မီလန်ရဲ့ကယ်ဟန်နိုဂလူနှင့် ဟာနန်ဒက်ဇ် ကိုဗစ်ကူးစက်ခံထားရ၍ ကက်ဂလီယာရီပွဲလွဲမည်

အေစီမီလန်ရဲ့အဓိကကစားသမားများဖြစ်ကြတဲ့ဟာကန်ကယ်ဟန်နိုဂလူနဲ့သီယိုဟာနန်ဒက်ဇ်တို့ဟာကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းတွေ့ရှိရပြီးနောက်ကွာရန်တင်းဝင်နေရပါတယ်။

အေစီမီလန်ကစားသမားနှစ်ဦးတို့ဟာယနေ့ညတွင်ကစားမယ့်ကက်ဂလီယာရီနှင့်ပွဲအတွက်စနေနေ့တုန်းက ကိုဗစ်စစ်ဆေးမှုခံယူခဲ့ကြပါတယ်။

ကစားသမားနှစ်ဦးတို့ဟာကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရပြီးနောက်ချက်ချင်းပင်အစိုးရရဲ့လမ်းညွှန်ချက် အတိုင်းကွာရန်တင်းဝင်နေကြပါတယ်။၎င်းတို့နှစ်ဦးဟာနေအိမ်မှာဘဲကွာရန်တင်းဝင်နေကြတာဖြစ်ပါတယ်။

ကိုဗစ်ကူးစက်ခံထားရတဲ့ကယ်ဟန်နိုဂလူနဲ့ဟာနန်ဒက်ဇ်တို့ဟာယနေ့ညတွင်ကစားမယ့်ကက်ဂလီယာရီနှင့် ပွဲစဉ်ကိုလွဲချော်ပါမယ်။

ဒါပေမယ့်ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီဖြစ်တဲ့အဓိကတိုက်စစ်မှူးဇလာတန်အီဘရာဟီမိုဗစ်မှာကက်ဂလီယာရီနှင့်ပွဲမှာပွဲထွက်လာပါမယ်။

အေစီမီလန်ဟာလာမယ့်စနေနေ့မှာဆန်စီရိုမှာအတ္တလန္တာကိုဧည့်ခံကစားရမှာဖြစ်ပြီးဇန်နဝါရီလ၂၅ရက်နေ့မှာမြို့ခံ ပြိုင်ဘက်အင်တာမီလန်နှင့်ကိုပါအီတာလီယာဖလားကွာတားဖိုင်နယ်ပွဲစဉ်ကစားရပါမယ်။

ZawGyi

မီလန္ရဲ႕ကယ္ဟန္ႏိုဂလူႏွင့္ ဟာနန္ဒက္ဇ္ ကိုဗစ္ကူးစက္ခံထားရ၍ ကက္ဂလီယာရီပြဲလြဲမည္

ေအစီမီလန္ရဲ႕အဓိကကစားသမားမ်ားျဖစ္ၾကတဲ့ဟာကန္ကယ္ဟန္ႏိုဂလူနဲ႔သီယိုဟာနန္ဒက္ဇ္တို႔ဟာကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိရၿပီးေနာက္ကြာရန္တင္းဝင္ေနရပါတယ္။

ေအစီမီလန္ကစားသမားႏွစ္ဦးတို႔ဟာယေန႔ညတြင္ကစားမယ့္ကက္ဂလီယာရီႏွင့္ပြဲအတြက္စေနေန႔တုန္းက ကိုဗစ္စစ္ေဆးမႈခံယူခဲ့ၾကပါတယ္။

ကစားသမားႏွစ္ဦးတို႔ဟာကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရၿပီးေနာက္ခ်က္ခ်င္းပင္အစိုးရရဲ႕လမ္းၫႊန္ခ်က္ အတိုင္းကြာရန္တင္းဝင္ေနၾကပါတယ္။၎တို႔ႏွစ္ဦးဟာေနအိမ္မွာဘဲကြာရန္တင္းဝင္ေနၾကတာျဖစ္ပါတယ္။

ကိုဗစ္ကူးစက္ခံထားရတဲ့ကယ္ဟန္ႏိုဂလူနဲ႔ဟာနန္ဒက္ဇ္တို႔ဟာယေန႔ညတြင္ကစားမယ့္ကက္ဂလီယာရီႏွင့္ ပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။

ဒါေပမယ့္ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝေနၿပီျဖစ္တဲ့အဓိကတိုက္စစ္မႉးဇလာတန္အီဘရာဟီမိုဗစ္မွာကက္ဂလီယာရီႏွင့္ပြဲမွာပြဲထြက္လာပါမယ္။

ေအစီမီလန္ဟာလာမယ့္စေနေန႔မွာဆန္စီ႐ိုမွာအတၱလႏၲာကိုဧည့္ခံကစားရမွာျဖစ္ၿပီးဇန္နဝါရီလ၂၅ရက္ေန႔မွာၿမိဳ႕ခံ ၿပိဳင္ဘက္အင္တာမီလန္ႏွင့္ကိုပါအီတာလီယာဖလားကြာတားဖိုင္နယ္ပြဲစဥ္ကစားရပါမယ္။