မုန်လာဥနီစားရာမှာ အံ့ဩဖွယ်မေးရိုးကျိုးဒဏ်ရာရရှိခဲ့တဲ့ ဘောလုံးကစားသမား

ဆွီဒင်ဘောလုံးကစားသမားတစ်ဦးဟာမုန်လာဥနီစားရာမှာမေးရိုးကျိုးဒဏ်ရာရရှိခဲ့ပြီးရက်သတ္တပတ်အတန်ကြာအနားယူရတော့မှာဖြစ်ပါတယ်။

ရာမီကေဟာဒတ်ချ်ကလပ်ဟီရန်ဗင်းတွင်ကစားနေသူဖြစ်ပြီးလိဂ်ပွဲတစ်ပွဲတွင်မေးရိုးဒဏ်ရာရရှိခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်ယင်းနောက်မှာတော့သူဟာလေ့ကျင့်ခန်းပုံမှန်ဆင်းပြီးအစားအသောက်လည်းပုံမှန်စားနေပါတယ်။တကြိမ်မှာတော့သူဟာမုန်လာဥနီတစ်လုံးကိုကိုက်ဝါးခဲ့ပါတယ်။ယင်းမုန်လာဥကလည်းအနည်းငယ်မာကြောတဲ့မုန်လာဥဖြစ်ပါတယ်။

သူဟာမုန်လာဥနီကိုအားသုံးပြီးကိုက်လိုက်ချိန်မှာတော့မေးရိုးမှာ ဂျွတ် ခနဲမြည်ပြီးမေးရိုးကျိုးသွားခဲ့ပါတော့တယ်။

အသက်၂၄နှစ်ရှိကေဟာယခုရာသီမှာဟီရန်ဗင်းအတွက်ဒတ်ချ်အဆင့်မြင့်တန်းလိဂ်အဖွင့်ပွဲနှစ်ပွဲဖြစ်တဲ့ Go Ahead Eagles ၊ Waalwijk တို့နှင့်ပွဲများမှာပွဲထွက်ကစားခဲ့ပြီးနိုင်ပွဲရယူခဲ့ပါတယ်။

တကယ်တော့ယခင်တုန်းကလည်းဘောလုံးကစားသမားများဟာမထင်မှတ်ဘဲအံ့ဩသင့်ဖွယ်ဒဏ်ရာရရှိခဲ့ကြဖူးပါတယ်။မန်ယူဂန္ထဝင်နောက်ခံလူရီယိုဖာဒီနန်ဟာ PlayStation အလွန်အကျွံကစားမှုကြောင့်ဒူးအရွတ်ဒဏ်ရာရရှိခဲ့ဖူးသလိုအင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်းဒေ့ဗ်ဘီယာဆင့်ဟာမီးဖိုချောင်တွင်ဆလတ်အနှစ်ရည်ပုလင်းပြုတ်ကျစဉ်ခြေဖြင့်လိုက်ထိန်းရာမှာခြေမအရွတ်ကျိုးပြတ်ဒဏ်ရာရရှိကာလအတန်ကြာနားခဲ့ရဖူးပါတယ်။

ZawGyi

မုန္လာဥနီစားရာမွာ အံ့ဩဖြယ္ေမး႐ိုးက်ိဳးဒဏ္ရာရရွိခဲ့တဲ့ ေဘာလုံးကစားသမား

ဆြီဒင္ေဘာလုံးကစားသမားတစ္ဦးဟာမုန္လာဥနီစားရာမွာေမး႐ိုးက်ိဳးဒဏ္ရာရရွိခဲ့ၿပီးရက္သတၱပတ္အတန္ၾကာအနားယူရေတာ့မွာျဖစ္ပါတယ္။

ရာမီေကဟာဒတ္ခ်္ကလပ္ဟီရန္ဗင္းတြင္ကစားေနသူျဖစ္ၿပီးလိဂ္ပြဲတစ္ပြဲတြင္ေမး႐ိုးဒဏ္ရာရရွိခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ယင္းေနာက္မွာေတာ့သူဟာေလ့က်င့္ခန္းပုံမွန္ဆင္းၿပီးအစားအေသာက္လည္းပုံမွန္စားေနပါတယ္။တႀကိမ္မွာေတာ့သူဟာမုန္လာဥနီတစ္လုံးကိုကိုက္ဝါးခဲ့ပါတယ္။ယင္းမုန္လာဥကလည္းအနည္းငယ္မာေၾကာတဲ့မုန္လာဥျဖစ္ပါတယ္။

သူဟာမုန္လာဥနီကိုအားသုံးၿပီးကိုက္လိုက္ခ်ိန္မွာေတာ့ေမး႐ိုးမွာ ဂြၽတ္ ခနဲျမည္ၿပီးေမး႐ိုးက်ိဳးသြားခဲ့ပါေတာ့တယ္။

အသက္၂၄ႏွစ္ရွိေကဟာယခုရာသီမွာဟီရန္ဗင္းအတြက္ဒတ္ခ်္အဆင့္ျမင့္တန္းလိဂ္အဖြင့္ပြဲႏွစ္ပြဲျဖစ္တဲ့ Go Ahead Eagles ၊ Waalwijk တို႔ႏွင့္ပြဲမ်ားမွာပြဲထြက္ကစားခဲ့ၿပီးႏိုင္ပြဲရယူခဲ့ပါတယ္။

တကယ္ေတာ့ယခင္တုန္းကလည္းေဘာလုံးကစားသမားမ်ားဟာမထင္မွတ္ဘဲအံ့ဩသင့္ဖြယ္ဒဏ္ရာရရွိခဲ့ၾကဖူးပါတယ္။မန္ယူဂႏၴဝင္ေနာက္ခံလူရီယိုဖာဒီနန္ဟာ PlayStation အလြန္အကြၽံကစားမႈေၾကာင့္ဒူးအ႐ြတ္ဒဏ္ရာရရွိခဲ့ဖူးသလိုအဂၤလန္လက္ေ႐ြးစင္ဂိုးသမားေဟာင္းေဒ့ဗ္ဘီယာဆင့္ဟာမီးဖိုေခ်ာင္တြင္ဆလတ္အႏွစ္ရည္ပုလင္းျပဳတ္က်စဥ္ေျချဖင့္လိုက္ထိန္းရာမွာေျခမအ႐ြတ္က်ိဳးျပတ္ဒဏ္ရာရရွိကာလအတန္ၾကာနားခဲ့ရဖူးပါတယ္။