မေလတုန်းက အရှက်တကွဲအကျိုးနည်းအဖြစ်မျိုး ထပ်မဖြစ်အောင် အိုးထရက်ဖို့ဒ်လုံခြုံရေးကို တိုးမြှင့်ထားတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကကဲ့သို့ ရုပ်ဆိုးအကျည်းတန်တဲ့အဖြစ်အပျက်မျိုးထပ်မံဖြစ်လာစေရန်အတွက်ယနေ့ညလီဗာပူးနှင့်ပွဲစဉ်အတွက်လုံခြုံရေးတိုးမြှင့်မှုပြုလုပ်ထားကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကမန်ယူပရိသတ်များဟာအသင်းပိုင်ရှင်ဂလေဇာမိသားစုကိုဆန့်ကျင်သပိတ်မှောက်မှုပြုလုပ်ခဲ့ပြီးအိုးထရက်ဖို့ဒ်ကွင်းတွင်းသို့အထိ အတင်းဝင်ရောက်မှုပြလုပ်ခဲ့မှုကြောင့်လီဗာပူးနှင့်ပွဲကိုရွှေ့ဆိုင်းခဲ့ရပါတယ်။

အဆိုပါပွဲမှာပရိသတ်များဆန့်ကျင်သပိတ်မှောက်မှုကြောင့်ပထမဆုံးရွှေ့ဆိုင်းလိုက်တဲ့ပရီးမီးယားလိဂ်ပွဲဖြစ်ပါတယ်။

ဒါကြောင့်လည်းမန်ယူဟာယနေ့ညလီဗာပူးနှင့်ပွဲမတိုင်မီလုံခြုံရေးတင်းကြပ်မှုများပြုလုပ်ထားသလိုလုံခြုံရေးအရေအတွက်ပမာဏကိုလည်းတိုးမြှင့်ထားပါတယ်။

ZawGyi

ေမလတုန္းက အရွက္တကြဲအက်ိဳးနည္းအျဖစ္မ်ိဳး ထပ္မျဖစ္ေအာင္ အိုးထရက္ဖို႔ဒ္လုံၿခဳံေရးကို တိုးျမႇင့္ထားတဲ့ မန္ယူ

မန္ခ်က္စတာယူႏိုက္တက္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကကဲ့သို႔ ႐ုပ္ဆိုးအက်ည္းတန္တဲ့အျဖစ္အပ်က္မ်ိဳးထပ္မံျဖစ္လာေစရန္အတြက္ယေန႔ညလီဗာပူးႏွင့္ပြဲစဥ္အတြက္လုံၿခဳံေရးတိုးျမႇင့္မႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

ၿပီးခဲ့တဲ့ေမလတုန္းကမန္ယူပရိသတ္မ်ားဟာအသင္းပိုင္ရွင္ဂေလဇာမိသားစုကိုဆန႔္က်င္သပိတ္ေမွာက္မႈျပဳလုပ္ခဲ့ၿပီးအိုးထရက္ဖို႔ဒ္ကြင္းတြင္းသို႔အထိ အတင္းဝင္ေရာက္မႈျပလုပ္ခဲ့မႈေၾကာင့္လီဗာပူးႏွင့္ပြဲကိုေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

အဆိုပါပြဲမွာပရိသတ္မ်ားဆန႔္က်င္သပိတ္ေမွာက္မႈေၾကာင့္ပထမဆုံးေ႐ႊ႕ဆိုင္းလိုက္တဲ့ပရီးမီးယားလိဂ္ပြဲျဖစ္ပါတယ္။

ဒါေၾကာင့္လည္းမန္ယူဟာယေန႔ညလီဗာပူးႏွင့္ပြဲမတိုင္မီလုံၿခဳံေရးတင္းၾကပ္မႈမ်ားျပဳလုပ္ထားသလိုလုံၿခဳံေရးအေရအတြက္ပမာဏကိုလည္းတိုးျမႇင့္ထားပါတယ္။