မီလန်ဒါဘီပွဲမတိုင်မီ ဆန်စီရိုကွင်းအပြင်ဘက်တွင်အီဘရာဟီမိုဗစ်နှင့်လူကာကူရန်ပွဲပုံနံရံဆေးပန်းချီထွက်ပေါ်လာ

ယခုအပတ်အကုန်တွင်အေစီမီလန်နှင့်အင်တာမီလန်တို့ရဲ့မီလန်ဒါဘီပွဲစဉ်မတိုင်မီဆန်စီရိုကွင်းအပြင်ဘက်တွင်ရိုမီလူလူကာကူနှင့်ဇလာတန်အီဘရာဟီမိုဗစ်တို့ခိုက်ရန်ဖြစ်ပွားနေတဲ့နံရံဆေးရေးပန်းချီတစ်ခုထွက်ပေါ်လာပါတယ်။

လာမယ့်တနင်္ဂနွေနေ့တွင်ကစားရမယ့်မီလန်ဒါဘီပွဲစဉ်မှာဒါဘီပွဲဖြစ်ရုံတင်မကအမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက်အရေးပါတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။လက်ရှိအချိန်တွင်အင်တာမီလန်ကမီလန်ကိုနှစ်မှတ်ဖြတ်ကာအမှတ်ပေး ဇယားထိပ်ဆုံးပူပူနွေးနွေးတက်ထားနိုင်ပါတယ်။

ယင်းနှစ်သင်းတို့ဟာယခုလအစောပိုင်းတုန်းကကိုပါအီတာလီယာကွာတားဖိုင်နယ်မှာထိပ်တိုက်တွေ့ခဲ့ကြပြီးလူကာကူနှင့်အီဘရာဟီမိုဗစ်တို့အချင်းများခဲ့ကြပါတယ်။လူကာကူနှင့်အီဘရာဟီမိုဗစ်တို့ဟာအပြန်အလှန်ဆဲဆိုမှုများရှိခဲ့ကြပြီးခေါင်းချင်းဆိုင်ကာတိုက်ခဲ့ကြပါတယ်။

အေစီမီလန်တိုက်စစ်မှူးအီဘရာဟီမိုဗစ်ဟာလူကာကူကိုလူမျိုးရေးခွဲခြားဆက်ဆံပြောဆိုခဲ့တယ်ဆိုပြီးအီတလီ ဘောလုံးအဖွဲ့ချုပ်ရဲ့စုံစမ်းစစ်ဆေးမှုခံနေရပါတယ်။

ယခုအခါအီဘရာဟီမိုဗစ်နှင့်လူကာကူတို့ခေါင်းချင်းဆိုင်ကာရန်စူနေတဲ့ပုံကိုဆန်စီရိုကွင်းအပြင်ဘက်မှာပန်းချီဆရာတစ်ဦးကရေးဆွဲလာပါတယ်။ဒါ့အပြင် Face to Face ၊ Heart to Heart ဆိုပြီးတော့လည်း ရေးသားထားပါသေးတယ်။

ZawGyi

မီလန္ဒါဘီပြဲမတိုင္မီ ဆန္စီ႐ိုကြင္းအျပင္ဘက္တြင္အီဘရာဟီမိုဗစ္ႏွင့္လူကာကူရန္ပြဲပုံနံရံေဆးပန္းခ်ီထြက္ေပၚလာ

ယခုအပတ္အကုန္တြင္ေအစီမီလန္ႏွင့္အင္တာမီလန္တို႔ရဲ႕မီလန္ဒါဘီပြဲစဥ္မတိုင္မီဆန္စီ႐ိုကြင္းအျပင္ဘက္တြင္႐ိုမီလူလူကာကူႏွင့္ဇလာတန္အီဘရာဟီမိုဗစ္တို႔ခိုက္ရန္ျဖစ္ပြားေနတဲ့နံရံေဆးေရးပန္းခ်ီတစ္ခုထြက္ေပၚလာပါတယ္။

လာမယ့္တနဂၤေႏြေန႔တြင္ကစားရမယ့္မီလန္ဒါဘီပြဲစဥ္မွာဒါဘီပြဲျဖစ္႐ုံတင္မကအမွတ္ေပးဇယားထိပ္ဆုံးေနရာအတြက္အေရးပါတဲ့ပြဲစဥ္လည္းျဖစ္ပါတယ္။လက္ရွိအခ်ိန္တြင္အင္တာမီလန္ကမီလန္ကိုႏွစ္မွတ္ျဖတ္ကာအမွတ္ေပး ဇယားထိပ္ဆုံးပူပူေႏြးေႏြးတက္ထားႏိုင္ပါတယ္။

ယင္းႏွစ္သင္းတို႔ဟာယခုလအေစာပိုင္းတုန္းကကိုပါအီတာလီယာကြာတားဖိုင္နယ္မွာထိပ္တိုက္ေတြ႕ခဲ့ၾကၿပီးလူကာကူႏွင့္အီဘရာဟီမိုဗစ္တို႔အခ်င္းမ်ားခဲ့ၾကပါတယ္။လူကာကူႏွင့္အီဘရာဟီမိုဗစ္တို႔ဟာအျပန္အလွန္ဆဲဆိုမႈမ်ားရွိခဲ့ၾကၿပီးေခါင္းခ်င္းဆိုင္ကာတိုက္ခဲ့ၾကပါတယ္။

ေအစီမီလန္တိုက္စစ္မႉးအီဘရာဟီမိုဗစ္ဟာလူကာကူကိုလူမ်ိဳးေရးခြဲျခားဆက္ဆံေျပာဆိုခဲ့တယ္ဆိုၿပီးအီတလီ ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕စုံစမ္းစစ္ေဆးမႈခံေနရပါတယ္။

ယခုအခါအီဘရာဟီမိုဗစ္ႏွင့္လူကာကူတို႔ေခါင္းခ်င္းဆိုင္ကာရန္စူေနတဲ့ပုံကိုဆန္စီ႐ိုကြင္းအျပင္ဘက္မွာပန္းခ်ီဆရာတစ္ဦးကေရးဆြဲလာပါတယ္။ဒါ့အျပင္ Face to Face ၊ Heart to Heart ဆိုၿပီးေတာ့လည္း ေရးသားထားပါေသးတယ္။