မီလန်အတွက်ပထမဆုံးပွဲထွက်ခွင့်ရရှိတဲ့ပွဲမှာ ဖခင်ရှေ့မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မာလ်ဒီနီရဲ့သား ဒါနီရယ်

ပေါ်လိုမာလ်ဒီနီရဲ့သား အသက်၁၉နှစ်အရွယ်ရှိဒါနီရယ်ဟာအေစီမီလန်အတွက်ပထမဆုံးပွဲထွက်ကစားခွင့်ရရှိတဲ့ပွဲစဉ်မှာဂိုးသွင်းယူနိုင်ခဲ့ပြီးပွဲကြည့်စင်ပေါ်မှာရှိနေတဲ့ဖခင်ဖြစ်သူမီလန်နှင့်အီတလီဂန္ထဝင်နောက်ခံလူအားဝမ်းသာဂုဏ်ယူရအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါနီရယ်မာလ်ဒီနီဟာအေစီမီလန်အတွက်ဂိုးသွင်းနိုင်တဲ့တတိယမြောက်မျိုးဆက်ဖြစ်လာခဲ့ပါတယ်။ဖခင်ဖြစ်သူ ပေါ်လိုမာလ်ဒီနီဟာမီလန်အတွက်၉၀၂ပွဲကစားခဲ့ရာမှာ၃၃ဂိုးသွင်းနိုင်ခဲ့ပြီးအဘိုးဖြစ်သူနောက်ခံလူဆီဇာမှာလည်းမီလန်အတွက်၄၁၂ပွဲကစားခဲ့ရာမှာ၃ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အလယ်တန်းတိုက်စစ်သမားဟာပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာမီလန်အတွက်၁၄ပွဲတိုင်တိုင်အရန်အဖြစ်ကစားခွင့်ရရှိလာခဲ့သူလည်းဖြစ်ပါတယ်။သူဟာစပီဇီယာနှင့်ပွဲမှာပထမဆုံးအကြိမ်အဖြစ်မီလန်အတွက်ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီးပွဲချိန်၄၈မိနစ်မှာခေါင်းတိုက်ကာဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အေစီမီလန်တွင်နည်းစနစ်ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ပေါ်လိုမာလ်ဒီနီဟာလည်းပွဲကြည့်စင်မှာရှိနေခဲ့ပြီးသားဖြစ်သူဂိုးသွင်းယူနိုင်ပြီးနော်ကအကြီးအကျယ်ပျော်ရွှင်နေခဲ့တာတွေ့ရပါတယ်။

ယင်းပွဲမှာမာလ်ဒီနီကမီလန်အတွက်ဦးဆောင်ဂိုးသွင်းပြီးနောက်စပီဇီယာကပွဲချိန်၈၀မိနစ်မှာဗာဒီကချေပဂိုးသွင်းခဲ့ပါတယ်။ဒါပေမယ့်ပွဲချိန်၈၆မိနစ်မှာဘရာဟမ်ဒိုင်ယက်ဇ်ကမီလန်အတွက်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ZawGyi

မီလန္အတြက္ပထမဆုံးပြဲထြက္ခြင့္ရရွိတဲ့ပြဲမွာ ဖခင္ေရွ႕မွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ မာလ္ဒီနီရဲ႕သား ဒါနီရယ္

ေပၚလိုမာလ္ဒီနီရဲ႕သား အသက္၁၉ႏွစ္အ႐ြယ္ရွိဒါနီရယ္ဟာေအစီမီလန္အတြက္ပထမဆုံးပြဲထြက္ကစားခြင့္ရရွိတဲ့ပြဲစဥ္မွာဂိုးသြင္းယူႏိုင္ခဲ့ၿပီးပြဲၾကည့္စင္ေပၚမွာရွိေနတဲ့ဖခင္ျဖစ္သူမီလန္ႏွင့္အီတလီဂႏၴဝင္ေနာက္ခံလူအားဝမ္းသာဂုဏ္ယူရေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါနီရယ္မာလ္ဒီနီဟာေအစီမီလန္အတြက္ဂိုးသြင္းႏိုင္တဲ့တတိယေျမာက္မ်ိဳးဆက္ျဖစ္လာခဲ့ပါတယ္။ဖခင္ျဖစ္သူ ေပၚလိုမာလ္ဒီနီဟာမီလန္အတြက္၉၀၂ပြဲကစားခဲ့ရာမွာ၃၃ဂိုးသြင္းႏိုင္ခဲ့ၿပီးအဘိုးျဖစ္သူေနာက္ခံလူဆီဇာမွာလည္းမီလန္အတြက္၄၁၂ပြဲကစားခဲ့ရာမွာ၃ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

အလယ္တန္းတိုက္စစ္သမားဟာၿပီးခဲ့တဲ့ႏွစ္ႏွစ္တာကာလအတြင္းမွာမီလန္အတြက္၁၄ပြဲတိုင္တိုင္အရန္အျဖစ္ကစားခြင့္ရရွိလာခဲ့သူလည္းျဖစ္ပါတယ္။သူဟာစပီဇီယာႏွင့္ပြဲမွာပထမဆုံးအႀကိမ္အျဖစ္မီလန္အတြက္ပြဲထြက္ကစားခြင့္ရရွိခဲ့ၿပီးပြဲခ်ိန္၄၈မိနစ္မွာေခါင္းတိုက္ကာဦးေဆာင္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ေအစီမီလန္တြင္နည္းစနစ္ဒါ႐ိုက္တာအျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ေပၚလိုမာလ္ဒီနီဟာလည္းပြဲၾကည့္စင္မွာရွိေနခဲ့ၿပီးသားျဖစ္သူဂိုးသြင္းယူႏိုင္ၿပီးေနာ္ကအႀကီးအက်ယ္ေပ်ာ္႐ႊင္ေနခဲ့တာေတြ႕ရပါတယ္။

ယင္းပြဲမွာမာလ္ဒီနီကမီလန္အတြက္ဦးေဆာင္ဂိုးသြင္းၿပီးေနာက္စပီဇီယာကပြဲခ်ိန္၈၀မိနစ္မွာဗာဒီကေခ်ပဂိုးသြင္းခဲ့ပါတယ္။ဒါေပမယ့္ပြဲခ်ိန္၈၆မိနစ္မွာဘရာဟမ္ဒိုင္ယက္ဇ္ကမီလန္အတြက္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။