မေဂျာလိဂ်ပွဲ ၁၃ ပွဲသာ ကိုင်တွယ်ရပြီး နည်းပြရာထူးမှ ထုတ်ပယ်ခံရတဲ့ သရဲနီဟောင်းဟိန့်ဇ်

မန်ယူနှင့်အာဂျင်တီးနားဘယ်နောက်ခံလူဟောင်းဂါဘရီရယ်ဟိန့်ဇ်ဟာအတ္တလန္တာယူနိုက်တက်အသင်းကိုမေဂျာလိဂ်ပွဲ၁၃ပွဲကိုင်တွယ်ခဲ့ရာမှာ၃ပွဲတည်းသာအနိုင်ရရှိအောင်စွမ်းဆောင်ပေးနိုင်မှုကြောင့်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အသက်၄၃နှစ်ရှိဂါဘရီရယ်ဟိန့်ဇ်ဟာဒီဇင်ဘာလတုန်းကဖရန့်ဒီဘိုးဝါးရဲ့နေရာမှာအစားထိုးခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ဟိန့်ဇ်ဟာယခုရာသီအမေရိကန်မေဂျာလိဂ်အရှေ့ပိုင်းကွန်ဖရင့်ပွဲစဉ်များမှာရမှတ်၁၃မှတ်တည်းသာရယူပေးထားနိုင်ပါတယ်။ဒါကြောင့်လည်းအတ္တလန္တာယူနိုက်တက်ဟာနယူးအင်္ဂလန်ရီဗော်လူးရှင်းကိုအိမ်ကွင်းမှာ၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဂါဘရီရယ်ဟိန့်ဇ်ကိုထုတ်ပယ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အတ္တလန္တာယူနိုက်တက်ဟာကွန်ကာကပ်ဖ်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်တွင်လည်းကော့စတာရီကာကလပ်အလာဂျူလန်းစ်ကိုအိမ်ကွင်း/အဝေးကွင်းနှစ်ကျော့လုံးရှုံးနိမ့်ကာထွက်ခွာထားရပါတယ်။

ဂါဘရီရယ်ဟာအသင်းရလဒ်ဆိုးရွားနေစဉ်အတွင်းအသင်းရဲ့အဓိကကစားသမားဂျိုးဆက်ဖ်မာတီနက်ဇ်နှင့်ပြဿနာတက်ခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမယ့်အတ္တလန္တာယူနိုက်တက်ကဟိန့်ဇ်အားထုတ်ပယ်ရတဲ့အကြောင်းရင်းတွင်ကစားသမားနှင့်အချင်းများတဲ့ဖြစ်ရပ်မပါဝင်ကြောင်း ဆိုထားပါတယ်။

အတ္တလန္တာဟာဟိန့်ဇ်ရဲ့လက်ထောက်ရော့ဘ်ဗလင်တီနိုအားယာယီနည်းပြအဖြစ်ခန့်အပ်ထားပါတယ်။

ZawGyi

ေမဂ်ာလိဂ္ပြဲ ၁၃ ပြဲသာ ကိုင္တြယ္ရၿပီး နည္းျပရာထူးမွ ထုတ္ပယ္ခံရတဲ့ သရဲနီေဟာင္းဟိန႔္ဇ္

မန္ယူႏွင့္အာဂ်င္တီးနားဘယ္ေနာက္ခံလူေဟာင္းဂါဘရီရယ္ဟိန႔္ဇ္ဟာအတၱလႏၲာယူႏိုက္တက္အသင္းကိုေမဂ်ာလိဂ္ပြဲ၁၃ပြဲကိုင္တြယ္ခဲ့ရာမွာ၃ပြဲတည္းသာအႏိုင္ရရွိေအာင္စြမ္းေဆာင္ေပးႏိုင္မႈေၾကာင့္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

အသက္၄၃ႏွစ္ရွိဂါဘရီရယ္ဟိန႔္ဇ္ဟာဒီဇင္ဘာလတုန္းကဖရန႔္ဒီဘိုးဝါးရဲ႕ေနရာမွာအစားထိုးခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

ဟိန႔္ဇ္ဟာယခုရာသီအေမရိကန္ေမဂ်ာလိဂ္အေရွ႕ပိုင္းကြန္ဖရင့္ပြဲစဥ္မ်ားမွာရမွတ္၁၃မွတ္တည္းသာရယူေပးထားႏိုင္ပါတယ္။ဒါေၾကာင့္လည္းအတၱလႏၲာယူႏိုက္တက္ဟာနယူးအဂၤလန္ရီေဗာ္လူးရွင္းကိုအိမ္ကြင္းမွာ၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဂါဘရီရယ္ဟိန႔္ဇ္ကိုထုတ္ပယ္ဖို႔ဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

အတၱလႏၲာယူႏိုက္တက္ဟာကြန္ကာကပ္ဖ္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္တြင္လည္းေကာ့စတာရီကာကလပ္အလာဂ်ဴလန္းစ္ကိုအိမ္ကြင္း/အေဝးကြင္းႏွစ္ေက်ာ့လုံးရႈံးနိမ့္ကာထြက္ခြာထားရပါတယ္။

ဂါဘရီရယ္ဟာအသင္းရလဒ္ဆိုး႐ြားေနစဥ္အတြင္းအသင္းရဲ႕အဓိကကစားသမားဂ်ိဳးဆက္ဖ္မာတီနက္ဇ္ႏွင့္ျပႆနာတက္ခဲ့သူလည္းျဖစ္ပါတယ္။ဒါေပမယ့္အတၱလႏၲာယူႏိုက္တက္ကဟိန႔္ဇ္အားထုတ္ပယ္ရတဲ့အေၾကာင္းရင္းတြင္ကစားသမားႏွင့္အခ်င္းမ်ားတဲ့ျဖစ္ရပ္မပါဝင္ေၾကာင္း ဆိုထားပါတယ္။

အတၱလႏၲာဟာဟိန႔္ဇ္ရဲ႕လက္ေထာက္ေရာ့ဘ္ဗလင္တီႏိုအားယာယီနည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။