မိုးအကြီးအကျယ်ရွာမှုကြောင့် ကားဘီးချော်ကာ ဘီလီဘာအိုလူငယ်ပါရမီရှင်ဟောင်းသေဆုံး

ဘီလ်ဘာအိုလူငယ်ပါရမီရှင်ဟောင်းအိုက်တော်ဂန်ဒီယာဂါဟာအသက်၂၃နှစ်အရွယ်မှာဘဲကွယ်လွန်သွားခဲ့ပါတယ်။ စပိန်တတိယတန်းကလပ်ဂါနီကာကလပ်မှာကစားနေတဲ့ဂန်ဒီယာဂါဟာတနင်္ဂနွေညတုန်းကသူမောင်းနှင်လာတဲ့ကားမှာဘတ်စ်ကားနဲ့တိုက်မိကာသေဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။

တောင်ပံကစားသမားဟာမိုးအကြီးအကျယ်ရွာသွန်းနေချိန်မှာစပိန်မြောက်ပိုင်းဘက်စ်ကေးကန်းထရီးမှာ ကားမောင်းနှင်နေစဉ်ယာဉ်မတော်တဆမှုဖြစ်ခဲ့တာပါ။

သူနဲ့အတူကားမှာအမျိုးသမီးတစ်ဦးလည်းပါဝင်ပြီး ယင်းအမျိုးသမီးမှာလည်းဒဏ်ရာအပြင်းအထန်ရရှိကာဆေးရုံ တွင်အရေးပေါ်ကုသမှုခံယူနေရပါတယ်။

ဂန်ဒီယာဂန်ဟာဘီလ်ဘာအိုအကယ်ဒမီမှထွက်ပေါ်လာသူဖြစ်ပါတယ်။

ဂန်ဒီယာဂန်နှင့်အတူဘီလ်ဘာအိုလူငယ်အသင်းမှာအတူကစားခဲ့တဲ့လက်ရှိဘီလ်ဘာအိုစတားအိုင်ဘိုင်ဂိုမက်ဇ်က သူငယ်ချင်းဖြစ်သူရဲ့မိသားစုထံသို့ဝမ်းနည်းကြောင်းသတင်းလွှာပေးပို့ထားပါတယ်။

ဂါနီကာကလပ်ကဂွါယာနီကာမြို့အခြေစိုက်ကလပ်ဖြစ်ပြီး၁၉၃၇ခုနှစ်တုန်းကဂျာမန်ဗုံးဒဏ်သင့်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ဂွါယာနီကာမြို့ဂျာမန်ဗုံးကြဲခံရမှုကိုကမ္ဘာကျော်ပန်းချီဆရာပါဘလိုပီကာဆိုက ပန်းချီဆွဲခဲ့ကာသမိုင်းဝင်ပန်းချီ တစ်ကားဖြစ်ခဲ့ပါတယ်။

ZawGyi

မိုးအႀကီးအက်ယ္႐ြာမႈေၾကာင့္ ကားဘီးေခ်ာ္ကာ ဘီလီဘာအိုလူငယ္ပါရမီရွင္ေဟာင္းေသဆုံး

ဘီလ္ဘာအိုလူငယ္ပါရမီရွင္ေဟာင္းအိုက္ေတာ္ဂန္ဒီယာဂါဟာအသက္၂၃ႏွစ္အ႐ြယ္မွာဘဲကြယ္လြန္သြားခဲ့ပါတယ္။ စပိန္တတိယတန္းကလပ္ဂါနီကာကလပ္မွာကစားေနတဲ့ဂန္ဒီယာဂါဟာတနဂၤေႏြညတုန္းကသူေမာင္းႏွင္လာတဲ့ကားမွာဘတ္စ္ကားနဲ႔တိုက္မိကာေသဆုံးသြားခဲ့တာလည္းျဖစ္ပါတယ္။

ေတာင္ပံကစားသမားဟာမိုးအႀကီးအက်ယ္႐ြာသြန္းေနခ်ိန္မွာစပိန္ေျမာက္ပိုင္းဘက္စ္ေကးကန္းထရီးမွာ ကားေမာင္းႏွင္ေနစဥ္ယာဥ္မေတာ္တဆမႈျဖစ္ခဲ့တာပါ။

သူနဲ႔အတူကားမွာအမ်ိဳးသမီးတစ္ဦးလည္းပါဝင္ၿပီး ယင္းအမ်ိဳးသမီးမွာလည္းဒဏ္ရာအျပင္းအထန္ရရွိကာေဆး႐ုံ တြင္အေရးေပၚကုသမႈခံယူေနရပါတယ္။

ဂန္ဒီယာဂန္ဟာဘီလ္ဘာအိုအကယ္ဒမီမွထြက္ေပၚလာသူျဖစ္ပါတယ္။

ဂန္ဒီယာဂန္ႏွင့္အတူဘီလ္ဘာအိုလူငယ္အသင္းမွာအတူကစားခဲ့တဲ့လက္ရွိဘီလ္ဘာအိုစတားအိုင္ဘိုင္ဂိုမက္ဇ္က သူငယ္ခ်င္းျဖစ္သူရဲ႕မိသားစုထံသို႔ဝမ္းနည္းေၾကာင္းသတင္းလႊာေပးပို႔ထားပါတယ္။

ဂါနီကာကလပ္ကဂြါယာနီကာၿမိဳ႕အေျခစိုက္ကလပ္ျဖစ္ၿပီး၁၉၃၇ခုႏွစ္တုန္းကဂ်ာမန္ဗုံးဒဏ္သင့္ခဲ့တဲ့ၿမိဳ႕ျဖစ္ပါတယ္။ဂြါယာနီကာၿမိဳ႕ဂ်ာမန္ဗုံးႀကဲခံရမႈကိုကမာၻေက်ာ္ပန္းခ်ီဆရာပါဘလိုပီကာဆိုက ပန္းခ်ီဆြဲခဲ့ကာသမိုင္းဝင္ပန္းခ်ီ တစ္ကားျဖစ္ခဲ့ပါတယ္။