မီလန်စူပါမားကက်ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးကာ အာဆင်နယ်စတားအပါအဝင် လူအမြောက်အမြားဒဏ်ရာရရှိ

အီတလီနိုင်ငံ၊မီလန်မြို့တော်အနီးရှိစူပါမားကက်တစ်ခုတွင်ဓားဖြင့်တိုက်ခိုက်မှုတစ်ခုဖြစ်ပျက်ခဲ့ပြီး လူတစ်ဦးသေဆုံးကာအာဆင်နယ်စတားတစ်ဦးအပါအဝင်အနည်းဆုံးလူငါးဦးဒဏ်ရာရရှိခဲ့ကာအချို့မှာစိုးရိမ်ရတဲ့အနေအထားမျိုးတွင်ရှိနေကြောင်းသိရပါတယ်။

ဒေသခံမီဒီယာများရဲ့ဖော်ပြချက်အရအသက်၃၀နှစ်ရှိစူပါမားကက်ငွေရှင်းကောင်တာဝန်ထမ်းတစ်ဦးမှာ ယင်းတိုက်ခိုက်မှုနှင့်ဝမ်းဗိုက်နှင့်ရင်ဘတ်တွင် ဓားဒဏ်ရာရရှိပြီးနောက်နှလုံးရောဂါကြောင့်သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။

ယင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိကြသူများထဲတွင်အာဆင်နယ်မှ စီးရီးအေကလပ်မွန်ဇာသို့အငှားဖြင့်သွားရောက်ကစားနေတဲ့စပိန်ဗဟိုနောက်ခံလူပါဘလိုမာရီလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ယင်းတိုက်ခိုက်မှုကိုပြုလုပ်တဲ့အသက်၄၆နှစ်ရှိလူတစ်ဦးကို စူပါမားကက်အတွင်းရှိ သတ္တိရှိတဲ့ဈေးဝယ်သူများကပင်ဝိုင်းဝန်းဖမ်းဆီးမှုပြုလုပ်ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဝင်များရဲ့အဆိုအရယခုတိုက်ခိုက်မှုမှာအကြမ်းဖက်မှုနှင့်ဆက်နွယ်နေခြင်းမရှိကြောင်းနှင့်တိုက်ခိုက်သူမှာစိတ်ပိုင်းဆိုင်ရာပြဿနာရှိနေပြီး စူပါမားကက်အတွင်းမှ ဓားကိုရယူပြီးအနီးရှိ ကြုံရာလူကိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

အသက်၂၉နှစ်ရှိမာရီနှင့် ဓားဒဏ်ရာရရှိတဲ့အခြားလူလေးဦးတို့ကိုဟယ်ရီကော်ပတာဖြင့်ဆေးရုံသို့ပို့ဆောင်ခဲ့ရပါတယ်။အစောပိုင်းကသူ့အခြေအနေစိုးရိမ်ရပေမဲ့လည်းဆေးရုံသို့ရောက်ချိန်တွင်စိုးရိမ်စရာမရှိတော့ကြောင်းလည်းသိရပါတယ်။

မာရီဟာဇနီးသည်၊သားတို့နှင့်အတူ ယင်းစူပါမားကက်သို့ ဈေးဝယ်ထွက်လာရာမှတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

မွန်ဇာစီအီးအိုကဂယ်လီယာနီက “သူကသူ့သားကို ဘီးပါဈေးဝယ်ခြင်းအပေါ်တင်ထားတယ်။ဇနီးကလည်းသူ့အနားမှာရှိတယ်။သူဘာမှသတိမထားမိဘူး။နောက်တော့ကျောကနာလာတယ်ဆိုပြီးခံစားလိုက်ရတော့မှ ဓားနဲ့တိုက်ခိုက်ခံရတာသိလိုက်ရတယ်။ကံဆိုးစွာဘဲသူဟာအခြားသူတစ်ဦး လည်ပင်းအထိုးခံရတာကိုလည်းမြင်ခဲ့ရတယ်။သူဖြစ်ပျက်ခဲ့တာအားလုံးကိုမြင်ခဲ့ရတယ်။အရမ်းတုန်လှုပ်နေတယ်”လို့ပြောကြားသွားပါတယ်။

မာရီဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတုန်းကဘရာဇီးကလပ်ဖလာမင်ဂိုမှအာဆင်နယ်သို့ရောက်လာပြီးနောက်၁၉ပွဲတည်းသာကစားခဲ့ရသူဖြစ်ပါတယ်။သူဟာလက်ရှိအချိန်တွင်မွန်ဇာသို့အငှားဖြင့်သွားရောက်ကစားနေတာဖြစ်ပါတယ်။

ZawGyi

မီလန္စူပါမားကက္ဓားျဖင့္တိုက္ခိုက္မႈေၾကာင့္ လူတစ္ဦးေသဆုံးကာ အာဆင္နယ္စတားအပါအဝင္ လူအေျမာက္အျမားဒဏ္ရာရရွိ

အီတလီႏိုင္ငံ၊မီလန္ၿမိဳ႕ေတာ္အနီးရွိစူပါမားကက္တစ္ခုတြင္ဓားျဖင့္တိုက္ခိုက္မႈတစ္ခုျဖစ္ပ်က္ခဲ့ၿပီး လူတစ္ဦးေသဆုံးကာအာဆင္နယ္စတားတစ္ဦးအပါအဝင္အနည္းဆုံးလူငါးဦးဒဏ္ရာရရွိခဲ့ကာအခ်ိဳ႕မွာစိုးရိမ္ရတဲ့အေနအထားမ်ိဳးတြင္ရွိေနေၾကာင္းသိရပါတယ္။

ေဒသခံမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရအသက္၃၀ႏွစ္ရွိစူပါမားကက္ေငြရွင္းေကာင္တာဝန္ထမ္းတစ္ဦးမွာ ယင္းတိုက္ခိုက္မႈႏွင့္ဝမ္းဗိုက္ႏွင့္ရင္ဘတ္တြင္ ဓားဒဏ္ရာရရွိၿပီးေနာက္ႏွလုံးေရာဂါေၾကာင့္ေသဆုံးသြားခဲ့ေၾကာင္းသိရပါတယ္။

ယင္းတိုက္ခိုက္မႈေၾကာင့္ဒဏ္ရာရရွိၾကသူမ်ားထဲတြင္အာဆင္နယ္မွ စီးရီးေအကလပ္မြန္ဇာသို႔အငွားျဖင့္သြားေရာက္ကစားေနတဲ့စပိန္ဗဟိုေနာက္ခံလူပါဘလိုမာရီလည္းတစ္ဦးအပါအဝင္ျဖစ္ပါတယ္။

ယင္းတိုက္ခိုက္မႈကိုျပဳလုပ္တဲ့အသက္၄၆ႏွစ္ရွိလူတစ္ဦးကို စူပါမားကက္အတြင္းရွိ သတၱိရွိတဲ့ေဈးဝယ္သူမ်ားကပင္ဝိုင္းဝန္းဖမ္းဆီးမႈျပဳလုပ္ခဲ့ၾကပါတယ္။

ရဲတပ္ဖြဲ႕ဝင္မ်ားရဲ႕အဆိုအရယခုတိုက္ခိုက္မႈမွာအၾကမ္းဖက္မႈႏွင့္ဆက္ႏြယ္ေနျခင္းမရွိေၾကာင္းႏွင့္တိုက္ခိုက္သူမွာစိတ္ပိုင္းဆိုင္ရာျပႆနာရွိေနၿပီး စူပါမားကက္အတြင္းမွ ဓားကိုရယူၿပီးအနီးရွိ ႀကဳံရာလူကိုတိုက္ခိုက္ခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၉ႏွစ္ရွိမာရီႏွင့္ ဓားဒဏ္ရာရရွိတဲ့အျခားလူေလးဦးတို႔ကိုဟယ္ရီေကာ္ပတာျဖင့္ေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ရပါတယ္။အေစာပိုင္းကသူ႔အေျခအေနစိုးရိမ္ရေပမဲ့လည္းေဆး႐ုံသို႔ေရာက္ခ်ိန္တြင္စိုးရိမ္စရာမရွိေတာ့ေၾကာင္းလည္းသိရပါတယ္။

မာရီဟာဇနီးသည္၊သားတို႔ႏွင့္အတူ ယင္းစူပါမားကက္သို႔ ေဈးဝယ္ထြက္လာရာမွတိုက္ခိုက္ခံခဲ့ရတာျဖစ္ပါတယ္။

မြန္ဇာစီအီးအိုကဂယ္လီယာနီက “သူကသူ႔သားကို ဘီးပါေဈးဝယ္ျခင္းအေပၚတင္ထားတယ္။ဇနီးကလည္းသူ႔အနားမွာရွိတယ္။သူဘာမွသတိမထားမိဘူး။ေနာက္ေတာ့ေက်ာကနာလာတယ္ဆိုၿပီးခံစားလိုက္ရေတာ့မွ ဓားနဲ႔တိုက္ခိုက္ခံရတာသိလိုက္ရတယ္။ကံဆိုးစြာဘဲသူဟာအျခားသူတစ္ဦး လည္ပင္းအထိုးခံရတာကိုလည္းျမင္ခဲ့ရတယ္။သူျဖစ္ပ်က္ခဲ့တာအားလုံးကိုျမင္ခဲ့ရတယ္။အရမ္းတုန္လႈပ္ေနတယ္”လို႔ေျပာၾကားသြားပါတယ္။

မာရီဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလတုန္းကဘရာဇီးကလပ္ဖလာမင္ဂိုမွအာဆင္နယ္သို႔ေရာက္လာၿပီးေနာက္၁၉ပြဲတည္းသာကစားခဲ့ရသူျဖစ္ပါတယ္။သူဟာလက္ရွိအခ်ိန္တြင္မြန္ဇာသို႔အငွားျဖင့္သြားေရာက္ကစားေနတာျဖစ္ပါတယ္။