မူတော့နှင့်ဖလက်ချာတို့ကို ဘောလုံးနှင့်နည်းစနစ်ပိုင်းဒါရိုက်တာများအဖြစ် မန်ယူခန့်အပ်

မန်ယူဟာကလပ်သမိုင်းတွင်ပထမဆုံးဘောလုံးဒါရိုက်တာအဖြစ်ဂျွန်မူတော့ကိုခန့်အပ်ပြီးကလပ်ရဲ့တည်ဆောက်ပုံအားအပြောင်းအလဲကြီးမားစွာပြုလုပ်လာပါတယ်။

ဒါ့အပြင်မန်ယူဟာကစားသမားဟောင်းဒါရင်းဖလက်ချာကိုလည်းနည်းစနစ်ပိုင်းဒါရိုက်တာအဖြစ်ခန့်အပ်မှုပြုလုပ် လာပါတယ်။

မန်ယူဟာမူတော့နှင့်ဖလက်ချာတို့အားဘောလုံးနှင့်နည်းစနစ်ပိုင်းဒါရိုက်တာများအဖြစ်ခန့်အပ်လိုက်မှုနဲ့အတူ အပြောင်းအရွှေ့ကိစ္စများလုပ်ဆောင်မှုရာတွင်စီအီးအိုအက်ဒ်ဝုဒ်ဝတ်ဒ်နောက်ဆုတ်လာတော့မှာလည်းဖြစ်ပါတယ်။

မန်ယူရဲ့အပြောင်းအရွှေ့ကိစ္စရပ်များကိုမူတော့နှင့်ဖလက်ချာတို့ကဦးဆောင်လုပ်ဆောင်လာကြမှာဖြစ်ပြီးအက်ဒ်ဝုဒ်ဝတ်ဒ်အနေဖြင့်ကလပ်ရဲ့အခြားလုပ်ငန်းဆောင်ရာများကိုသာအာရုံစိုက်ရတော့မှာဖြစ်ပါတယ်။

မူတော့ဟာမန်ယူတွင်ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲဖြစ်တာဝန်ထမ်းဆောင်ဖူးပြီးမန်ယူတွင်ရှိလာခဲ့တာ၇နှစ်တိုင်တိုင်ရှိလာပြီဖြစ်ပါတယ်။သူ့တွင်ပရီးမီးယားလိဂ်ရဲ့ Elite Performance အကြီးအကဲအဖြစ်၂၃နှစ်တိုင် လုပ်ခဲ့တဲ့အတွေ့အကြုံရှိတဲ့အပြင်အဲဗာတန်အပါအဝင်အခြားကလပ်များတွင်လည်းစီနီယာအကယ်ဒမီနှင့်ကစားသမားဖွံ့ဖြိုးရေးကဏ္ဍများတွင်လုပ်ခဲ့ဖူးပါတယ်။

ဖလက်ချာဟာပြီးခဲ့တဲ့နှစ်မှစတင်ကာမန်ယူအသင်းနည်းပြအဖွဲ့တွင်တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပါတယ်။

ZawGyi

မူေတာ့ႏွင့္ဖလက္ခ်ာတို႔ကို ေဘာလုံးႏွင့္နည္းစနစ္ပိုင္းဒါ႐ိုက္တာမ်ားအျဖစ္ မန္ယူခန႔္အပ္

မန္ယူဟာကလပ္သမိုင္းတြင္ပထမဆုံးေဘာလုံးဒါ႐ိုက္တာအျဖစ္ဂြၽန္မူေတာ့ကိုခန႔္အပ္ၿပီးကလပ္ရဲ႕တည္ေဆာက္ပုံအားအေျပာင္းအလဲႀကီးမားစြာျပဳလုပ္လာပါတယ္။

ဒါ့အျပင္မန္ယူဟာကစားသမားေဟာင္းဒါရင္းဖလက္ခ်ာကိုလည္းနည္းစနစ္ပိုင္းဒါ႐ိုက္တာအျဖစ္ခန႔္အပ္မႈျပဳလုပ္ လာပါတယ္။

မန္ယူဟာမူေတာ့ႏွင့္ဖလက္ခ်ာတို႔အားေဘာလုံးႏွင့္နည္းစနစ္ပိုင္းဒါ႐ိုက္တာမ်ားအျဖစ္ခန႔္အပ္လိုက္မႈနဲ႔အတူ အေျပာင္းအေ႐ႊ႕ကိစၥမ်ားလုပ္ေဆာင္မႈရာတြင္စီအီးအိုအက္ဒ္ဝုဒ္ဝတ္ဒ္ေနာက္ဆုတ္လာေတာ့မွာလည္းျဖစ္ပါတယ္။

မန္ယူရဲ႕အေျပာင္းအေ႐ႊ႕ကိစၥရပ္မ်ားကိုမူေတာ့ႏွင့္ဖလက္ခ်ာတို႔ကဦးေဆာင္လုပ္ေဆာင္လာၾကမွာျဖစ္ၿပီးအက္ဒ္ဝုဒ္ဝတ္ဒ္အေနျဖင့္ကလပ္ရဲ႕အျခားလုပ္ငန္းေဆာင္ရာမ်ားကိုသာအာ႐ုံစိုက္ရေတာ့မွာျဖစ္ပါတယ္။

မူေတာ့ဟာမန္ယူတြင္ေဘာလုံးဖြံ႕ၿဖိဳးတိုးတက္ေရးအႀကီးအကဲျဖစ္တာဝန္ထမ္းေဆာင္ဖူးၿပီးမန္ယူတြင္ရွိလာခဲ့တာ၇ႏွစ္တိုင္တိုင္ရွိလာၿပီျဖစ္ပါတယ္။သူ႔တြင္ပရီးမီးယားလိဂ္ရဲ႕ Elite Performance အႀကီးအကဲအျဖစ္၂၃ႏွစ္တိုင္ လုပ္ခဲ့တဲ့အေတြ႕အႀကဳံရွိတဲ့အျပင္အဲဗာတန္အပါအဝင္အျခားကလပ္မ်ားတြင္လည္းစီနီယာအကယ္ဒမီႏွင့္ကစားသမားဖြံ႕ၿဖိဳးေရးက႑မ်ားတြင္လုပ္ခဲ့ဖူးပါတယ္။

ဖလက္ခ်ာဟာၿပီးခဲ့တဲ့ႏွစ္မွစတင္ကာမန္ယူအသင္းနည္းျပအဖြဲ႕တြင္တာဝန္ထမ္းေဆာင္လာခဲ့သူျဖစ္ပါတယ္။