မီလန်အတွက် ပထမဆုံးဂိုးကို စတိုင်ကျကျ သွင်းယူလာနိုင်ခဲ့တဲ့ အိုရီဂီ

ဒီဗော့ဗ်အိုရီဂီဟာမနေ့ညတုန်းကအေစီမီလန်ကမွန်ဇာကို၄-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာ လှပတဲ့ဂိုးသွင်းယူပြီးသူ့ရဲ့မီလန်ဂိုးအကောင့်ကိုစတင်ဖွင့်လှစ်လာနိုင်ခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်းဟာနွေရာသီတုန်းကမာဆေးဆိုက်မှထွက်ခွာကာမီလန်သို့ရောက်လာပြီးနောက်ဂိုးမပေါက်မတွေ့ခဲ့သေးသူဖြစ်ပါတယ်။

သူဟာ ဂျရူးအကောင်းဆုံးပုံစံရရှိနေမှုနှင့်အတူ နေရာရရှိရန်ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။

သူဟာယခုရာသီတွင်မီလန်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၉ပွဲကစားထားရတယ်ဆိုပေမဲ့၂၃၆မိနစ်တည်းသာကစားခွင့်ရထားတာပါ။

သူဟာမွန်ဇာနှင့်ပွဲမှာတော့ပထမဆုံးအကြိမ်အဖြစ်ပွဲထွက်ကစားခွင့်ရရှိလာခဲ့ပြီးအပြင်းကန်ချက်ဖြင့်သူ့ရဲ့မီလန်အတွက်ပထမဆုံးဂိုးသွင်းလာနိုင်ခဲ့ပါတယ်။

သူဟာပထမပိုင်းတွင်ဘရာဟမ်ဒိုင်ယက်ဇ်ရဲ့ဒုတိယဂိုးကိုဖန်တီးပေးနိုင်ခဲ့ပြီးနောက် တတိယဂိုးကိုဧရိယာအပြင်မှအမိုက်စားကန်ချက်ဖြင့်ရယူခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ရာဖေးလ်လီယိုလည်းမီလန်အတွက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

မီလန်ဟာမွန်ဇာနိုင်ပွဲကြောင့်ထိပ်ဆုံးမှနာပိုလီနှင့်ရမှတ်အတူတူဖြစ်လာခဲ့ပါတယ်။နာပိုလီဟာယနေ့ညတွင်ရိုးမားကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။

ZawGyi

မီလန္အတြက္ ပထမဆုံးဂိုးကို စတိုင္က်က် သြင္းယူလာႏိုင္ခဲ့တဲ့ အိုရီဂီ

ဒီေဗာ့ဗ္အိုရီဂီဟာမေန႔ညတုန္းကေအစီမီလန္ကမြန္ဇာကို၄-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္မွာ လွပတဲ့ဂိုးသြင္းယူၿပီးသူ႔ရဲ႕မီလန္ဂိုးအေကာင့္ကိုစတင္ဖြင့္လွစ္လာႏိုင္ခဲ့ပါတယ္။

လီဗာပူးတိုက္စစ္မႉးေဟာင္းဟာေႏြရာသီတုန္းကမာေဆးဆိုက္မွထြက္ခြာကာမီလန္သို႔ေရာက္လာၿပီးေနာက္ဂိုးမေပါက္မေတြ႕ခဲ့ေသးသူျဖစ္ပါတယ္။

သူဟာ ဂ်႐ူးအေကာင္းဆုံးပုံစံရရွိေနမႈႏွင့္အတူ ေနရာရရွိရန္႐ုန္းကန္ေနရတာလည္းျဖစ္ပါတယ္။

သူဟာယခုရာသီတြင္မီလန္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၉ပြဲကစားထားရတယ္ဆိုေပမဲ့၂၃၆မိနစ္တည္းသာကစားခြင့္ရထားတာပါ။

သူဟာမြန္ဇာႏွင့္ပြဲမွာေတာ့ပထမဆုံးအႀကိမ္အျဖစ္ပြဲထြက္ကစားခြင့္ရရွိလာခဲ့ၿပီးအျပင္းကန္ခ်က္ျဖင့္သူ႔ရဲ႕မီလန္အတြက္ပထမဆုံးဂိုးသြင္းလာႏိုင္ခဲ့ပါတယ္။

သူဟာပထမပိုင္းတြင္ဘရာဟမ္ဒိုင္ယက္ဇ္ရဲ႕ဒုတိယဂိုးကိုဖန္တီးေပးႏိုင္ခဲ့ၿပီးေနာက္ တတိယဂိုးကိုဧရိယာအျပင္မွအမိုက္စားကန္ခ်က္ျဖင့္ရယူခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ရာေဖးလ္လီယိုလည္းမီလန္အတြက္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

မီလန္ဟာမြန္ဇာႏိုင္ပြဲေၾကာင့္ထိပ္ဆုံးမွနာပိုလီႏွင့္ရမွတ္အတူတူျဖစ္လာခဲ့ပါတယ္။နာပိုလီဟာယေန႔ညတြင္႐ိုးမားကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။