မော်ဒယ်အချောအလှလေးတွေကြားထဲ ရက်ပ်ရွတ်လာတဲ့ ရော်နယ်ဒင်ဟို

ရော်နယ်ဒင်ဟိုပါဝင်တဲ့၂၀၂၁ခုနှစ်အတွက်ပထမဆုံးမြူးဇစ်ဗီဒီယိုလေးထွက်လို့လာပါပြီ။ဘရာဇီးဂန္ထဝင်ကစားသမားဟာ ဧပြီလတုန်းကပါရာဂွေးမှာထောင်ကျခံခဲ့ပြီးပြန်လည်လွတ်လာပြီးနောက်ပိုင်းမှာဂီတကိုအာရုံစိုက်လုပ်ဆောင်လာတဲ့သူလည်းဖြစ်ပါတယ်။

မကြာသေးမီတုန်းကကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရဖူးတဲ့ရော်နယ်ဒင်ဟိုဟာ၂၀၂၁ခုနှစ်အတွင်းမှာသီချင်း၈ပုဒ်အထိ ထွက်ဖို့စီစဉ်ထားသူလည်းဖြစ်ပါတယ်။

အခု Tropa do Bruxo ရဲ့နောက်ဆုံး Single ဖြစ်တဲ့ မြူးဇစ်ဗီဒီယိုမှာလည်းပါဝင်လာပါတယ်။ ယင်းမြူးဇစ်ဗီဒီယိုမှာကမ္ဘာ့ဖလားရရော်နယ်ဒင်ဟိုဟာဘီကီနီဝတ်မော်ဒယ်လေးတွေ၊မော်ဒယ်အချောအလှလေးတွေကြားအမိုက်စားသရုပ်ဆောင်ထားတာတွေ့ရပါတယ်။

တကယ်တော့ ရော်နယ်ဒင်ဟိုဟာဂီတကိုချစ်မြတ်နိုးပြီးလုပ်ဆောင်လာတာခုမှမဟုတ်ပါဘူး။သူဟာ၂၀၁၆ခုနှစ် တုန်းက သီချင်းတစ်ပုဒ်ထုတ်လွှင့်ခဲ့ဖူးပါတယ်။

ဒါ့အပြင်ဘာစီလိုနာဂန္ထဝင်ကစာသမားဟာရီယိုမှာကျင်းပတဲ့မသန်စွမ်းအိုလံပစ်ပြိုင်ပွဲသီချင်းကိုလည်းဖန်တီးခဲ့တဲ့ သူဖြစ်ပါတယ်။

သူဟာ၂၀၁၇ခုနှစ်တုန်းကပထမဆုံးစင်ဂယ်အဖြစ် Zoninho ဆိုတဲ့သီချင်းကိုထုတ်လွှင့်ခဲ့ပါတယ်။ သီချင်းအမည်ကို ဘာသာပြန်ရင်အထီးကျန်ဖြစ်ပါတယ်။သူဟာ၂၀၁၉ခုနှစ်တုန်းကသူ့ကားတွေအသိမ်းခံရတုန်းကလည်းနိုင်ငံရေးနဲ့ပတ်သက်တဲ့သီချင်းတစ်ပုဒ်ထုတ်ခဲ့ဖူးပါသေးတယ်။

ZawGyi

ေမာ္ဒယ္အေခ်ာအလွေလးေတြၾကားထဲ ရက္ပ္႐ြတ္လာတဲ့ ေရာ္နယ္ဒင္ဟို

ေရာ္နယ္ဒင္ဟိုပါဝင္တဲ့၂၀၂၁ခုႏွစ္အတြက္ပထမဆုံးျမဴးဇစ္ဗီဒီယိုေလးထြက္လို႔လာပါၿပီ။ဘရာဇီးဂႏၴဝင္ကစားသမားဟာ ဧၿပီလတုန္းကပါရာေဂြးမွာေထာင္က်ခံခဲ့ၿပီးျပန္လည္လြတ္လာၿပီးေနာက္ပိုင္းမွာဂီတကိုအာ႐ုံစိုက္လုပ္ေဆာင္လာတဲ့သူလည္းျဖစ္ပါတယ္။

မၾကာေသးမီတုန္းကကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ရဖူးတဲ့ေရာ္နယ္ဒင္ဟိုဟာ၂၀၂၁ခုႏွစ္အတြင္းမွာသီခ်င္း၈ပုဒ္အထိ ထြက္ဖို႔စီစဥ္ထားသူလည္းျဖစ္ပါတယ္။

အခု Tropa do Bruxo ရဲ႕ေနာက္ဆုံး Single ျဖစ္တဲ့ ျမဴးဇစ္ဗီဒီယိုမွာလည္းပါဝင္လာပါတယ္။ ယင္းျမဴးဇစ္ဗီဒီယိုမွာကမာၻ႔ဖလားရေရာ္နယ္ဒင္ဟိုဟာဘီကီနီဝတ္ေမာ္ဒယ္ေလးေတြ၊ေမာ္ဒယ္အေခ်ာအလွေလးေတြၾကားအမိုက္စားသ႐ုပ္ေဆာင္ထားတာေတြ႕ရပါတယ္။

တကယ္ေတာ့ ေရာ္နယ္ဒင္ဟိုဟာဂီတကိုခ်စ္ျမတ္ႏိုးၿပီးလုပ္ေဆာင္လာတာခုမွမဟုတ္ပါဘူး။သူဟာ၂၀၁၆ခုႏွစ္ တုန္းက သီခ်င္းတစ္ပုဒ္ထုတ္လႊင့္ခဲ့ဖူးပါတယ္။

ဒါ့အျပင္ဘာစီလိုနာဂႏၴဝင္ကစာသမားဟာရီယိုမွာက်င္းပတဲ့မသန္စြမ္းအိုလံပစ္ၿပိဳင္ပြဲသီခ်င္းကိုလည္းဖန္တီးခဲ့တဲ့ သူျဖစ္ပါတယ္။

သူဟာ၂၀၁၇ခုႏွစ္တုန္းကပထမဆုံးစင္ဂယ္အျဖစ္ Zoninho ဆိုတဲ့သီခ်င္းကိုထုတ္လႊင့္ခဲ့ပါတယ္။ သီခ်င္းအမည္ကို ဘာသာျပန္ရင္အထီးက်န္ျဖစ္ပါတယ္။သူဟာ၂၀၁၉ခုႏွစ္တုန္းကသူ႔ကားေတြအသိမ္းခံရတုန္းကလည္းႏိုင္ငံေရးနဲ႔ပတ္သက္တဲ့သီခ်င္းတစ္ပုဒ္ထုတ္ခဲ့ဖူးပါေသးတယ္။

ေရာ္နယ္ဒင္ဟိုဟာအရင္တုန္းကတည္းကဂီတကိုခ်စ္ျမတ္ႏိုးခဲ့တယ္ဆိုေပမယ့္ပါရာေဂြးမွာေထာင္နန္းစံခဲ့ရၿပီးေနာက္ပိုင္းသီခ်င္းဘက္ကိုပိုမိုအားစိုက္လာခဲ့တာလည္းျဖစ္ပါတယ္။