
အာဆင်နယ်စတားပါဘလိုမာရီဟာဓားဖြင့်တိုက်ခိုက်ခြင်းခံရပြီးနောက်နှစ်လကြာအနားယူပြီးမှဘောလုံးပြန်ကစားနိုင်မှာဖြစ်ကြောင်းသိရပါတယ်။
ပါဘလိုမာရီဟာမီလန်ရှိစူပါမားကက်တစ်ခုတွင် ဓားဖြင့်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီးဆေးရုံသို့ဟယ်လီကော်ပတာဖြင့်အရေးပေါ်ပို့ခဲ့ရကာခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။
အသက်၂၉နှစ်ရှိမာရီဟာဇနီးသည်၊ကလေးနှင့်အတူဈေးဝယ်နေစဉ် နောက်ကျောမှဓားထိုးခံခဲ့ရတာဖြစ်ပါတယ်။
ကြာသပတေးနေ့ကဖြစ်ပျက်ခဲ့တဲ့ မီလန်စူပါမားကက်တိုက်ခိုက်မှုကို စိတ်ဝေဒနာရှင်လူတစ်ဦးကပြုလုပ်ခဲ့တာဖြစ်ပြီးစူပါမားကက်ငွေရှင်းကောင်တာဝန်ထမ်းတစ်ဦးသေဆုံးကာမာရီအပါအဝင်လူ၅ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အာဆင်နယ်မှစီးရီးအေကလပ်မွန်ဇာသို့အငှားဖြင့်လာရောက်ကစားနေတဲ့မာရီဟာကျောဘက်တွင်ရရှိတဲ့ကြွက်သားဒဏ်ရာနှစ်ခုကိုခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။
မာရီဟာဆေးရုံတွင်ရက်အနည်းငယ်ကြာထပ်မံတက်ရောက်ပြီးနောက် ပြန်ဆင်းလာနိုင်မှာလည်းဖြစ်ပါတယ်။
ZawGyi
မီလန္စူပါမားကက္ဓားျဖင့္တိုက္ခိုက္ခံရမႈေၾကာင့္ ႏွစ္လအနားယူရမယ့္ အာဆင္နယ္စတားမာရီ
အာဆင္နယ္စတားပါဘလိုမာရီဟာဓားျဖင့္တိုက္ခိုက္ျခင္းခံရၿပီးေနာက္ႏွစ္လၾကာအနားယူၿပီးမွေဘာလုံးျပန္ကစားႏိုင္မွာျဖစ္ေၾကာင္းသိရပါတယ္။
ပါဘလိုမာရီဟာမီလန္ရွိစူပါမားကက္တစ္ခုတြင္ ဓားျဖင့္တိုက္ခိုက္ခံခဲ့ရတာျဖစ္ၿပီးေဆး႐ုံသို႔ဟယ္လီေကာ္ပတာျဖင့္အေရးေပၚပို႔ခဲ့ရကာခြဲစိတ္ကုသမႈခံယူခဲ့ရပါတယ္။
အသက္၂၉ႏွစ္ရွိမာရီဟာဇနီးသည္၊ကေလးႏွင့္အတူေဈးဝယ္ေနစဥ္ ေနာက္ေက်ာမွဓားထိုးခံခဲ့ရတာျဖစ္ပါတယ္။
ၾကာသပေတးေန႔ကျဖစ္ပ်က္ခဲ့တဲ့ မီလန္စူပါမားကက္တိုက္ခိုက္မႈကို စိတ္ေဝဒနာရွင္လူတစ္ဦးကျပဳလုပ္ခဲ့တာျဖစ္ၿပီးစူပါမားကက္ေငြရွင္းေကာင္တာဝန္ထမ္းတစ္ဦးေသဆုံးကာမာရီအပါအဝင္လူ၅ဦးဒဏ္ရာရရွိခဲ့ပါတယ္။
အာဆင္နယ္မွစီးရီးေအကလပ္မြန္ဇာသို႔အငွားျဖင့္လာေရာက္ကစားေနတဲ့မာရီဟာေက်ာဘက္တြင္ရရွိတဲ့ႂကြက္သားဒဏ္ရာႏွစ္ခုကိုခြဲစိတ္ကုသမႈခံယူခဲ့ရပါတယ္။
မာရီဟာေဆး႐ုံတြင္ရက္အနည္းငယ္ၾကာထပ္မံတက္ေရာက္ၿပီးေနာက္ ျပန္ဆင္းလာႏိုင္မွာလည္းျဖစ္ပါတယ္။