မော်ဂန်နှင့်အင်တာဗျူးတွင် ကစားသမားဘဝမှအနားယူရေးအစီအစဉ်ကို အတည်ပြုခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာပီယာ့မော်ဂန်နှင့် TalkTV အင်တာဗျူးတွင်ဘယ်တော့ကစားသမားဘဝမှအနားယူမယ်ဆိုတာနဲ့ပတ်သက်ပြီးအတည်ပြုသွားခဲ့ပါတယ်။

အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာတနင်္လာနေ့နှင့်ယနေ့တို့တွင်ထွက်ပေါ်လာတဲ့ ပီယာ့မော်ဂန်နှင့်အင်တာဗျူးတွင်ယူနိုက်တက်တာဝန်ရှိသူများ၊ပိုင်ရှင်ဂလေဇာမိသားစု၊နည်းပြအဲရစ်တန်ဟက်၊ကစားဖော်များဖြစ်ကြတဲ့ဂယ်ရီနဗီးလ်နှင့်ဝိန်းရွန်းတို့ကိုဝေဖန်မှုပြုလုပ်ထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိနစ်၉၀ကြာအင်တာဗျူးကိုဗုဒ္ဓဟူးနေ့နှင့်ကြာသပတေးနေ့တို့တွင် TalkTV ကထုတ်လွှင့်လာပါမယ်။

တဖက်တွင်မန်ချက်စတာယူနိုက်တက်ကလည်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးအပြည့်အစုံထွက်ပေါ်လာအောင်စောင့်ဆိုင်းနေပြီးအားလုံးကိုဆန်းစစ်လေ့လာကာခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပတ်သက်ပြီးဆုံးဖြတ်မည်ဖြစ်ကြောင်းဆိုထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်မော်ဂန်တို့ဆွေးနွေးခဲ့ကြတဲ့အရာများတွင်ကစားသမားဘဝမှအနားယူရေးကိစ္စလည်းပါဝင်ပါတယ်။

ပေါ်တူဂီနှင့်အတူကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်မယ့်ခရစ္စတီယာနိုရော်နယ်ဒိုကအသက်၄၀နှစ်ဝန်းကျင်တွင်ကစားသမားဘဝမှအနားယူလာမည်ဖြစ်ကြောင်း မော်ဂန်ကိုပြောကြားသွားခဲ့ပါတယ်။

TalkSport သို့မော်ဂန်က “သူကတော့အသက်၄၀နှစ်ဝန်းကျင်မှာအနားယူချင်တယ်လို့ကျွန်တော့်ကိုပြောတယ်။ဒီတော့နောက်နှစ်နှစ်ခွဲလောက်ဆိုရင် သူ့အဆုံးသတ်မယ်။သူကလေးစားမှုရချင်တယ်။တန်ဖိုးထားခံချင်တယ်။ပြီးတော့ဒါတွေကိုအဲရစ်တန်ဟက်ဆီကရတယ်လို့မခံစားရပါဘူး။ဒါကြောင့်လည်းသူဒါတွေကို(အင်တာဗျူးမှာ)ပြောကြားလာတာပါ။သူကဒီမန်နေဂျာကသူ့ကိုမလေးစားဘူးလို့ခံစားနေရတယ်”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမကြာသေးမီကပြုလုပ်သွားတဲ့ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဆုပေးပွဲတွင်ယူရို၂၀၂၄ပြိုင်ပွဲကစားသွားလိုကြောင်းဖွင့်ဟသွားခဲ့ဖူးပါတယ်။

ZawGyi

ေမာ္ဂန္ႏွင့္အင္တာဗ်ဴးတြင္ ကစားသမားဘဝမွအနားယူေရးအစီအစဥ္ကို အတည္ျပဳခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပီယာ့ေမာ္ဂန္ႏွင့္ TalkTV အင္တာဗ်ဴးတြင္ဘယ္ေတာ့ကစားသမားဘဝမွအနားယူမယ္ဆိုတာနဲ႔ပတ္သက္ၿပီးအတည္ျပဳသြားခဲ့ပါတယ္။

အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာတနလၤာေန႔ႏွင့္ယေန႔တို႔တြင္ထြက္ေပၚလာတဲ့ ပီယာ့ေမာ္ဂန္ႏွင့္အင္တာဗ်ဴးတြင္ယူႏိုက္တက္တာဝန္ရွိသူမ်ား၊ပိုင္ရွင္ဂေလဇာမိသားစု၊နည္းျပအဲရစ္တန္ဟက္၊ကစားေဖာ္မ်ားျဖစ္ၾကတဲ့ဂယ္ရီနဗီးလ္ႏွင့္ဝိန္း႐ြန္းတို႔ကိုေဝဖန္မႈျပဳလုပ္ထားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိနစ္၉၀ၾကာအင္တာဗ်ဴးကိုဗုဒၶဟူးေန႔ႏွင့္ၾကာသပေတးေန႔တို႔တြင္ TalkTV ကထုတ္လႊင့္လာပါမယ္။

တဖက္တြင္မန္ခ်က္စတာယူႏိုက္တက္ကလည္းခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးအျပည့္အစုံထြက္ေပၚလာေအာင္ေစာင့္ဆိုင္းေနၿပီးအားလုံးကိုဆန္းစစ္ေလ့လာကာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ပတ္သက္ၿပီးဆုံးျဖတ္မည္ျဖစ္ေၾကာင္းဆိုထားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေမာ္ဂန္တို႔ေဆြးေႏြးခဲ့ၾကတဲ့အရာမ်ားတြင္ကစားသမားဘဝမွအနားယူေရးကိစၥလည္းပါဝင္ပါတယ္။

ေပၚတူဂီႏွင့္အတူကမာၻ႔ဖလားဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုကအသက္၄၀ႏွစ္ဝန္းက်င္တြင္ကစားသမားဘဝမွအနားယူလာမည္ျဖစ္ေၾကာင္း ေမာ္ဂန္ကိုေျပာၾကားသြားခဲ့ပါတယ္။

TalkSport သို႔ေမာ္ဂန္က “သူကေတာ့အသက္၄၀ႏွစ္ဝန္းက်င္မွာအနားယူခ်င္တယ္လို႔ကြၽန္ေတာ့္ကိုေျပာတယ္။ဒီေတာ့ေနာက္ႏွစ္ႏွစ္ခြဲေလာက္ဆိုရင္ သူ႔အဆုံးသတ္မယ္။သူကေလးစားမႈရခ်င္တယ္။တန္ဖိုးထားခံခ်င္တယ္။ၿပီးေတာ့ဒါေတြကိုအဲရစ္တန္ဟက္ဆီကရတယ္လို႔မခံစားရပါဘူး။ဒါေၾကာင့္လည္းသူဒါေတြကို(အင္တာဗ်ဴးမွာ)ေျပာၾကားလာတာပါ။သူကဒီမန္ေနဂ်ာကသူ႔ကိုမေလးစားဘူးလို႔ခံစားေနရတယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမၾကာေသးမီကျပဳလုပ္သြားတဲ့ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္ဆုေပးပြဲတြင္ယူ႐ို၂၀၂၄ၿပိဳင္ပြဲကစားသြားလိုေၾကာင္းဖြင့္ဟသြားခဲ့ဖူးပါတယ္။