
လီဗာပူးနှင့်ဘာစီလိုနာစတားဟောင်းလူးဝစ်ဆွာရက်ဇ်ဟာဘရာဇီးကလပ်ဂရီမီယိုသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။
လူးဝစ်ဆွာရက်ဇ်ဟာနိုဝင်ဘာလတုန်းကကစားသမားဘဝစတင်ရာဥရုဂွေးကလပ်နေစီယွန်နယ်တွင်ကာလတိုကစားပြီးနောက်ထွက်ခွာလာခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ယခုအခါမှာတော့လူးဝစ်ဆွာရက်ဇ်ဟာကစားသမားဘဝတစ်လျှောက်ခုနှစ်ခုမြောက်ကလပ်နှင့်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
သူဟာတောင်အမေရိကကလပ်နှင့်နှစ်နှစ်စာချုပ်ချုပ်ဆိုလိုက်တာလည်းဖြစ်ပါတယ်။
အသက်၃၅နှစ်ရှိလူးဝစ်ဆွာရက်ဇ်ဟာအမေရိကန်မေဂျာလိဂ်နှင့်ဆော်ဒီကလပ်များရဲ့လုပ်ခအမြောက်အမြားဖြင့်ကမ်းလှမ်းမှုရရှိခဲ့ပေမဲ့လည်း ဘရာဖီးကလပ်ဂရီမီယိုသို့ပြောင်းရန်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။
လူးဝစ်ဆွာရက်ဇ်ဟာခရစ္စမတ်ကာလအတွင်းတွင်လီယွန်နယ်မက်ဆီရဲ့နေအိမ်တွင်ဖြတ်သန်းရင်းအခင်ဆုံးသူငယ်ချင်းရဲ့အကြံပေးမှုကြောင့် ဂရီမီယိုသို့ပြောင်းရွှေ့ခဲ့တာလို့ယူဆရပါတယ်။
ဂရီမီယိုဟာပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကဘရာဇီးစီးရီးဘီမှစီးရီးအေသို့တန်းတက်လာတဲ့အသင်းဖြစ်ပြီးဆွာရက်ဇ်ရဲ့လီဗာပူးကစားဖော်ဟောင်းလူးကပ်စ်လည်းကစားနေတဲ့ကလပ်ဖြစ်ပါတယ်။
ZawGyi
ေမဂ်ာလိဂ္ႏွင့္ေဆာ္ဒီကလပ္တို႔ရဲ႕လုပ္ခမ်ားစြာျဖင့္ ကမ္းလွမ္းမႈကို ပယ္ခ်ကာ ဘရာဇီးကလပ္သို႔ ဆြာရက္ဇ္ေျပာင္းေ႐ႊ႕
လီဗာပူးႏွင့္ဘာစီလိုနာစတားေဟာင္းလူးဝစ္ဆြာရက္ဇ္ဟာဘရာဇီးကလပ္ဂရီမီယိုသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းေ႐ႊ႕လိုက္ၿပီျဖစ္ပါတယ္။
လူးဝစ္ဆြာရက္ဇ္ဟာႏိုဝင္ဘာလတုန္းကကစားသမားဘဝစတင္ရာဥ႐ုေဂြးကလပ္ေနစီယြန္နယ္တြင္ကာလတိုကစားၿပီးေနာက္ထြက္ခြာလာခဲ့သူလည္းျဖစ္ပါတယ္။
ဒါေပမဲ့ယခုအခါမွာေတာ့လူးဝစ္ဆြာရက္ဇ္ဟာကစားသမားဘဝတစ္ေလွ်ာက္ခုႏွစ္ခုေျမာက္ကလပ္ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။
သူဟာေတာင္အေမရိကကလပ္ႏွင့္ႏွစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တာလည္းျဖစ္ပါတယ္။
အသက္၃၅ႏွစ္ရွိလူးဝစ္ဆြာရက္ဇ္ဟာအေမရိကန္ေမဂ်ာလိဂ္ႏွင့္ေဆာ္ဒီကလပ္မ်ားရဲ႕လုပ္ခအေျမာက္အျမားျဖင့္ကမ္းလွမ္းမႈရရွိခဲ့ေပမဲ့လည္း ဘရာဖီးကလပ္ဂရီမီယိုသို႔ေျပာင္းရန္ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။
လူးဝစ္ဆြာရက္ဇ္ဟာခရစၥမတ္ကာလအတြင္းတြင္လီယြန္နယ္မက္ဆီရဲ႕ေနအိမ္တြင္ျဖတ္သန္းရင္းအခင္ဆုံးသူငယ္ခ်င္းရဲ႕အႀကံေပးမႈေၾကာင့္ ဂရီမီယိုသို႔ေျပာင္းေ႐ႊ႕ခဲ့တာလို႔ယူဆရပါတယ္။
လူးဝစ္ဆြာရက္ဇ္ဟာေနစီယြန္နယ္တြင္ကာလတိုကစားစဥ္အတြင္း၁၆ပြဲကစားခဲ့ရာမွာ၈ဂိုးသြင္းယူႏိုင္ခဲ့ၿပီးဥ႐ုေဂြးအမွတ္ေပးဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ဂရီမီယိုဟာၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းကဘရာဇီးစီးရီးဘီမွစီးရီးေအသို႔တန္းတက္လာတဲ့အသင္းျဖစ္ၿပီးဆြာရက္ဇ္ရဲ႕လီဗာပူးကစားေဖာ္ေဟာင္းလူးကပ္စ္လည္းကစားေနတဲ့ကလပ္ျဖစ္ပါတယ္။