မီလန်နှင့်ပွဲတွင် ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ဒဏ်ရာပြင်းထန်စွာရရှိလို့ ကာလရှည်နားရဖို့ ရှိနေတဲ့ ဖိုဖာနာ

ချဲလ်ဆီးစတားဝက်စ်လေဖိုဖာနာဟာမနေ့ညတုန်းကအေစီမီလန်နှင့်ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ပထမပိုင်းတွင်ဒဏ်ရာရရှိခဲ့ပြီးနောက်လူစားလဲခဲ့ရပါတယ်။

နွေရာသီတွင်လက်စတာမှရောက်လာတဲ့ပြင်သစ်နောက်ခံလူဟာဒဏ်ရာပြင်းထန်စွာရရှိမှုနဲ့အတူကွင်းအပြင်သို့ဂျိုင်းထောက်ဖြင့်ထွက်ခွာသွားခဲ့ရတာလည်းတွေ့ရပါတယ်။

အသက်၂၁နှစ်ရှိဖိုဖာနာဟာစတမ်းဖို့ဒ်ဘရစ်ချ်တွင်မီလန်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိကာယခုရာသီပထမဆုံးချန်ပီယံလိဂ်နိုင်ပွဲရအောင်ကူညီနိုင်ခဲ့ပါတယ်။

သူဟာပွဲချိန်၂၄မိနစ်တွင်သူ့ရဲ့ပထမဆုံးချန်ပီယံလိဂ်ဂိုးကိုသွင်းယူနိုင်ခဲ့ပေမဲ့လည်း၁၄မိနစ်အကြာတွင်ဒူးဒဏ်ရာရရှိကာချာလိုဘာနှင့်လူစားလဲခဲ့ရပါတယ်။

ဖိုဖာနာဟာလွန်ခဲ့တဲ့နှစ်တုန်းကလည်းလက်စတာတွင်ကစားစဉ်တုန်းကခြေထောက်ကျိုးဒဏ်ရာကြောင့်ကာလရှည်ကြာအနားယူခဲ့ရဖူးသူဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဖိုဖာနာဟာဒူးဒဏ်ရာသစ်ကြောင့်ဘယ်လောက်အနားယူရမလဲဆိုတာအတိအကျမသိရသေးပေမဲ့စိုးရိမ်စရာကောင်းတဲ့အနေအထားမှာရှိနေတာတော့အမှန်ပါပဲ။

ZawGyi

မီလန္ႏွင့္ပြဲတြင္ ဂိုးသြင္းႏိုင္ခဲ့ေပမဲ့ ဒဏ္ရာျပင္းထန္စြာရရွိလို႔ ကာလရွည္နားရဖို႔ ရွိေနတဲ့ ဖိုဖာနာ

ခ်ဲလ္ဆီးစတားဝက္စ္ေလဖိုဖာနာဟာမေန႔ညတုန္းကေအစီမီလန္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္ရဲ႕ပထမပိုင္းတြင္ဒဏ္ရာရရွိခဲ့ၿပီးေနာက္လူစားလဲခဲ့ရပါတယ္။

ေႏြရာသီတြင္လက္စတာမွေရာက္လာတဲ့ျပင္သစ္ေနာက္ခံလူဟာဒဏ္ရာျပင္းထန္စြာရရွိမႈနဲ႔အတူကြင္းအျပင္သို႔ဂ်ိဳင္းေထာက္ျဖင့္ထြက္ခြာသြားခဲ့ရတာလည္းေတြ႕ရပါတယ္။

အသက္၂၁ႏွစ္ရွိဖိုဖာနာဟာစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္မီလန္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိကာယခုရာသီပထမဆုံးခ်န္ပီယံလိဂ္ႏိုင္ပြဲရေအာင္ကူညီႏိုင္ခဲ့ပါတယ္။

သူဟာပြဲခ်ိန္၂၄မိနစ္တြင္သူ႔ရဲ႕ပထမဆုံးခ်န္ပီယံလိဂ္ဂိုးကိုသြင္းယူႏိုင္ခဲ့ေပမဲ့လည္း၁၄မိနစ္အၾကာတြင္ဒူးဒဏ္ရာရရွိကာခ်ာလိုဘာႏွင့္လူစားလဲခဲ့ရပါတယ္။

ဖိုဖာနာဟာလြန္ခဲ့တဲ့ႏွစ္တုန္းကလည္းလက္စတာတြင္ကစားစဥ္တုန္းကေျခေထာက္က်ိဳးဒဏ္ရာေၾကာင့္ကာလရွည္ၾကာအနားယူခဲ့ရဖူးသူျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဖိုဖာနာဟာဒူးဒဏ္ရာသစ္ေၾကာင့္ဘယ္ေလာက္အနားယူရမလဲဆိုတာအတိအက်မသိရေသးေပမဲ့စိုးရိမ္စရာေကာင္းတဲ့အေနအထားမွာရွိေနတာေတာ့အမွန္ပါပဲ။