လူငယ်ကြယ်ပွင့်ဂရင်းဝုဒ်အား မန်ယူလေးနှစ်စာချုပ်သစ်ချုပ်ဆို

မေဆင်ဂရင်းဝုဒ်ဟာမန်ယူနှင့်နှစ်ရှည်စာချုပ်သစ်တစ်ရပ်ကိုချုပ်ဆိုလိုက်ပါတယ်။အသက်၁၉နှစ်ရှိအင်္ဂလန်ကစားသမားဟာအိုးထရက်ဖို့ဒ်တွင်၂၀၂၅ခုနှစ်၊ဇွန်လအထိရှိနေမယ့်လေးနှစ်စာချုပ်သစ်အားချုပ်ဆိုလိုက်တာဖြစ်ပြီးစာချုပ်အတွင်းတွင်၁၂လသက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဥရောပြိုင်ပွဲတွင်မန်ယူအတွက်အသက်အငယ်ဆုံးဂိုးသွင်းယူနိုင်သူအဖြစ်မှတ်တမ်းရေးထိုးထားတဲ့ဂရင်းဝုဒ်ဟာမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၈၂ပွဲကစားထားသူလည်းဖြစ်ပါတယ်။

ဂရင်းဝုဒ်က “ဒီကလပ်သို့အသက်၇နှစ်မှာရောက်တုန်းကတစ်နေ့မှာပထမအသင်းမှာကစားဖို့အိပ်မက်မက်ခဲ့ပါ တယ်။ဒီအဆင့်သို့ရောက်အောင်ကျွန်တော်အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ပြီးခဲ့တဲ့၂နှစ်တာကာလကအံ့ဩစရာ ကောင်းပါတယ်။ကျွန်တော်အောင်မြင်မှုရရှိချင်တာအများကြီးရှိပါတယ်။ပြီးတော့ကျွန်တော့်အတွက်ဘောလုံးကစားဖို့အကောင်းဆုံးပတ်ဝန်းကျင်ကဒီနေရာဆိုတာလည်းသိပါတယ်။နည်းပြ၊နည်းပြအဖွဲ့ဝင်တွေရဲ့ထောက်ပံ့မှု၊ထိပ်တန်းကစားသမားတွေဆီကအများကြီးသင်ယူနိုင်မှုကြောင့်နေ့စဉ်တိုးတက်နေပါတယ်။ကျွန်တော်နဲ့အသင်းဆီကမြင်တွေ့လာရမယ့်အရာတွေအများကြီးရှိပါတယ်။အပတ်စဉ်အပတ်တိုင်းလည်းအောင်မြင်မှုရဖို့ကြိုးပမ်းနေကြပါ တယ်။ဒီနှစ်မှာကျွန်တော်တို့ကိုထောက်ပံ့ပေးလာတဲ့လူတိုင်းအတွက်ပြန်လည်ပေးဆပ်ချင်ပါတယ်။ကျွန်တော့်မှာ ဘာတွေရှိတယ်ဆိုတာပြသချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဂရင်းဝုဒ်ဟာ၂၀၁၉ခုနှစ်၊မတ်လတုန်းကပီအက်စ်ဂျီအား၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဆိုးလ်ရှားရဲ့ပထမဆုံးပွဲကစား ခွင့်ရခဲ့တာပါ။နော်ဝေနည်းပြဆိုးလ်ရှားဟာလည်းအင်္ဂလန်လူငယ်ပါရမီရှင်ကိုအသင်းတွင်ကာလရှည်ကြာထိန်းထားနိုင်မယ့်စာချုပ်သစ်အားချုပ်ဆိုလိုက်နိုင်မှုကြောင့်ဝမ်းသာလျက်ရှိပါတယ်။

ZawGyi

လူငယ္ၾကယ္ပြင့္ဂရင္းဝုဒ္အား မန္ယူေလးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆို

ေမဆင္ဂရင္းဝုဒ္ဟာမန္ယူႏွင့္ႏွစ္ရွည္စာခ်ဳပ္သစ္တစ္ရပ္ကိုခ်ဳပ္ဆိုလိုက္ပါတယ္။အသက္၁၉ႏွစ္ရွိအဂၤလန္ကစားသမားဟာအိုးထရက္ဖို႔ဒ္တြင္၂၀၂၅ခုႏွစ္၊ဇြန္လအထိရွိေနမယ့္ေလးႏွစ္စာခ်ဳပ္သစ္အားခ်ဳပ္ဆိုလိုက္တာျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္၁၂လသက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဥေရာၿပိဳင္ပြဲတြင္မန္ယူအတြက္အသက္အငယ္ဆုံးဂိုးသြင္းယူႏိုင္သူအျဖစ္မွတ္တမ္းေရးထိုးထားတဲ့ဂရင္းဝုဒ္ဟာမန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၈၂ပြဲကစားထားသူလည္းျဖစ္ပါတယ္။

ဂရင္းဝုဒ္က “ဒီကလပ္သို႔အသက္၇ႏွစ္မွာေရာက္တုန္းကတစ္ေန႔မွာပထမအသင္းမွာကစားဖို႔အိပ္မက္မက္ခဲ့ပါ တယ္။ဒီအဆင့္သို႔ေရာက္ေအာင္ကြၽန္ေတာ္အစြမ္းကုန္ႀကိဳးစားခဲ့ပါတယ္။ၿပီးခဲ့တဲ့၂ႏွစ္တာကာလကအံ့ဩစရာ ေကာင္းပါတယ္။ကြၽန္ေတာ္ေအာင္ျမင္မႈရရွိခ်င္တာအမ်ားႀကီးရွိပါတယ္။ၿပီးေတာ့ကြၽန္ေတာ့္အတြက္ေဘာလုံးကစားဖို႔အေကာင္းဆုံးပတ္ဝန္းက်င္ကဒီေနရာဆိုတာလည္းသိပါတယ္။နည္းျပ၊နည္းျပအဖြဲ႕ဝင္ေတြရဲ႕ေထာက္ပံ့မႈ၊ထိပ္တန္းကစားသမားေတြဆီကအမ်ားႀကီးသင္ယူႏိုင္မႈေၾကာင့္ေန႔စဥ္တိုးတက္ေနပါတယ္။ကြၽန္ေတာ္နဲ႔အသင္းဆီကျမင္ေတြ႕လာရမယ့္အရာေတြအမ်ားႀကီးရွိပါတယ္။အပတ္စဥ္အပတ္တိုင္းလည္းေအာင္ျမင္မႈရဖို႔ႀကိဳးပမ္းေနၾကပါ တယ္။ဒီႏွစ္မွာကြၽန္ေတာ္တို႔ကိုေထာက္ပံ့ေပးလာတဲ့လူတိုင္းအတြက္ျပန္လည္ေပးဆပ္ခ်င္ပါတယ္။ကြၽန္ေတာ့္မွာ ဘာေတြရွိတယ္ဆိုတာျပသခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဂရင္းဝုဒ္ဟာ၂၀၁၉ခုႏွစ္၊မတ္လတုန္းကပီအက္စ္ဂ်ီအား၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဆိုးလ္ရွားရဲ႕ပထမဆုံးပြဲကစား ခြင့္ရခဲ့တာပါ။ေနာ္ေဝနည္းျပဆိုးလ္ရွားဟာလည္းအဂၤလန္လူငယ္ပါရမီရွင္ကိုအသင္းတြင္ကာလရွည္ၾကာထိန္းထားႏိုင္မယ့္စာခ်ဳပ္သစ္အားခ်ဳပ္ဆိုလိုက္ႏိုင္မႈေၾကာင့္ဝမ္းသာလ်က္ရွိပါတယ္။