
နယူးကာဆယ်နည်းပြအက်ဒီဟိုဝီကအရက်မူးကားမောင်းမှုနှင့်စွဲချက်တင်ခြင်းခံထားရတဲ့ဂျိုးလင်တန်ကိုတနင်္ဂနွေနေ့ညဖူလ်ဟမ်နှင့်ပွဲတွင်ရွေးချယ်ရန်မသေချာကြောင်းပြောကြားသွားပါတယ်။
အသက်၂၆နှစ်ရှိဂျိုးလင်တန်ဟာကြာသပတေးနေ့အစောပိုင်းတုန်းကစစ်ဆေးခြင်းခံခဲ့ရပြီးဇန်နဝါရီလ၂၆ရက်နေ့တွင်အမှုရင်ဆိုင်ရပါမယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၃နေရာတွင်ရပ်တည်နေတဲ့နယူးကာဆယ်ဟာတနင်္ဂနွေနေ့ညတွင်စိန့်ဂျိမ်းစ်ပါ့ခ်မှာဖူလ်ဟမ်ကိုဧည့်ခံကစားရပါမယ်။
အက်ဒီဟိုဝီက “ပွဲနီးတော့မှသူနဲ့ဆွေးနွေးပြီးဆုံးဖြတ်သွားမယ်။ဒီတော့သူ့ကိုရွေးဖို့၁၀၀ရာခိုင်နှုန်းမသေချာပါဘူး”လို့ပြောကြားသွားပါတယ်။
ဂျိုးလင်တန်ဟာယခုရာသီတွင်နယူးကာဆယ်အတွက်၂၁ပွဲကစားထားရာတွင်၃ဂိုးသွင်းကာ၃ကြိမ်ဖန်တီးထားပါတယ်။
သူဟာတိုက်စစ်မှူးတစ်ဦးဖြစ်ပေမဲ့လည်းအက်ဒီဟိုဝီရဲ့လက်ထက်တွင်ကွင်းလယ်ကစားသမားတစ်ဦးအဖြစ်ခြေစွမ်းပြကစားနေပါတယ်။
ZawGyi
မူး႐ူးကားေမာင္းတဲ့ ဂ်ိဳလင္တန္ကို ဖူလ္ဟမ္ႏွင့္ပြဲတြင္ ခ်န္လွပ္လာဖို႔ ရွိေနတဲ့ နယူးကာဆယ္
နယူးကာဆယ္နည္းျပအက္ဒီဟိုဝီကအရက္မူးကားေမာင္းမႈႏွင့္စြဲခ်က္တင္ျခင္းခံထားရတဲ့ဂ်ိဳးလင္တန္ကိုတနဂၤေႏြေန႔ညဖူလ္ဟမ္ႏွင့္ပြဲတြင္ေ႐ြးခ်ယ္ရန္မေသခ်ာေၾကာင္းေျပာၾကားသြားပါတယ္။
အသက္၂၆ႏွစ္ရွိဂ်ိဳးလင္တန္ဟာၾကာသပေတးေန႔အေစာပိုင္းတုန္းကစစ္ေဆးျခင္းခံခဲ့ရၿပီးဇန္နဝါရီလ၂၆ရက္ေန႔တြင္အမႈရင္ဆိုင္ရပါမယ္။
ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၃ေနရာတြင္ရပ္တည္ေနတဲ့နယူးကာဆယ္ဟာတနဂၤေႏြေန႔ညတြင္စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာဖူလ္ဟမ္ကိုဧည့္ခံကစားရပါမယ္။
အက္ဒီဟိုဝီက “ပြဲနီးေတာ့မွသူနဲ႔ေဆြးေႏြးၿပီးဆုံးျဖတ္သြားမယ္။ဒီေတာ့သူ႔ကိုေ႐ြးဖို႔၁၀၀ရာခိုင္ႏႈန္းမေသခ်ာပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ဂ်ိဳးလင္တန္ဟာယခုရာသီတြင္နယူးကာဆယ္အတြက္၂၁ပြဲကစားထားရာတြင္၃ဂိုးသြင္းကာ၃ႀကိမ္ဖန္တီးထားပါတယ္။
သူဟာတိုက္စစ္မႉးတစ္ဦးျဖစ္ေပမဲ့လည္းအက္ဒီဟိုဝီရဲ႕လက္ထက္တြင္ကြင္းလယ္ကစားသမားတစ္ဦးအျဖစ္ေျခစြမ္းျပကစားေနပါတယ္။