မော်ဂန်အင်တာဗျူးအတွက် ခရစ္စတီယာနိုရော်နယ်ဒို ပေါင် ၁ သန်း ဒဏ်ရိုက်ခံရဖို့ရှိနေ

ခရစ္စတီယာနိုရော်နယ်ဒိုဟာပီယာ့စ်မော်ဂန်နှင့်အင်တာဗျူးအတွက်ပေါင်၁သန်းဒဏ်ရိုက်ခံလာရဖို့ရှိနေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပီယာ့စ်မော်ဂန်နှင့်TalkTV အင်တာဗျူးပြုလုပ်ထားပြီးဗုဒ္ဓဟူးနေ့နှင့်ကြာသပတေးနေ့တို့တွင်ထုတ်လွှင့်သွားပါမယ်။

မိနစ်၉၀ကြာမြင့်တဲ့ယင်းအင်တာဗျူးအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်းပိုင်ရှင်ဂလေဇာမိသားစု၊ယူနိုက်တက်တာဝန်ရှိသူများ၊နည်းပြအဲရစ်တန်ဟက်တို့ကိုဝေဖန်ထားပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုကနွေရာသီတုန်းကယူနိုက်တက်ရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းရန်နောက်ကျမှုမှသူ့ရဲ့မွေးကင်းစသမီးငယ်ဆေးရုံတက်ရမှုကြောင့်လို့အကြောင်းပြမှုကိုယူနိုက်တက်တာဝန်ရှိသူများသံသယဝင်ကြောင်းလည်းဆိုသွားပါတယ်။

ယူနိုက်တက်တာဝန်ရှိသူများ၊အဲရစ်တန်ဟက်နှင့်ယူနိုက်တက်ကစားဖော်များဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးအပေါ်အကြီးအကျယ်စိတ်ပျက်လျက်ရှိကြပါတယ်။

ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုယင်းအင်တာဗျူးကြောင့် ၂ပတ်စာလုပ်ခပေါင်၁သန်းဒဏ်ရိုက်လာမှာဖြစ်ကြောင်း Metro ကဖော်ပြလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာစပါးစ်နှင့်ပွဲတွင်နောက်ကျအရန်အဖြစ်ဝင်ရောက်ကစားရန်ငြင်းဆိုမှုကြောင့်ပေါင်၁သန်းဒဏ်ရိုက်ခံရပြီးလည်းဖြစ်ပါတယ်။

လက်ရှိအနေအထားအရခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ယူနိုက်တက်သို့ပြန်လာဖို့မရှိတော့ဘဲ အသင်းသစ်သို့ပြောင်းလာဖို့ရှိနေပါတယ်။

ZawGyi

ေမာ္ဂန္အင္တာဗ်ဴးအတြက္ ခရစၥတီယာႏိုေရာ္နယ္ဒို ေပါင္ ၁ သန္း ဒဏ္႐ိုက္ခံရဖို႔ရွိေန

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပီယာ့စ္ေမာ္ဂန္ႏွင့္အင္တာဗ်ဴးအတြက္ေပါင္၁သန္းဒဏ္႐ိုက္ခံလာရဖို႔ရွိေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပီယာ့စ္ေမာ္ဂန္ႏွင့္TalkTV အင္တာဗ်ဴးျပဳလုပ္ထားၿပီးဗုဒၶဟူးေန႔ႏွင့္ၾကာသပေတးေန႔တို႔တြင္ထုတ္လႊင့္သြားပါမယ္။

မိနစ္၉၀ၾကာျမင့္တဲ့ယင္းအင္တာဗ်ဴးအတြင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသင္းပိုင္ရွင္ဂေလဇာမိသားစု၊ယူႏိုက္တက္တာဝန္ရွိသူမ်ား၊နည္းျပအဲရစ္တန္ဟက္တို႔ကိုေဝဖန္ထားပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုကေႏြရာသီတုန္းကယူႏိုက္တက္ရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းရန္ေနာက္က်မႈမွသူ႔ရဲ႕ေမြးကင္းစသမီးငယ္ေဆး႐ုံတက္ရမႈေၾကာင့္လို႔အေၾကာင္းျပမႈကိုယူႏိုက္တက္တာဝန္ရွိသူမ်ားသံသယဝင္ေၾကာင္းလည္းဆိုသြားပါတယ္။

ယူႏိုက္တက္တာဝန္ရွိသူမ်ား၊အဲရစ္တန္ဟက္ႏွင့္ယူႏိုက္တက္ကစားေဖာ္မ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးအေပၚအႀကီးအက်ယ္စိတ္ပ်က္လ်က္ရွိၾကပါတယ္။

ယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုယင္းအင္တာဗ်ဴးေၾကာင့္ ၂ပတ္စာလုပ္ခေပါင္၁သန္းဒဏ္႐ိုက္လာမွာျဖစ္ေၾကာင္း Metro ကေဖာ္ျပလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာစပါးစ္ႏွင့္ပြဲတြင္ေနာက္က်အရန္အျဖစ္ဝင္ေရာက္ကစားရန္ျငင္းဆိုမႈေၾကာင့္ေပါင္၁သန္းဒဏ္႐ိုက္ခံရၿပီးလည္းျဖစ္ပါတယ္။

လက္ရွိအေနအထားအရခရစၥတီယာႏိုေရာ္နယ္ဒိုဟာလာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ယူႏိုက္တက္သို႔ျပန္လာဖို႔မရွိေတာ့ဘဲ အသင္းသစ္သို႔ေျပာင္းလာဖို႔ရွိေနပါတယ္။