မိုးရေစိုရွှဲနေတဲ့ အာဆင်နယ်ပရိသတ်ငယ်အား မမေ့နိုင်စရာ နေ့တစ်နေ့ပိုင်ဆိုင်နိုင်အောင် လုပ်ပေးခဲ့တဲ့ စမစ်ရိုး

အာဆင်နယ်စတားအက်မဲလ်စမစ်ရိုးဟာဘရိုက်တန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်အပြီးမှာမိုးရေတွေနဲ့စိုရွှဲနေတဲ့ကလေးငယ်တစ်ဦးအားသူ့အင်္ကျီကိုလက်ဆောင်ပေးကာပရိသတ်ငယ်အားမမေ့နိုင်စရာနေ့တစ်နေ့ပိုင်ဆိုင်နိုင်စေခဲ့ပါတယ်။

အထက်ပါအဖြစ်အပျက်ဟာစနေနေ့ညတုန်းက Amex မှာဘရိုက်တန်နှင့်အာဆင်နယ်တို့ဂိုးမရှိသရေတဲ့ပွဲစဉ်အပြီးမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်ငယ်တစ်ဦးဟာ “Emile I’m soaked.can i have your shirt?”ဆိုတဲ့စာသားပါဆိုင်းဘုတ်ကိုထောင်ထားခဲ့ပါတယ်။

စမစ်ဟာပွဲသိမ်းခရာမှုတ်ပြီးချိန်မှာယင်းကလေးငယ်ဆီသို့သွားရောက်ကာသူ့အင်္ကျီကိုချွတ်ပြီးပေးခဲ့ပါတယ်။ကလေးငယ်ဟာအက်မဲလ်စမစ်ရိုးထံမှအင်္ကျီရရှိပြီးနောက်အလွန်ပျော်ရွှင်နေတာတွေ့ရပါတယ်။

မနေ့ညတုန်းကဘရိုက်တန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာနောက်ထပ်ထူးခြားတဲ့အဖြစ်အပျက်ကတော့အာဆင်နယ်နောက်ခံလူဂါဘရီရယ်ဟာသွားတစ်ချောင်းထပ်မံဆုံးရှုံးခဲ့ရတာပြန်တာဖြစ်ပါတယ်။သူဟာမေလတုန်းကဘရိုက်တန်နှင့်ပွဲစဉ်မှာလည်းသွားတစ်ချောင်းဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။သူဟာမနေ့ညကပွဲအပြီးတွင်မိုးထဲရေထဲမှာကျွတ်သွားတဲ့သူ့သွားကိုရှာဖွေနေခဲ့တာတွေ့ရပါတယ်။

ZawGyi





