ္။

ဂ်ာမန္မီဒီယာမ်ားကမိုခ်င္ဂလက္ဘတ္ဟာအလြန္ဆိုကိုခန႔္အပ္ႏိုင္လိမ့္မယ္လို႔ယုံၾကည္ေနေၾကာင္းသိရပါတယ္။အျခားတစ္ဖက္မွာအလြန္ဆိုဟာဆိုစီဒက္အသင္းထံမွစာခ်ဳပ္သက္တမ္းတိုးရန္ကမ္းလွမ္းမႈလည္းခံထားရပါတယ္။