မိုင်ကွန်နှင့်ကလူဒင်ဟိုတို့ကို ပြန်ခေါ်ခဲ့တဲ့ ဇင်းနစ်အား အရေးယူရန် ဖီဖာထံ ဘရာဇီးတိုင်ကြား

ဘရာဇီးဟာမိုင်ကွန်နှင့်ကလူဒင်ဟိုတို့အားရုရှားသို့ပြန်လာရန်ညွှန်ကြားခဲ့တဲ့ရုရှားကလပ်ဇင်းနစ်အားအရေးယူပေးရန်ဖီဖာထံသို့တိုင်ကြားလိုက်ပြီဖြစ်ပါတယ်။

ဇင်းနစ်ဟာလာမယ့်စက်တင်ဘာလ၁၄ရက်နေ့မှာစတမ်းဖို့ဒ်ဘရစ်ချ်သို့သွားရောက်ကာချန်ပီယံလိဂ်အုပ်စုပွဲကစားရပါမယ်။ဇင်းနစ်ဟာမိုင်ကွန်နှင့်ကလူဒင်ဟိုတို့အားဘရာဇီးရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲကစားစေပါကဗြိတိန်သို့ပြည်ဝင်ခွင့်မရမှာကိုစိုးရိမ်နေပါတယ်။

မိုင်ကွန်နှင့်ကလူဒင်ဟိုတို့ဟာဘရာဇီးတွင်ကစားဖော်များနှင့်ဆုံစည်းပြီးဖြစ်ပေမယ့်လည်းဇင်းနစ်ကပြန်လည်ခေါ်ယူမှုကြောင့်ရုရှားသို့ပြန်လာခဲ့ရပါတယ်။

ဒါကြောင့်လည်းဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာဇင်းနစ်အသင်းအားအရေးယူရန်ဖီဖာထံသို့တရားဝင်တိုင်ကြားမှုပြုလုပ်လိုက်ပြီဖြစ်ပါတယ်။

ဒါ့အပြင်လီဗာပူး၊မန်ယူ၊ချဲလ်ဆီး၊မန်စီးတီး၊လိဒ်တို့မှာလည်းဖာဘင်ဟို၊အလစ်ဆင်၊ဖာမီနို၊ဖရက်၊တီယာဂိုဆေးလ်ဗား၊ဂါဘရီရယ်ဂျီးဆပ်စ်၊ရာဖီနို့စ်တို့ကိုစေလွှတ်ရန်ငြင်းဆိုမှုအတွက်အရေးယူခံရဖို့ရှိပါတယ်။

ဘရာဇီးဟာရီချက်လီဆင်ကိုစေလွှတ်ရန်ငြင်းဆိုခဲ့တဲ့အဲဗာတန်ကိုတော့တိုင်ကြားဖို့မရှိပါဘူး။ရီချက်လီဆင်ဟာနွေရာသီတစ်ခုတည်းတွင်ပင်ဘရာဇီးရဲ့ကိုပါအမေရိကနှင့်အိုလံပစ်ပြိုင်ပွဲနှစ်ခုတို့ကစားခဲ့ရသူဖြစ်ပါတယ်။

ZawGyi

မိုင္ကြန္ႏွင့္ကလူဒင္ဟိုတို႔ကို ျပန္ေခၚခဲ့တဲ့ ဇင္းနစ္အား အေရးယူရန္ ဖီဖာထံ ဘရာဇီးတိုင္ၾကား

ဘရာဇီးဟာမိုင္ကြန္ႏွင့္ကလူဒင္ဟိုတို႔အား႐ုရွားသို႔ျပန္လာရန္ၫႊန္ၾကားခဲ့တဲ့႐ုရွားကလပ္ဇင္းနစ္အားအေရးယူေပးရန္ဖီဖာထံသို႔တိုင္ၾကားလိုက္ၿပီျဖစ္ပါတယ္။

ဇင္းနစ္ဟာလာမယ့္စက္တင္ဘာလ၁၄ရက္ေန႔မွာစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔သြားေရာက္ကာခ်န္ပီယံလိဂ္အုပ္စုပြဲကစားရပါမယ္။ဇင္းနစ္ဟာမိုင္ကြန္ႏွင့္ကလူဒင္ဟိုတို႔အားဘရာဇီးရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲကစားေစပါကၿဗိတိန္သို႔ျပည္ဝင္ခြင့္မရမွာကိုစိုးရိမ္ေနပါတယ္။

မိုင္ကြန္ႏွင့္ကလူဒင္ဟိုတို႔ဟာဘရာဇီးတြင္ကစားေဖာ္မ်ားႏွင့္ဆုံစည္းၿပီးျဖစ္ေပမယ့္လည္းဇင္းနစ္ကျပန္လည္ေခၚယူမႈေၾကာင့္႐ုရွားသို႔ျပန္လာခဲ့ရပါတယ္။

ဒါေၾကာင့္လည္းဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဇင္းနစ္အသင္းအားအေရးယူရန္ဖီဖာထံသို႔တရားဝင္တိုင္ၾကားမႈျပဳလုပ္လိုက္ၿပီျဖစ္ပါတယ္။

ဒါ့အျပင္လီဗာပူး၊မန္ယူ၊ခ်ဲလ္ဆီး၊မန္စီးတီး၊လိဒ္တို႔မွာလည္းဖာဘင္ဟို၊အလစ္ဆင္၊ဖာမီႏို၊ဖရက္၊တီယာဂိုေဆးလ္ဗား၊ဂါဘရီရယ္ဂ်ီးဆပ္စ္၊ရာဖီႏို႔စ္တို႔ကိုေစလႊတ္ရန္ျငင္းဆိုမႈအတြက္အေရးယူခံရဖို႔ရွိပါတယ္။

ဘရာဇီးဟာရီခ်က္လီဆင္ကိုေစလႊတ္ရန္ျငင္းဆိုခဲ့တဲ့အဲဗာတန္ကိုေတာ့တိုင္ၾကားဖို႔မရွိပါဘူး။ရီခ်က္လီဆင္ဟာေႏြရာသီတစ္ခုတည္းတြင္ပင္ဘရာဇီးရဲ႕ကိုပါအေမရိကႏွင့္အိုလံပစ္ၿပိဳင္ပြဲႏွစ္ခုတို႔ကစားခဲ့ရသူျဖစ္ပါတယ္။pmnews

pmnews