မီလန်နှင့်ပွဲတွင် ရီစီဂျိမ်းစ်ဒဏ်ရာရရှိသွားပြီးနောက် အင်္ဂလန်ကမ္ဘာ့ဖလားအတွက် စိုးရိမ်စရာဖြစ်လာ

ရီစီဂျိမ်းစ်ဟာမနေ့ညတုန်းကအေစီမီလန်နှင့်ချန်ပီယံလိဂ်ပွဲစဉ်မှာဒဏ်ရာရရှိပြီးလူစားလဲလှယ်မှုပြုလုပ်ခဲ့ရပါတယ်။

ချဲလ်ဆီးနောက်ခံလူဟာဆန်စီရိုပွဲစဉ်တွင်ပွဲချိန်တစ်နာရီစွန်းစွန်းတွင်ဒူးဒဏ်ရာရရှိကာအသင်းခေါင်းဆောင်ဆီဇာအက်ဇ်ပီလီကူတာနှင့်လူစားလဲခဲ့ရပါတယ်။

ရီစီဂျိမ်းစ်ကိုလူစားလဲပြီးနောက်ချဲလ်ဆီးဆေးအဖွဲ့ဝင်များဟာသူ့ရဲ့ဒူးကိုကိုင်တွယ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီးယနေ့တွင်လန်ဒန်မှာဆက်လက်စစ်ဆေးမှုပြုလုပ်သွားဖို့ရှိပါတယ်။

လက်ရှိအချိန်တွင်ချဲလ်ဆီးကတော့နောက်ခံလူရီစီဂျိမ်းစ်ရဲ့ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီးတိတိကျကျ ဖြေကြားထားတာမရှိသေးပါဘူး။

အသက်၂၂နှစ်ရှိရီစီဂျိမ်းစ် ဒဏ်ရာရရှိသွားမှုက ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်တစ်လတာလိုတော့တဲ့အချိန်တွင်ဖြစ်နေရာအင်္ဂလန်နည်းပြဆောက်ဂိတ်အတွက်စိုးရိမ်စရာဖြစ်နေပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်အတွက်တော့ညာနောက်ခံလူနေရာအတွက်ရွေးချယ်စရာများစွာရှိနေပါတယ်။နယူးကာဆယ်နောက်ခံလူကီရန်ထရစ်ပီယာနှင့်လီဗာပူးနောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးတို့ရှိပါသေးတယ်။ဒါပေမဲ့ထရန်းအလက်ဇန္ဒားအာနိုးကိုဆောက်ဂိတ်ကျေနပ်အားရခြင်းမရှိသလို၎င်းမှာလည်းဒဏ်ရာကြောင့်အနားယူနေရပါတယ်။

အင်္ဂလန်ဟာလာမယ့်နိုဝင်ဘာလ၂၁ရက်နေ့တွင်အီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲကစားသွားရပါမယ်။

ZawGyi

မီလန္ႏွင့္ပြဲတြင္ ရီစီဂ်ိမ္းစ္ဒဏ္ရာရရွိသြားၿပီးေနာက္ အဂၤလန္ကမာၻ႔ဖလားအတြက္ စိုးရိမ္စရာျဖစ္လာ

ရီစီဂ်ိမ္းစ္ဟာမေန႔ညတုန္းကေအစီမီလန္ႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္မွာဒဏ္ရာရရွိၿပီးလူစားလဲလွယ္မႈျပဳလုပ္ခဲ့ရပါတယ္။

ခ်ဲလ္ဆီးေနာက္ခံလူဟာဆန္စီ႐ိုပြဲစဥ္တြင္ပြဲခ်ိန္တစ္နာရီစြန္းစြန္းတြင္ဒူးဒဏ္ရာရရွိကာအသင္းေခါင္းေဆာင္ဆီဇာအက္ဇ္ပီလီကူတာႏွင့္လူစားလဲခဲ့ရပါတယ္။

ရီစီဂ်ိမ္းစ္ကိုလူစားလဲၿပီးေနာက္ခ်ဲလ္ဆီးေဆးအဖြဲ႕ဝင္မ်ားဟာသူ႔ရဲ႕ဒူးကိုကိုင္တြယ္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကၿပီးယေန႔တြင္လန္ဒန္မွာဆက္လက္စစ္ေဆးမႈျပဳလုပ္သြားဖို႔ရွိပါတယ္။

လက္ရွိအခ်ိန္တြင္ခ်ဲလ္ဆီးကေတာ့ေနာက္ခံလူရီစီဂ်ိမ္းစ္ရဲ႕ဒဏ္ရာအေျခအေနႏွင့္ပတ္သက္ၿပီးတိတိက်က် ေျဖၾကားထားတာမရွိေသးပါဘူး။

အသက္၂၂ႏွစ္ရွိရီစီဂ်ိမ္းစ္ ဒဏ္ရာရရွိသြားမႈက ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္တစ္လတာလိုေတာ့တဲ့အခ်ိန္တြင္ျဖစ္ေနရာအဂၤလန္နည္းျပေဆာက္ဂိတ္အတြက္စိုးရိမ္စရာျဖစ္ေနပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္အတြက္ေတာ့ညာေနာက္ခံလူေနရာအတြက္ေ႐ြးခ်ယ္စရာမ်ားစြာရွိေနပါတယ္။နယူးကာဆယ္ေနာက္ခံလူကီရန္ထရစ္ပီယာႏွင့္လီဗာပူးေနာက္ခံလူထရန္းအလက္ဇႏၵားအာႏိုးတို႔ရွိပါေသးတယ္။ဒါေပမဲ့ထရန္းအလက္ဇႏၵားအာႏိုးကိုေဆာက္ဂိတ္ေက်နပ္အားရျခင္းမရွိသလို၎မွာလည္းဒဏ္ရာေၾကာင့္အနားယူေနရပါတယ္။

အဂၤလန္ဟာလာမယ့္ႏိုဝင္ဘာလ၂၁ရက္ေန႔တြင္အီရန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲကစားသြားရပါမယ္။