မီလန်ရဲ့ချန်ပီယံလိဂ်သူရဲကောင်းမှာ ပစ္စည်းပို့ကားမောင်းသမားတစ်ဦးအဖြစ်ကျင်လည်ခဲ့ပြီး အသက်၂၇ နှစ်ရောက်မှပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာသူဖြစ်

ဂျူနီယာမက်စ်ဆီယက်စ်ဟာဗုဒ္ဓဟူးနေ့ညတုန်းကအက်သလက်တီကိုနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာအေစီမီလန်အတွက်နောက်ကျအနိုင်ဂိုးကိုသွင်းယူခဲ့ပြီးနောက်ကောင်းကင်ကိုလက်ညှိးထိုးကာဒူးထောက်အောင်ပွဲခံခဲ့ပါတယ်။

တိုက်စစ်မှူးဟာပွဲချိန်၆၄မိနစ်မှာလူစားဝင်ရောက်လာကစားခဲ့တာဖြစ်ပြီးအသက်၃၀နှစ်နီးပါးအရွယ်ရောက်မှပထမဆုံးချန်ပီယံလိဂ်ပွဲကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ဒီတော့သူ့အတွက်ယင်းဂိုးကတကယ့်ကိုအရေးပါလှပါတယ်။

တကယ်တော့မက်ဆီယက်စ်အတွက်ဒီကနေ့လိုအချိန်မျိုးအထိရောက်လာချိန်ဖို့ခက်ခဲကြမ်းတမ်းတဲ့ခရီးကိုလျှောက်လှမ်းခဲ့ရတာပါ။သူဟာအသက်၂၇နှစ်အရွယ်ရောက်မှပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။သူဟာပုံမှန်အလုပ်တစ်ခုလုပ်ရင်းအီတလီအပျော်တမ်းလိဂ်များမှာကျင်လည်ကစားကာဇနီးနှင့်သားကိုကျွေးမွေးစောင့်ရှောက်လာခဲ့တာလည်းဖြစ်ပါတယ်။

သူ့အလုပ်ကပစ္စည်းပို့ကားမောင်းသမားဖြစ်ပါတယ်။အသက်၂၄နှစ်အရွယ်မှာသူဟာတူရင်မှာဘောလုံးကစားနေရင်း ရေခဲသေတ္တာနှင့်အခြားအိမ်အသုံးအဆောင်ပစ္စည်းလိုက်လံပို့ဆောင်ရတဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။

သူဟာယင်းအလုပ်ကြောင့်ပဲကာဆဲလ်ကမ်းလှမ်းလာမှုကိုပယ်ချခဲ့ရပါတယ်။

သူဟာအီတလီသို့မပြောင်းခင်ပီရူးကလပ်တစ်ခုမှာလည်းကစားခဲ့ရပါတယ်။သူဟာ၂၀၁၈ခုနှစ်မှာမှပထမဆုံးပရော်ဖက်ရှင်နယ်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။ထိုစဉ်ကဂိုဇာနိုမှာကစားနေတာဖြစ်ပြီးပီယာဇင်ဇာဘက်သို့သွင်းယူခဲ့တာပါ။

ယင်းသို့သူဟာခရိုတုန်းသို့ပြောင်းခဲ့ပြီး၂၀၁၉-၂၀ရာသီမှာ၆ဂိုးသွင်းကာစီးရီးအေသို့တန်းတက်ရအောင်ကူညီခဲ့ပါတယ်။

မီလန်ဟာသူ့ရဲ့ခြေစွမ်းကိုသဘောကျပြီးအငှားနဲ့ခေါ်ယူခဲ့ပါတယ်။သူဟာယခုရာသီမှာမီလန်အတွက်၃ပွဲတည်းသာကစားရသေးတယ်ဆိုပေမယ့်လည်းစပိန်မြေကကစားရခက်ခဲတဲ့ဝန်ဒါမီထရိုပိုလီတာနိုမှာအေစီမီလန်အတွက်အနိုင်ဆောင်ကျဉ်းပေးခဲ့ပါတယ်။

ဘရာဇီးတိုက်စစ်သမားဟာအေစီမီလန်အတွက်အဖိုးတန်အနိုင်ဂိုးကိုခေါင်းတိုက်သွင်းယူပြီးချန်ပီယံလိဂ်၁၆သင်းအဆင့်သို့တက်ရောက်ရေးအိပ်မက်ကိုဆက်လက်ရှင်သန်စေခဲ့ပါတယ်။အေစီမီလန်ဟာဒုတိယနေရာမှာပေါ်တိုနှင့်တစ်မှတ်သာကွာဟကာအုပ်စုနောက်ဆုံးပွဲအနိုင်ရရင်နောက်တစ်ဆင့်တက်ခွင့်ရလာတော့မှာဖြစ်ပါတယ်။မီလန်ဟာအုပ်စုနောက်ဆုံးပွဲမှာဆန်စီရိုကွင်းမှာလီဗာပူးကိုဧည့်ခံကစားရပါမယ်။

ZawGyi

မီလန္ရဲ႕ခ်န္ပီယံလိဂ္သူရဲေကာင္းမွာ ပစၥည္းပို႔ကားေမာင္းသမားတစ္ဦးအျဖစ္က်င္လည္ခဲ့ၿပီး အသက္၂၇ ႏွစ္ေရာက္မွပေရာ္ဖက္ရွင္နယ္ကစားသမားျဖစ္လာသူျဖစ္

ဂ်ဴနီယာမက္စ္ဆီယက္စ္ဟာဗုဒၶဟူးေန႔ညတုန္းကအက္သလက္တီကိုႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာေအစီမီလန္အတြက္ေနာက္က်အႏိုင္ဂိုးကိုသြင္းယူခဲ့ၿပီးေနာက္ေကာင္းကင္ကိုလက္ညႇိးထိုးကာဒူးေထာက္ေအာင္ပြဲခံခဲ့ပါတယ္။

တိုက္စစ္မႉးဟာပြဲခ်ိန္၆၄မိနစ္မွာလူစားဝင္ေရာက္လာကစားခဲ့တာျဖစ္ၿပီးအသက္၃၀ႏွစ္နီးပါးအ႐ြယ္ေရာက္မွပထမဆုံးခ်န္ပီယံလိဂ္ပြဲကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ဒီေတာ့သူ႔အတြက္ယင္းဂိုးကတကယ့္ကိုအေရးပါလွပါတယ္။

တကယ္ေတာ့မက္ဆီယက္စ္အတြက္ဒီကေန႔လိုအခ်ိန္မ်ိဳးအထိေရာက္လာခ်ိန္ဖို႔ခက္ခဲၾကမ္းတမ္းတဲ့ခရီးကိုေလွ်ာက္လွမ္းခဲ့ရတာပါ။သူဟာအသက္၂၇ႏွစ္အ႐ြယ္ေရာက္မွပေရာ္ဖက္ရွင္နယ္ေဘာလုံးကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။သူဟာပုံမွန္အလုပ္တစ္ခုလုပ္ရင္းအီတလီအေပ်ာ္တမ္းလိဂ္မ်ားမွာက်င္လည္ကစားကာဇနီးႏွင့္သားကိုေကြၽးေမြးေစာင့္ေရွာက္လာခဲ့တာလည္းျဖစ္ပါတယ္။

သူ႔အလုပ္ကပစၥည္းပို႔ကားေမာင္းသမားျဖစ္ပါတယ္။အသက္၂၄ႏွစ္အ႐ြယ္မွာသူဟာတူရင္မွာေဘာလုံးကစားေနရင္း ေရခဲေသတၱာႏွင့္အျခားအိမ္အသုံးအေဆာင္ပစၥည္းလိုက္လံပို႔ေဆာင္ရတဲ့အလုပ္ကို လုပ္ခဲ့ပါတယ္။

သူဟာယင္းအလုပ္ေၾကာင့္ပဲကာဆဲလ္ကမ္းလွမ္းလာမႈကိုပယ္ခ်ခဲ့ရပါတယ္။

သူဟာအီတလီသို႔မေျပာင္းခင္ပီ႐ူးကလပ္တစ္ခုမွာလည္းကစားခဲ့ရပါတယ္။သူဟာ၂၀၁၈ခုႏွစ္မွာမွပထမဆုံးပေရာ္ဖက္ရွင္နယ္ဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။ထိုစဥ္ကဂိုဇာႏိုမွာကစားေနတာျဖစ္ၿပီးပီယာဇင္ဇာဘက္သို႔သြင္းယူခဲ့တာပါ။

ယင္းသို႔သူဟာခ႐ိုတုန္းသို႔ေျပာင္းခဲ့ၿပီး၂၀၁၉-၂၀ရာသီမွာ၆ဂိုးသြင္းကာစီးရီးေအသို႔တန္းတက္ရေအာင္ကူညီခဲ့ပါတယ္။

မီလန္ဟာသူ႔ရဲ႕ေျခစြမ္းကိုသေဘာက်ၿပီးအငွားနဲ႔ေခၚယူခဲ့ပါတယ္။သူဟာယခုရာသီမွာမီလန္အတြက္၃ပြဲတည္းသာကစားရေသးတယ္ဆိုေပမယ့္လည္းစပိန္ေျမကကစားရခက္ခဲတဲ့ဝန္ဒါမီထ႐ိုပိုလီတာႏိုမွာေအစီမီလန္အတြက္အႏိုင္ေဆာင္က်ဥ္းေပးခဲ့ပါတယ္။

ဘရာဇီးတိုက္စစ္သမားဟာေအစီမီလန္အတြက္အဖိုးတန္အႏိုင္ဂိုးကိုေခါင္းတိုက္သြင္းယူၿပီးခ်န္ပီယံလိဂ္၁၆သင္းအဆင့္သို႔တက္ေရာက္ေရးအိပ္မက္ကိုဆက္လက္ရွင္သန္ေစခဲ့ပါတယ္။ေအစီမီလန္ဟာဒုတိယေနရာမွာေပၚတိုႏွင့္တစ္မွတ္သာကြာဟကာအုပ္စုေနာက္ဆုံးပြဲအႏိုင္ရရင္ေနာက္တစ္ဆင့္တက္ခြင့္ရလာေတာ့မွာျဖစ္ပါတယ္။မီလန္ဟာအုပ္စုေနာက္ဆုံးပြဲမွာဆန္စီ႐ိုကြင္းမွာလီဗာပူးကိုဧည့္ခံကစားရပါမယ္။