မူဆာဆစ်စကိုအား ဝက်ဖို့ဒ်ခေါ်ယူရန်၊ အသင်းဟောင်းနှင့်ပွဲတွင် ပထမဆုံးပွဲကိုကစားလာနိုင်

ဝက်ဖို့ဒ်ဟာစပါးစ်မှမူဆာဆစ်စကိုအားခေါ်ယူလိုက်ပါတယ်။ The Athletic ရဲ့ဖော်ပြချက်အရဝက်ဖို့ဒ်ဟာဆစ်စကိုအား၂နှစ်စာချုပ်ဖြင့်ခေါ်ယူရန်စပါးစ်ကိုပြောင်းရွှေ့ကြေးပေါင်၃သန်းပေးခဲ့ရတယ်လို့ဖော်ပြသွားပါတယ်။

ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းနေတာကတော့ဆစ်စကိုဟာသူ့ရဲ့ပထမဆုံးဝက်ဖို့ဒ်အတွက်ပွဲအားတနင်္ဂနွေနေ့တွင်အသင်းဟောင်းစပါးစ်နှင့်ရင်ဆိုင်ရမယ့်ပွဲမှာကစားလာဖို့ရှိနေပါတယ်။

ဆစ်စကိုဟာစပါးစ်အတွက်၂၀၂ပွဲကစားပေးခဲ့သူဖြစ်ပြီး၂၀၁၉ခုနှစ်တုန်းကချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဝက်ဖို့ဒ်အသင်းမှာစပါးစ်ကစားဖော်ဟောင်းဒန်နီရို့စ်နှင့်ပြန်လည်လက်တွဲရပါမယ်။အသက်၃၂နှစ်ရှိဒန်နီရို့စ်ဟာဝက်ဖို့ဒ်သို့၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ထားသူဖြစ်ပါယ်။

ZawGyi




