မီလန်သို့ ဂျရူးပြောင်းလာတော့မည်ဟု မာလ်ဒီနီ အတည်ပြု

အေစီမီလန်နည်းစနစ်ဒါရိုက်တာပေါလ်လိုမာလ်ဒီနီကါအိုလီဗီယာဂျရူးမှာအေစီမီလန်သို့ ပြောင်းရွှေ့လာမည်ဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။

အေစီမီလန်ဟာပြီးခဲ့တဲ့အပတ်တုန်းကပြင်သစ်တိုက်စစ်မှူးအားယူရို၂သန်းဖြင့်ခေါ်ယူရန်ချဲလ်ဆီးနှင့်သဘောတူညီမှုရရှိခဲ့ပါတယ်။

အသက်၃၄နှစ်ရှိမာလ်ဒီနီဟာမနက်ဖြန်မှာမီလန်သို့ရောက်လာကာဆေးစစ်မှုခံယူပြီးစာချုပ်တွင်လက်မှတ်ရေးထိုးသွားပါမယ်။

အေစီမီလန်အတွက်ဂျရူးဟာယခုနွေရာသီတွင်ခေါ်ယူတဲ့တစ်ဦးတည်းသောတိုက်စစ်သမားတစ်ဦးမဟုတ်ပါဘူး။

မာလ်ဒီနီကမကြာမီကာလအတွင်းတွင်လူငယ်တဲ့တိုက်စစ်သမားတစ်ဦးကိုလည်းခေါ်ယူသွားရန်စီစဉ်လျက်ရှိကြောင်းအတည်ပြုသွားပါတယ်။

ဒါ့အပြင်မာလ်ဒီနီက အေစီမီလန်ဟာကွင်းလယ်ကစားသမားကက်ဆီကိုလည်းစာချုပ်သစ်ချုပ်ဆိုရန်လုပ်ဆောင်နေကြောင်းအတည်ပြုသွားခဲ့ပါတယ်။

ZawGyi






