ဘောလုံးပရိသတ်များဟာမနေ့ညတုန်းကယူရိုပါလိဂ်ပွဲစဉ်တွင်ရယ်စရာကောင်းတဲ့ကိုယ့်ဂိုးကိုယ်သွင်းမိမှုအားမြင်တွေ့ခဲ့ရပြီးနောက်တုန်လှုပ်နေခဲ့ကြပါတယ်။
လေဗာကူဆင်ဂိုးသမားလူကပ်စ်ဟရာဒစ်ကီဟာမနေ့ညကမိုနာကိုနှင့်ယူရိုပါလိဂ်ပွဲစဉ်တွင်ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာလည်းဖြစ်ပါတယ်။
မနေ့ညကBayArenaတွင်ကစားတဲ့လေဗာကူဆင်နှင့်မိုနာကိုတို့ရဲ့ယူရိုပါလိဂ်ရှုံးထွက်အဆင့်ပလေးအော့ဖ်ပွဲစဉ်ရဲ့ပွဲချိန် ၉မိနစ်တွင်ဟရာဒစ်ကီဟာမိုနာကိုတိုက်စစ်မှူးဘရေးဖ်အမ်ဘိုလိုရဲ့ဖိအားပေးခြင်းခံရပြီးနောက်ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာလည်းဖြစ်ပါတယ်။
သူဟာနောက်ပြန်ပေးပို့လာတဲ့ဘောလုံးကိုအလျှင်အမြန်မရှင်းထုတ်နိုင်ခဲ့ဘဲ အမ်ဘိုလိုရဲ့ဖိအားပေးခြင်းခံ့ခဲ့ရကာကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပါတယ်။
ဒါပေမဲ့ဒိုင်လူကြီးဟာဟရာဒစ်ကီမလဲကျမီအမ်ဘိုလိုမှာဘောလုံးထိခဲ့ခြင်းမရှိပေမဲ့လည်းပြစ်ဒဏ်ဘောမပေးဘဲဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။
ဘောလုံးပရိသတ်များဟာယင်းဂိုးအားခွင့်ပြုမှုအတွက်ဝေဖန်နေကြပါတယ်။ပရိသတ်တစ်ဦးက “ဂိုးသမားကိုပထမဆုံးဖျက်ထုတ်မှုကဘောလုံးမထိတဲ့အတွက်ပြစ်ဒဏ်ဘောပဲ”လို့ဆိုသွားပါတယ်။
အခြာ့းတစ်ဦးကလည်း “ပြစ်ဒဏ်ဘောဆိုတာရှင်းရှင်းလေးပဲ။တိုက်စစ်သမားကဘောလုံးမထိဘူး။ဂိုးသမားကိုပဲထိတယ်။တကယ့်ကိုတုန်လှုပ်စရာဆုံးဖြတ်ချက်ပဲ”လို့ဆိုသွားပါတယ်။
လေဗာကူဆင်ဟာဟရာဒစ်ကီရဲ့OG ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပေမဲ့လည်းဒုတိယပိုင်း၁၅မိနစ်အတွင်းတွင်မူဆာဒိုင်ယာဘီ၊ဖလိုရီယန်ဝစ်ဇ်တို့ရဲ့ဂိုးတို့ကြောင့်ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့မိုနာကိုဘက်မှဒိုင်ယက်တာနှင့်ဒီဆာဆီတို့ဂိုးပြန်သွင်းခဲ့လို့လေဗာကူဆင်တို့အိမ်ကွင်းမှာ၂-၃ဂိုးဖြင့်ရှုံးနိမ့်သွားပါတယ်။
ZawGyi
မိုနာကိုနှင့်ပွဲစဉ်မှ လေဗာကူဆင်ဂိုးသမားရဲ့ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးကို ခွင့်ပြုခဲ့မှုအပေါ် ပရိသတ်များ မယုံကြည်နိုင်အောင် ဖြစ်နေ