မီလန်ဒါဘီပွဲတွင် အံ့ဩစရာအနိုင်ဂိုးသွင်းပြီးနောက် အင်တာတွင် အဲရစ်ဆင် ဆက်ရှိမည်ဟု ကွန်တီအတည်ပြု

အင်တာမီလန်နည်းပြအန်တိုနီယိုကွန်တီကပြီးခဲ့တဲ့ရက်သတ္တပတ်များတွင်းအသင်းပြောင်းမည်ဟုသတင်းများထွက်ပေါ်လာခဲ့တဲ့ခရစ္စတီယန်အဲရစ်ဆင်မှာအသင်းတွင်ဆက်ရှိနေမှာဖြစ်ကြောင်းပြောကြားလာပါတယ်။

အဲရစ်ဆင်ဟာမနေ့ညတုန်းကအေစီမီလန်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ကိုပါအီတာလီယာကွာတားဖိုင်နယ်ပွဲစဉ်တွင်လူ စားဝင်ရောက်လာပြီးနောက်အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်တိုက်စစ်သမားဟာပွဲချိန်၉၇မိနစ်မှာဖရီးကစ်အားတိုက်ရိုက်ကန်သွင်းကာအင်တာမီလန်အားကိုပါအီတာလီယာဆီမီးဖိုင်နယ်သို့ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ကွန်တီက “အသင်းကနေဘယ်သူမှလည်းထွက်ခွာမှာမဟုတ်ပါဘူး။ဘယ်သူမှလည်းရောက်လာမှာမဟုတ်ပါဘူး။ ခရစ္စတီယန်ကဉာဏ်အရမ်းကောင်းတဲ့သူပါ။အရည်အချင်းလည်းရှိတယ်။သူကဒီစီမံကိန်းရဲ့အစိတ်အပိုင်းဖြစ်ပါတယ်။သူဂိုးသွင်းနိုင်လို့အရမ်းဝမ်းသာတယ်။သူကဖရီးကစ်ကောင်းတော့သူ့ကိုဘဲကန်စေချင်ခဲ့တယ်။သူကရှက်တတ် တယ်။ဒီဂိုးကြောင့်သူလိပ်ခွံထဲမှာမနေဘဲထွက်လာဖို့လှုံဆော်နိုင်ဖို့မျှော်လင့်ပါတယ်။သူကလူကောင်းလေးတစ်ဦးပါ။သူ့အနေနဲ့ဆုံးဖြတ်ချက်ပြတ်သားဖို့လိုတယ်”လို့ပြောကြားသွားပါတယ်။

ကွန်တီဦးဆောင်တဲ့အင်တာမီလန်ဟာကိုပါအီတာလီယာဖလားဆီမီးဖိုင်နယ်တွင်ဂျူဗင်တပ်နှင့်ရင်ဆိုင်ကစားရမှာ ဖြစ်ပြီးဆီမီးဖိုင်နယ်မှာနှစ်ကျော့ကစားရပါမယ်။

ZawGyi

မီလန္ဒါဘီပြဲတြင္ အံ့ဩစရာအႏိုင္ဂိုးသြင္းၿပီးေနာက္ အင္တာတြင္ အဲရစ္ဆင္ ဆက္ရွိမည္ဟု ကြန္တီအတည္ျပဳ

အင္တာမီလန္နည္းျပအန္တိုနီယိုကြန္တီကၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားတြင္းအသင္းေျပာင္းမည္ဟုသတင္းမ်ားထြက္ေပၚလာခဲ့တဲ့ခရစၥတီယန္အဲရစ္ဆင္မွာအသင္းတြင္ဆက္ရွိေနမွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အဲရစ္ဆင္ဟာမေန႔ညတုန္းကေအစီမီလန္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ကိုပါအီတာလီယာကြာတားဖိုင္နယ္ပြဲစဥ္တြင္လူ စားဝင္ေရာက္လာၿပီးေနာက္အဖိုးတန္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

ဒိန္းမတ္လက္ေ႐ြးစင္ကြင္းလယ္တိုက္စစ္သမားဟာပြဲခ်ိန္၉၇မိနစ္မွာဖရီးကစ္အားတိုက္႐ိုက္ကန္သြင္းကာအင္တာမီလန္အားကိုပါအီတာလီယာဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ကြန္တီက “အသင္းကေနဘယ္သူမွလည္းထြက္ခြာမွာမဟုတ္ပါဘူး။ဘယ္သူမွလည္းေရာက္လာမွာမဟုတ္ပါဘူး။ ခရစၥတီယန္ကဉာဏ္အရမ္းေကာင္းတဲ့သူပါ။အရည္အခ်င္းလည္းရွိတယ္။သူကဒီစီမံကိန္းရဲ႕အစိတ္အပိုင္းျဖစ္ပါတယ္။သူဂိုးသြင္းႏိုင္လို႔အရမ္းဝမ္းသာတယ္။သူကဖရီးကစ္ေကာင္းေတာ့သူ႔ကိုဘဲကန္ေစခ်င္ခဲ့တယ္။သူကရွက္တတ္ တယ္။ဒီဂိုးေၾကာင့္သူလိပ္ခြံထဲမွာမေနဘဲထြက္လာဖို႔လႈံေဆာ္ႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္။သူကလူေကာင္းေလးတစ္ဦးပါ။သူ႔အေနနဲ႔ဆုံးျဖတ္ခ်က္ျပတ္သားဖို႔လိုတယ္”လို႔ေျပာၾကားသြားပါတယ္။

ကြန္တီဦးေဆာင္တဲ့အင္တာမီလန္ဟာကိုပါအီတာလီယာဖလားဆီမီးဖိုင္နယ္တြင္ဂ်ဴဗင္တပ္ႏွင့္ရင္ဆိုင္ကစားရမွာ ျဖစ္ၿပီးဆီမီးဖိုင္နယ္မွာႏွစ္ေက်ာ့ကစားရပါမယ္။