မိုဗစ်ရဲ့၄၀၀ မြောက်လိဂ်ဂိုးနဲ့ ပထမဆုံး စီးရီးအေအိမ်ကွင်းရှုံးပွဲကြုံခဲ့တဲ့ မော်ရင်ဟို

ဇလာတန်အီဘရာဟီမိုဗစ်ရဲ့စူပါဖရီးကစ်ဂိုးနဲ့အတူ အေစီမီလန်ဟာမနေ့ညတုန်းကရိုးမားကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။အေစီမီလန်ဟာစီးရီးအေ၇ပွဲဆက်နိုင်ပွဲရရှိခဲ့တာဖြစ်ပြီးစီးရီးအေအမှတ်ပေးဇယားနာပိုလီနှင့်ရမှတ်တူဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။

အသက်၄၀နှစ်ရှိဆွီဒင်တိုက်စစ်မှူးဟာပွဲချိန်၂၅မိနစ်မှာဖရီးကစ်ကနေ အေစီမီလန်အတွက်ဦးဆောင်ဂိုးသွင်းခဲ့တာဖြစ်ပြီးဒုတိယပိုင်းမှာဖရန့်ကက်ဆီကအီဘရာဟီမိုဗစ်ကြောင့်ရတဲ့ပင်နယ်တီကနေဒုတိယဂိုးသွင်းခဲ့ပါတယ်။

ပွဲချိန်၆၆မိနစ်မှာအေစီမီလန်နောက်ခံလူသီယိုဟာနန်ဒက်ဇ်နှစ်ဝါတစ်နီဖြင့်အထုတ်ခံခဲ့ရပြီးနာကျင်အချိန်ပိုမှာအယ်ရှီယာဝီကရိုးမားအတွက်ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။

အဆိုပါဂိုးဟာအီဘရာဟီမိုဗစ်အတွက်ကစားသမားဘဝတစ်လျှောက်လိဂ်ဂိုး၄၀၀မြောက်ဂိုးဖြစ်ပါတယ်။ဒါ့အပြင်ယင်းပွဲကရိုးမားနည်းပြမော်ရင်ဟိုအတွက်စီးရီးအေမှာပထမဆုံးအိမ်ကွင်းရှုံးပွဲလည်းဖြစ်ပါတယ်။မော်ရင်ဟိုဟာအင်တာမီလန်ကိုကိုင်တွယ်စဉ်တစ်ရာသီတည်းဖလားသုံးလုံးဆွတ်ခူးစဉ်တုန်းကအိမ်ကွင်းတစ်ပွဲမျှမရှုံးခဲ့သူလည်းဖြစ်ပါတယ်။မော်ရင်ဟိုဟာနောက်ဆုံးလေးပွဲတွင်နှစ်ပွဲရှုံးထားမှုနဲ့အတူဖိအားများကြုံနေရပြီဖြစ်ပါတယ်။

ZawGyi

မိုဗစ္ရဲ႕၄၀၀ ေျမာက္လိဂ္ဂိုးနဲ႔ ပထမဆုံး စီးရီးေအအိမ္ကြင္းရႈံးပြဲႀကဳံခဲ့တဲ့ ေမာ္ရင္ဟို

ဇလာတန္အီဘရာဟီမိုဗစ္ရဲ႕စူပါဖရီးကစ္ဂိုးနဲ႔အတူ ေအစီမီလန္ဟာမေန႔ညတုန္းက႐ိုးမားကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ေအစီမီလန္ဟာစီးရီးေအ၇ပြဲဆက္ႏိုင္ပြဲရရွိခဲ့တာျဖစ္ၿပီးစီးရီးေအအမွတ္ေပးဇယားနာပိုလီႏွင့္ရမွတ္တူဒုတိယေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။

အသက္၄၀ႏွစ္ရွိဆြီဒင္တိုက္စစ္မႉးဟာပြဲခ်ိန္၂၅မိနစ္မွာဖရီးကစ္ကေန ေအစီမီလန္အတြက္ဦးေဆာင္ဂိုးသြင္းခဲ့တာျဖစ္ၿပီးဒုတိယပိုင္းမွာဖရန႔္ကက္ဆီကအီဘရာဟီမိုဗစ္ေၾကာင့္ရတဲ့ပင္နယ္တီကေနဒုတိယဂိုးသြင္းခဲ့ပါတယ္။

ပြဲခ်ိန္၆၆မိနစ္မွာေအစီမီလန္ေနာက္ခံလူသီယိုဟာနန္ဒက္ဇ္ႏွစ္ဝါတစ္နီျဖင့္အထုတ္ခံခဲ့ရၿပီးနာက်င္အခ်ိန္ပိုမွာအယ္ရွီယာဝီက႐ိုးမားအတြက္ေခ်ပဂိုးတစ္ဂိုးသြင္းယူခဲ့ပါတယ္။

အဆိုပါဂိုးဟာအီဘရာဟီမိုဗစ္အတြက္ကစားသမားဘဝတစ္ေလွ်ာက္လိဂ္ဂိုး၄၀၀ေျမာက္ဂိုးျဖစ္ပါတယ္။ဒါ့အျပင္ယင္းပြဲက႐ိုးမားနည္းျပေမာ္ရင္ဟိုအတြက္စီးရီးေအမွာပထမဆုံးအိမ္ကြင္းရႈံးပြဲလည္းျဖစ္ပါတယ္။ေမာ္ရင္ဟိုဟာအင္တာမီလန္ကိုကိုင္တြယ္စဥ္တစ္ရာသီတည္းဖလားသုံးလုံးဆြတ္ခူးစဥ္တုန္းကအိမ္ကြင္းတစ္ပြဲမွ်မရႈံးခဲ့သူလည္းျဖစ္ပါတယ္။ေမာ္ရင္ဟိုဟာေနာက္ဆုံးေလးပြဲတြင္ႏွစ္ပြဲရႈံးထားမႈနဲ႔အတူဖိအားမ်ားႀကဳံေနရၿပီျဖစ္ပါတယ္။