မိုဗစ်ချ်လက်ထက် ရလဒ်အဆိုးရွားဆုံးနည်းပြဖြစ်လာတဲ့ ဖရန့်လမ်းပတ်

ချဲလ်ဆီးဟာအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ်လက်ထက်မှာအဆိုးရွားဆုံးပရီးမီးယားလိဂ်ရာသီအစနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ချဲလ်ဆီးဟာမနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်မှာမန်စီးတီးကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနည်းပြဖရန့်လမ်းပတ်မှာလည်း ဖိအားများစွာကျရောက်လာပြီဖြစ်ပါတယ်။

လမ်းပတ်ရဲ့ချဲလ်ဆီးဟာနောက်ဆုံးပရီးမီးယားလိဂ်၆ပွဲမှာ၄ပွဲရှုံးနိမ့်ထားပြီးဝက်စ်ဟမ်းနှင့်တစ်ပွဲတည်းသာအနိုင်ရရှိ ထားပါတယ်။

ချဲလ်ဆီးဟာပရီးမီးယားလိဂ်၁၇ပွဲကစားပြီးချိန်မှာ၇ပွဲသာအနိုင်ရရှိထားပြီးရမှတ်၂၆မှတ်တည်းသာရရှိထားကာအဆင့် ၈နေရာသို့အထိကျရောက်နေပါတယ်။

ယင်းရလဒ်ဟာရုရှားဘီလျှံနာအေဘရာမိုဗစ်ချ်ရဲ့၁၇နှစ်တာကာလအတွင်းအဆိုးရွားဆုံးပရီးမီးယာလိဂ်ရာသီအစ ရလဒ်လည်းဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်ဖရန့်လမ်းပတ်ဟာချဲလ်ဆီးအားပရီးမီးယားလိဂ်ပွဲ၅၅ပွဲကိုင်တွယ်ထားရာမှာတစ်ပွဲပျမ်းမျှ၁.၆၇ မှတ်သာရယူထားပြီးမိုဗစ်ချ်လက်ထက်အဆိုးရွားဆုံးနည်းပြအဖြစ်လည်းရပ်တည်နေပါသေးတယ်။

လမ်းပတ်လက်ထက်ချဲလ်ဆီးရဲ့ပရီးမီးယားလိဂ်ရလဒ်ကဘိုအာ့စ်၊စကိုလာရီလက်ထက်တို့ထက်ကထက်တောင် ဆိုးရွားနေပါတယ်။

ဒါပေမယ့်ချဲလ်ဆီးအသင်းပိုင်ရှင်ဟာဖရန့်လမ်းပတ်ကိုအလျှင်စလိုထုတ်ပယ်သွားဖို့မရှိသေးပါဘူး။ဒါပေမယ့် ကလပ်လက်မဲ့ဖြစ်နေတဲ့သောမတ်စ်တူချယ်၊မက်စ်အလီဂရီတို့ကချဲလ်ဆီးနည်းပြဖြစ်လာဖို့ရေပန်းစားနေပါတယ်။

ZawGyi

မိုဗစ်ခ်ျလက်ထက် ရလဒ်အဆိုးရွားဆုံးနည်းပြဖြစ်လာတဲ့ ဖရန့်လမ်းပတ်

ချဲလ်ဆီးဟာအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ခ်ျလက်ထက်မှာအဆိုးရွားဆုံးပရီးမီးယားလိဂ်ရာသီအစနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ချဲလ်ဆီးဟာမနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ခ်ျမှာမန်စီးတီးကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနည်းပြဖရန့်လမ်းပတ်မှာလည်း ဖိအားများစွာကျရောက်လာပြီဖြစ်ပါတယ်။

လမ်းပတ်ရဲ့ချဲလ်ဆီးဟာနောက်ဆုံးပရီးမီးယားလိဂ်၆ပွဲမှာ၎ပွဲရှုံးနိမ့်ထားပြီးဝက်စ်ဟမ်းနှင့်တစ်ပွဲတည်းသာအနိုင်ရရှိ ထားပါတယ်။


ယင်းရလဒ်ဟာရုရှားဘီလျှံနာအေဘရာမိုဗစ်ခ်ျရဲ့၁၇နှစ်တာကာလအတွင်းအဆိုးရွားဆုံးပရီးမီးယာလိဂ်ရာသီအစ ရလဒ်လည်းဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်ဖရန့်လမ်းပတ်ဟာချဲလ်ဆီးအားပရီးမီးယားလိဂ်ပွဲ၅၅ပွဲကိုင်တွယ်ထားရာမှာတစ်ပွဲပျမ်းမျှ၁.၆၇ မှတ်သာရယူထားပြီးမိုဗစ်ခ်ျလက်ထက်အဆိုးရွားဆုံးနည်းပြအဖြစ်လည်းရပ်တည်နေပါသေးတယ်။

