မီလန်(သို့)ဂျူဗင်တပ်ကို အနိုင်ယူနိုင်လျှင် မွန်ဇာကစားသမားများအတွက် အပျော်မယ်ဘတ်စ်ကားအပြည့်ခေါ်ယူပေးမည်ဟု အီတလီဝန်ကြီးချုပ်ဟောင်းကတိပြုလာ

အီတလီဝန်ကြီးချုပ်ဟောင်းဆယ်ဗီယိုဘာလူစကိုနီကမွန်ဇာသာ အေစီမီလန်(သို့မဟုတ်)ဂျူဗင်တပ်ကိုအနိုင်ယူနိုင်လျှင်ကစားသမားများအတွက်အပျော်မယ်အမြောက်အမြားခေါ်ယူပေးမယ်လို့အံ့ဩသင့်ဖွယ်ကောင်းတဲ့ကမ်းလှမ်းမှုပြုလုပ်လာပါတယ်။

မွန်ဇာပိုင်ရှင်ဘာလူစကိုနီဟာအီတလီဝန်ကြီးချုပ်အဖြစ်သုံးကြိမ်တိုင်တိုင်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး၁၉၈၆ခုနှစ်မှ၂၀၁၇ခုနှစ်အထိအေစီမီလန်ကိုပိုင်ဆိုင်ခဲ့ဖူးကာ၂၀၁၈ခုနှစ်မှစတင်ကာမွန်ဇာကိုပိုင်ဆိုင်လာခဲ့သူဖြစ်ပါတယ်။

အသက်၈၆နှစ်ရှိဘာလူစကိုနီဟာယခုရာသီတွင်မွန်ဇာသာစီးရီးအေထိပ်သီးတစ်သင်းသင်းကိုအနိုင်ယူပြနိုင်လျှင်အငြင်းပွားဆုပေးလာမယ်လို့ဆိုလာပါတယ်။

အင်္ဂါနေ့တုန်းကမွန်ဇာရဲ့ခရစ္စမတ်ညစာစားပွဲတွင်ဘာလူစကိုနီဟာအထက်ပါကမ်းလှမ်းမှုအားမွန်ဇာကစားသမားများကိုကမ်းလှမ်းလာတာလည်းဖြစ်ပါတယ်။

သူဟာမိုက်ခရိုက်ဖုန်းကိုရယူပြီးနောက်ယူ-၁၉အဖြစ်မှနည်းပြချုပ်အဖြစ်ရယူလာတဲ့ရာဖယ်လီပယ်လာဒီနိုကိုချီးကျူးသွားခဲ့ပါတယ်။သူဟာစက်တင်ဘာလတုန်းကထုတ်ပယ်ခြင်းခံခဲ့ရတဲ့ဂျီယိုဗန်နီစထရော့ပါနေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

သူဟာနည်းပြကိုချီးကျူးပြီးနောက်နားထောင်သူအပေါင်းရယ်မောစေမဲ့အထက်ပါကမ်းလှမ်းမှုကိုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဘာလူကိုနီက “ကျွန်တော်တို့နည်းပြတစ်ဦးတွေ့ခဲ့တယ်။သူကကျွန်တော်တို့လူငယ်အသင်းကိုကိုင်တွယ်ခဲ့တဲ့သူ။အရမ်းတော်တယ်။ပါးနပ်တယ်။ကြင်နာတတ်တယ်။ကျွန်တော့်ကောင်လေးတွေကိုစိတ်ဓာတ်တက်ကြွအောင်လုပ်နိုင်စွမ်းရှိတယ်။နောက်ထပ်စိတ်အားတက်စရာတစ်ခုထည့်ပေးမယ်။မင်းတို့မီလန်၊ဂျူဗီတို့လိုအသင်းကြီးတွေထဲကတစ်ပွဲပွဲမှာအနိုင်ရရင်အပျော်မယ်အပြည့်ပါတဲ့ဘတ်စ်ကားနဲ့အဝတ်အစားလဲခန်းထဲကနေစောင့်နေမယ်”လို့ပြောကြားသွားပါတယ်။

မွန်ဇာဟာစီးရီးအေအမှတ်ပေးဇယားအဆင့်၁၄နေရာတွင်ရပ်တည်နေပြီးတန်းဆင်းဇုန်နှင့်ရမှတ်၉မှတ်ကွာဟနေပါတယ်။

မွန်ဇာဟာစက်တင်ဘာလတုန်းကဂျူဗင်တပ်ကိုအိမ်ကွင်းတွင်၁-၀ဂိုးဖြင့်အနိုင်ယူခဲ့ပြီးဖြစ်ပါတယ်။

ZawGyi

မီလန္(သို႔)ဂ်ဴဗင္တပ္ကို အႏိုင္ယူႏိုင္လွ်င္ မြန္ဇာကစားသမားမ်ားအတြက္ အေပ်ာ္မယ္ဘတ္စ္ကားအျပည့္ေခၚယူေပးမည္ဟု အီတလီဝန္ႀကီးခ်ဳပ္ေဟာင္းကတိျပဳလာ

အီတလီဝန္ႀကီးခ်ဳပ္ေဟာင္းဆယ္ဗီယိုဘာလူစကိုနီကမြန္ဇာသာ ေအစီမီလန္(သို႔မဟုတ္)ဂ်ဴဗင္တပ္ကိုအႏိုင္ယူႏိုင္လွ်င္ကစားသမားမ်ားအတြက္အေပ်ာ္မယ္အေျမာက္အျမားေခၚယူေပးမယ္လို႔အံ့ဩသင့္ဖြယ္ေကာင္းတဲ့ကမ္းလွမ္းမႈျပဳလုပ္လာပါတယ္။

မြန္ဇာပိုင္ရွင္ဘာလူစကိုနီဟာအီတလီဝန္ႀကီးခ်ဳပ္အျဖစ္သုံးႀကိမ္တိုင္တိုင္တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ၿပီး၁၉၈၆ခုႏွစ္မွ၂၀၁၇ခုႏွစ္အထိေအစီမီလန္ကိုပိုင္ဆိုင္ခဲ့ဖူးကာ၂၀၁၈ခုႏွစ္မွစတင္ကာမြန္ဇာကိုပိုင္ဆိုင္လာခဲ့သူျဖစ္ပါတယ္။

အသက္၈၆ႏွစ္ရွိဘာလူစကိုနီဟာယခုရာသီတြင္မြန္ဇာသာစီးရီးေအထိပ္သီးတစ္သင္းသင္းကိုအႏိုင္ယူျပႏိုင္လွ်င္အျငင္းပြားဆုေပးလာမယ္လို႔ဆိုလာပါတယ္။

အဂၤါေန႔တုန္းကမြန္ဇာရဲ႕ခရစၥမတ္ညစာစားပြဲတြင္ဘာလူစကိုနီဟာအထက္ပါကမ္းလွမ္းမႈအားမြန္ဇာကစားသမားမ်ားကိုကမ္းလွမ္းလာတာလည္းျဖစ္ပါတယ္။

သူဟာမိုက္ခ႐ိုက္ဖုန္းကိုရယူၿပီးေနာက္ယူ-၁၉အျဖစ္မွနည္းျပခ်ဳပ္အျဖစ္ရယူလာတဲ့ရာဖယ္လီပယ္လာဒီႏိုကိုခ်ီးက်ဴးသြားခဲ့ပါတယ္။သူဟာစက္တင္ဘာလတုန္းကထုတ္ပယ္ျခင္းခံခဲ့ရတဲ့ဂ်ီယိုဗန္နီစထေရာ့ပါေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

သူဟာနည္းျပကိုခ်ီးက်ဴးၿပီးေနာက္နားေထာင္သူအေပါင္းရယ္ေမာေစမဲ့အထက္ပါကမ္းလွမ္းမႈကိုျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ဘာလူကိုနီက “ကြၽန္ေတာ္တို႔နည္းျပတစ္ဦးေတြ႕ခဲ့တယ္။သူကကြၽန္ေတာ္တို႔လူငယ္အသင္းကိုကိုင္တြယ္ခဲ့တဲ့သူ။အရမ္းေတာ္တယ္။ပါးနပ္တယ္။ၾကင္နာတတ္တယ္။ကြၽန္ေတာ့္ေကာင္ေလးေတြကိုစိတ္ဓာတ္တက္ႂကြေအာင္လုပ္ႏိုင္စြမ္းရွိတယ္။ေနာက္ထပ္စိတ္အားတက္စရာတစ္ခုထည့္ေပးမယ္။မင္းတို႔မီလန္၊ဂ်ဴဗီတို႔လိုအသင္းႀကီးေတြထဲကတစ္ပြဲပြဲမွာအႏိုင္ရရင္အေပ်ာ္မယ္အျပည့္ပါတဲ့ဘတ္စ္ကားနဲ႔အဝတ္အစားလဲခန္းထဲကေနေစာင့္ေနမယ္”လို႔ေျပာၾကားသြားပါတယ္။

မြန္ဇာဟာစီးရီးေအအမွတ္ေပးဇယားအဆင့္၁၄ေနရာတြင္ရပ္တည္ေနၿပီးတန္းဆင္းဇုန္ႏွင့္ရမွတ္၉မွတ္ကြာဟေနပါတယ္။

မြန္ဇာဟာစက္တင္ဘာလတုန္းကဂ်ဴဗင္တပ္ကိုအိမ္ကြင္းတြင္၁-၀ဂိုးျဖင့္အႏိုင္ယူခဲ့ၿပီးျဖစ္ပါတယ္။