မိုးထဲရေထဲမှာ နောက်ထပ် ဆုံးရှုံးခဲ့ရတဲ့ သွားပျောက်ကို ရှာဖွေနေခဲ့တဲ့ အာဆင်နယ်စတား

အာဆင်နယ်နောက်ခံလူဂါဘရီရယ်ဟာလွန်ခဲ့တဲ့ငါးလတုန်းကဘရိုက်တန်နှင့်ပွဲမှာသွားတစ်ချောင်းဆုံးရှုံးခဲ့ရပြီးနောက်မနေ့ညတုန်းကပွဲတွင်လည်းယင်းသို့ကံကြမ္မာပင်ဆက်လက်ကြုံဆုံခဲ့ရပြန်ပါတယ်။

ဘရာဇီးနောက်ခံလူဟာပြီးခဲ့တဲ့မေလတုန်းကအမ်းမရိတ်မှာကစားတဲ့ပွဲစဉ်မှာမတော်တဆထိခိုက်မှုကနေသွားတစ်ချောင်းကျွတ်သွားခဲ့ပါတယ်။မနေ့ညတုန်းကဘရိုက်တန်အားအဝေးကွင်းနဲ့ပွဲမှာလည်းနောက်ထပ်သွားတစ်ချောင်းဆုံးရှုံးခဲ့ရပြန်ပါတယ်။ဒါကြောင့်လည်းသူဟာ၂၀၂၁ခုနှစ်မှာဘရိုက်တန်ကိုအိမ်ကွင်းရောအဝေးကွင်းမှဦပါသွားတစ်ချောင်းဆုံးရှုံးထားရပြီဖြစ်ပါတယ်။

ဘရာဇီးနောက်ခံလူဟာမနေ့ညတုန်းကဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာလည်းလီဝစ်ဒန့်ခ်၊ရောဘတ်ဆန်းချက်ဇ်တို့နှင့်မတော်တဆတိုက်မိပြီးနောက်သွားတစ်ချောင်းဆုံးရှုံးခဲ့ရပါတယ်။

ပွဲအပြီးမှာဂါဘရီရယ်ဟာသူ့ရဲ့ကျွတ်သွားတတ်တဲ့သွားကို မိုးအသည်းအသည်ရွာနေတဲ့ကြားAmex ကွင်းမြက်ခင်းမှာသွားပျောက်ကိုလိုက်ရှာနေခဲ့ပါတယ်။

ဂါဘရီရယ်ဆုံးရှုံးလိုက်ရတဲ့သွားကမေလတုန်းကဆုံးရှုံးခဲ့တဲ့သွားဘဲလားဆိုတာကိုတော့အတိအကျမသိတော့ပါဘူး။သူဟာကွင်းထဲမှာမိနစ်အတန်အကြာအထိရှာဖွေနေခဲ့ဖြစ်ပြီးရှာတွေ့သလား၊မတွေ့ဘူးလားဆိုတာကိုတော့မသိရပါဘူး။

သေချာတာကတော့အာဆင်နယ်စတားဟာနောက်တစ်ကြိမ်ဘရိုက်တန်နှင့်ဆုံတွေ့တဲ့အခါနောက်ထပ်သွားတစ်ချောင်းမဆုံးရှုံးရဖို့အတွက်အံကပ်တပ်ပြီးကစားလာဖို့ရှိနေပါတယ်။

ZawGyi






