
ချဲလ်ဆီးဟာယူကရိန်းစတားမိုင်ခေလိုမူဒရစ်ကိုပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀နီးပါးဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။
ချဲလ်ဆီးဟာရှက်တာဒိုးနက်စ်စတားကိုလန်ဒန်မြို့ခံပြိုင်ဘက်အာဆင်နယ်ကို ကျော်ဖြတ်ကာခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။
ချဲလ်ဆီးဟာမူဒရစ်အတွက်ပြောင်းရွှေ့ကြေးပေါင်၆၂သန်းပေးရမှာဖြစ်ပြီးကျန်ပေါင်၃၅သန်းကိုခြေစွမ်းနှင့်အောင်မြင်မှုအပေါ်မူတည်ပြီးထပ်ပေးရမှာလည်းဖြစ်ပါတယ်။
အသက်၂၂နှစ်ရှိမူဒရစ်ဟာချဲလ်ဆီးသို့ခုနှစ်ခွဲစာချုပ်ဖြင့်ပြောင်းရွှေ့ရန်သဘောတူညီထားပြီးလည်းဖြစ်ပါတယ်။
သူဟာအစောပိုင်းတုန်းကအာဆင်နယ်နှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရထားတယ်လို့ယူဆရပြီးအာဆင်နယ်သို့ပြောင်းလိုကြောင်းဖွင့်ဟခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ရှက်တာဒိုးနက်စ်ကအပြောင်းအရွှေ့ကိစ္စဆွေးနွေးရာတွင်ပြောင်းရွှေ့ကြေးကိုမြှင့်သထက်မြှင့်လာမှုနဲ့အတူ အာဆင်နယ်တို့နောက်ဆုတ်သွားခဲ့ပါတယ်။
ချဲလ်ဆီးဟာမူဒရစ်အားခေါ်ယူလိုက်မှုနဲ့အတူယခုဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ပေါင်သန်းတစ်ရာကျော်အထိသုံးလာပြီဖြစ်ပါတယ်။
၎င်းတို့ဟာနောက်ခံလူဘာဒီယာရှေးလ်ကိုပေါင်၃၅သန်းဖြင့်လည်းကောင်း၊ဒေးဗစ်ဒါထရိုဖိုဖာနာကိုပေါင်၁၀သန်းဝန်းကျင်ဖြင့်လည်းကောင်း၊ဖီးလစ်ကို ပေါင်၁၀သန်းဝန်းကျင်ဖြင့်အငှားဖြင့်လည်းကောင်းခေါ်ယူထားပြီးဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင်သစ်များဟာနွေရာသီတုန်းကအပြောင်းအရွှေ့အသုံးစရိတ်ပေါင်၂၇၃သန်းအထိအသုံးပြုခဲ့တဲ့အသင်းဖြစ်ပါတယ်။
ZawGyi
မူဒရစ်ကို ခေါ်ယူရန် ပေါင် ၉၇ သန်းဖြင့် သဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ ချဲလ်ဆီး