မူဒရစ်ရဲ့ချဲလ်ဆီးသို့ ပေါင် ၉၇ သန်းဖြင့် ပြောင်းရွှေ့မှုမှ ပေါင် ၂၀.၅ သန်းကို တိုက်ပွဲဝင် ယူကရိန်းစစ်သည်များအတွက် သုံးသွားမည်

ရှက်တာဒိုးနက်စ်ဟာမိုင်ခေလိုမူဒရစ်ရဲ့ချဲလ်ဆီးသို့ပေါင်၉၇သန်းဖြင့်ပြောင်းရွှေ့မှုရဲ့နောက်ကွယ်မှစိတ်ဝင်စားစရာကောင်းအချက်များကိုဖွင့်ချလာပါတယ်။

မူဒရစ်ဟာအစောပိုင်းတုန်းကအာဆင်နယ်သို့ပြောင်းမယ်လို့ယူဆခဲ့ရပေမဲ့လည်းနောက်ဆုံးတွင်လန်ဒန်မြို့ခံပြိုင်ဘက်ချဲလ်ဆီးသို့ပြောင်းရွှေ့ခဲ့ပြီးတနင်္ဂနွေနေ့တုန်းကခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်အတွင်းတွင်ပရိသတ်များနှင့်မိတ်ဆက်ခဲ့ပါတယ်။

မူဒရစ်ရဲ့ချဲလ်ဆီးအပြောင်းအရွှေ့အပြီးသတ်ပြီးနောက်ရှက်တာဒိုးနက်စ်ဥက္ကဌရီနက်အက်ခမေတော့ဗ်ကအပြောင်းအရွှေ့ရဲ့အချက်အလက်အပြည့်အစုံကိုဖွင့်ဟလာပါတယ်။

မူဒရစ်ရဲ့အပြောင်းအရွှေ့နောက်ကွယ်မှအချက်တစ်ခုမှာ ဂရေဟမ်ပေါ်တာရဲ့ချဲလ်ဆီးဟာ’Ukrainian Donetsk’အဖြစ် Donbass Arena တွင်ရှက်တာဒိုးနက်စ်နှင့်ခြေစမ်းပွဲတစ်ပွဲကစားရပါမယ်။

စစ်ပွဲကြောင့် Donbass Arena ကွင်းမှာ၂၀၁၄ခုနှစ်ကတည်းအသုံးမပြုနိုင်ခဲ့တဲ့ကွင်းများထဲမှတစ်ကွင်းဖြစ်ပါတယ်။

ဒါ့အပြင်ယူကရိန်းကလပ်ရှက်တာဒိုးနက်စ်ဟာမူဒရစ်အပြောင်းအရွှေ့မှရရှိလာမဲ့ပေါင်၂၀.၅သန်းကိုရုရှားရဲ့ကျူကျော်စစ်ကိုရှေ့တန်းမှတိုက်ပွဲဝင်နေတဲ့ယူကရိန်းစစ်သားများအတွက်အသုံးပြုသွားမှာလည်းဖြစ်ပါတယ်။

မူဒရစ်ဟာစတမ်းဖို့ဒ်ဘရစ်ချ်တွင်ပရိသတ်များရှေ့မှောက်တွင်မိတ်ဆက်စဉ်ယူကရိန်းအလံကိုကိုင်ဆောင်ထားတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်သစ်တော့ဒ်ဘိုလေးနှင့်ရင်းနှီးမြှပ်နှံသူများဟာရုရှားဘီလျှံနာရိုမန်အေဘရာမိုဗစ်ချ်ထံမှချဲလ်ဆီးကိုပေါင်၄.၂၅ဘီလီယံဖြင့်ဝယ်ယူပြီးနောက် ယူကရိန်းစတားမူဒရစ်ကိုခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။

မူဒရစ်ကို၂၀၀၁ခုနှစ်၊ဇန်နဝါရီလ၅ရက်နေ့တုန်းက ခရစ်နိုရက်တွင်မွေးဖွားတာဖြစ်ပြီး၂၀၁၆ခုနှစ်ကတည်းကရှက်တာဒိုးနက်စ်လူငယ်အသင်းတွင်ကစားလာခဲ့သူဖြစ်ပြီး၂၀၁၈ခုနှစ်တွင်ပထမအသင်းအတွက်ကစားခွင့်ခဲ့ပါတယ်။

ZawGyi

မူဒရစ္ရဲ႕ခ်ဲလ္ဆီးသို႔ ေပါင္ ၉၇ သန္းျဖင့္ ေျပာင္းေ႐ႊ႕မႈမွ ေပါင္ ၂၀.၅ သန္းကို တိုက္ပြဲဝင္ ယူကရိန္းစစ္သည္မ်ားအတြက္ သုံးသြားမည္

ရွက္တာဒိုးနက္စ္ဟာမိုင္ေခလိုမူဒရစ္ရဲ႕ခ်ဲလ္ဆီးသို႔ေပါင္၉၇သန္းျဖင့္ေျပာင္းေ႐ႊ႕မႈရဲ႕ေနာက္ကြယ္မွစိတ္ဝင္စားစရာေကာင္းအခ်က္မ်ားကိုဖြင့္ခ်လာပါတယ္။

မူဒရစ္ဟာအေစာပိုင္းတုန္းကအာဆင္နယ္သို႔ေျပာင္းမယ္လို႔ယူဆခဲ့ရေပမဲ့လည္းေနာက္ဆုံးတြင္လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕ခဲ့ၿပီးတနဂၤေႏြေန႔တုန္းကခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲစဥ္အတြင္းတြင္ပရိသတ္မ်ားႏွင့္မိတ္ဆက္ခဲ့ပါတယ္။

မူဒရစ္ရဲ႕ခ်ဲလ္ဆီးအေျပာင္းအေ႐ႊ႕အၿပီးသတ္ၿပီးေနာက္ရွက္တာဒိုးနက္စ္ဥကၠဌရီနက္အက္ခေမေတာ့ဗ္ကအေျပာင္းအေ႐ႊ႕ရဲ႕အခ်က္အလက္အျပည့္အစုံကိုဖြင့္ဟလာပါတယ္။

မူဒရစ္ရဲ႕အေျပာင္းအေ႐ႊ႕ေနာက္ကြယ္မွအခ်က္တစ္ခုမွာ ဂေရဟမ္ေပၚတာရဲ႕ခ်ဲလ္ဆီးဟာ’Ukrainian Donetsk’အျဖစ္ Donbass Arena တြင္ရွက္တာဒိုးနက္စ္ႏွင့္ေျခစမ္းပြဲတစ္ပြဲကစားရပါမယ္။

စစ္ပြဲေၾကာင့္ Donbass Arena ကြင္းမွာ၂၀၁၄ခုႏွစ္ကတည္းအသုံးမျပဳႏိုင္ခဲ့တဲ့ကြင္းမ်ားထဲမွတစ္ကြင္းျဖစ္ပါတယ္။

ဒါ့အျပင္ယူကရိန္းကလပ္ရွက္တာဒိုးနက္စ္ဟာမူဒရစ္အေျပာင္းအေ႐ႊ႕မွရရွိလာမဲ့ေပါင္၂၀.၅သန္းကို႐ုရွားရဲ႕က်ဴေက်ာ္စစ္ကိုေရွ႕တန္းမွတိုက္ပြဲဝင္ေနတဲ့ယူကရိန္းစစ္သားမ်ားအတြက္အသုံးျပဳသြားမွာလည္းျဖစ္ပါတယ္။

မူဒရစ္ဟာစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ပရိသတ္မ်ားေရွ႕ေမွာက္တြင္မိတ္ဆက္စဥ္ယူကရိန္းအလံကိုကိုင္ေဆာင္ထားတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ေတာ့ဒ္ဘိုေလးႏွင့္ရင္းႏွီးျမႇပ္ႏွံသူမ်ားဟာ႐ုရွားဘီလွ်ံနာ႐ိုမန္ေအဘရာမိုဗစ္ခ်္ထံမွခ်ဲလ္ဆီးကိုေပါင္၄.၂၅ဘီလီယံျဖင့္ဝယ္ယူၿပီးေနာက္ ယူကရိန္းစတားမူဒရစ္ကိုေခၚယူလိုက္တာလည္းျဖစ္ပါတယ္။

မူဒရစ္ကို၂၀၀၁ခုႏွစ္၊ဇန္နဝါရီလ၅ရက္ေန႔တုန္းက ခရစ္ႏိုရက္တြင္ေမြးဖြားတာျဖစ္ၿပီး၂၀၁၆ခုႏွစ္ကတည္းကရွက္တာဒိုးနက္စ္လူငယ္အသင္းတြင္ကစားလာခဲ့သူျဖစ္ၿပီး၂၀၁၈ခုႏွစ္တြင္ပထမအသင္းအတြက္ကစားခြင့္ခဲ့ပါတယ္။