မော်နီတာမှာအသေအချာမကြည့်ဘဲ အဲဗာတန်ဘက်သို့ ပင်နယ်တီပေးခဲ့သလား?

လက်ရှိအချိန်မှာဘောလုံးပွဲများနဲ့ပတ်သက်ပြီးအပြောအများဆုံးကတော့ထရန်းအလက်ဇန္ဒားအာနိုးနှင့်ဒိုမီနစ် ကယ်ဗတ်လီဝင်းတို့အကြားပြိုလဲကျမှုမှုအပေါ်ဒိုင်လူကြီးခရစ်ကာဗာနက်ချ်ကမော်နီတာကြည့်ပြီးနောက်ပင်နယ်တီပေးဖို့ဆုံးဖြတ်ခဲ့မှု ဖြစ်ပါတယ်။

အဲဗာတန်ဟာစနေနေ့ညတုန်းကအန်ဖီးလ်ကွင်းမှာမာဆေးလ်ဆိုက်မြို့ခံပြိုင်ဘက်လီဗာပူးကို၂-၀ဂိုးဖြင့်သမိုင်းဝင် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။အဲဗာတန်ဟာ၁၉၉၉ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်အန်ဖီးလ်မှာလီဗာပူးကိုအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အဲဗာတန်ဟာရီချက်လီဆင်ရဲ့ဂိုးနဲ့လီဗာပူးကိုဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်လီဗာပူးဟာတိုက်စစ်ပိုင်းအသာစီး ကစားနိုင်ခဲ့တဲ့အပြင်အခွင့်အရေးလည်းများစွာဖန်တီးနိုင်တာကြောင့်ချေပဂိုးရနိုင်လိမ့်မယ်လို့အားလုံးကယူဆခဲ့ကြပါတယ်။

ဒါပေမယ့်ပွဲချိန်၈၃မိနစ်မှာတော့အဲဗာတန်ဘက်သို့ဒိုင်လူကြီးကအငြင်းပွားဖွယ်ရာပင်နယ်တီပေးလိုက်မှုနဲ့အတူ လီဗာပူးပရိသတ်များအကြီးအကျယ်ပေါက်ကွဲခဲ့ကြပါတော့တယ်။အထူးသဖြင့်လီဗာပူးပရိသတ်များဟာဒိုင်လူကြီးကာဗာနက်ချ်ရဲ့အပြုအမူများနဲ့ပတ်သက်ပြီးပိုမိုဒေါသထွက်ခဲ့ကြရပါတယ်။

ပွဲနှောင်းပိုင်းမှာအဲဗာတန်ဟာတန်ပြန်တိုက်စစ်ဆင်ခဲ့ပြီးရီချက်လီဆင်ရဲ့ဖြတ်တင်ဘောကနေဒိုမီနစ်ကယ်ဗတ်လီဝင်းကဂိုးရနိုင်တဲ့အခြေအနေမျိုးကြုံခဲ့ပါတယ်။ဒါပေမယ့်လီဗာပူးဂိုးသမားအလီဆင်ကတားဆီးနိုင်ခဲ့ပါတယ်။ဒါပေမယ့်ကယ်ဗတ်လီဝင်းကဒုတိယအကြိမ်ကန်ဖို့အားထုတ်ချိန်မှာထရန်းအလက်ဇန္ဒားအာနိုးကထပ်မံတားဆီးခဲ့ပါတယ်။

ဒိုင်လူကြီးဟာအထက်ပါအဖြစ်အပျက်ကိုကွင်းဘေးရှိမော်နီတာတွင်ကြည့်ရှုစစ်ဆေးမှုပြုလုပ်ပြီးနောက်ပင်နယ်တီ ပေးလိုက်ပါတယ်။

လီဗာပူးပရိသတ်များကဒိုင်လူကြီးဟာကွင်းဘေးရှိမော်နီတာတွင်အဖြစ်အပျက်ကိုအသေအချာကြည့်ခြင်းမပြုဘဲ ပင်နယ်တီပေးခဲ့တာလို့ယူဆနေကြပါတယ်။လီဗာပူးပရိသတ်များကအဲဗာတန်တိုက်စစ်မှူးကထရန်းအလက်ဇန္ဒား အာနိုးအပေါ်မှကျော်သွားခြင်းဖြစ်ရာပင်နယ်တီမပေးသင့်ကြောင်းယုံကြည်နေကြပါတယ်။

ယင်းပင်နယ်တီကိုဆီဂတ်ဆင်ကအပိုင်ကန်သွင်းကာအဲဗာတန်အတွက်ဒုတိယအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ZawGyi

ေမာ္နီတာမွာအေသအခ်ာမၾကည့္ဘဲ အဲဗာတန္ဘက္သို႔ ပင္နယ္တီေပးခဲ့သလား?

လက္ရွိအခ်ိန္မွာေဘာလုံးပြဲမ်ားနဲ႔ပတ္သက္ၿပီးအေျပာအမ်ားဆုံးကေတာ့ထရန္းအလက္ဇႏၵားအာႏိုးႏွင့္ဒိုမီနစ္ ကယ္ဗတ္လီဝင္းတို႔အၾကားၿပိဳလဲက်မႈမႈအေပၚဒိုင္လူႀကီးခရစ္ကာဗာနက္ခ်္ကေမာ္နီတာၾကည့္ၿပီးေနာက္ပင္နယ္တီေပးဖို႔ဆုံးျဖတ္ခဲ့မႈ ျဖစ္ပါတယ္။

အဲဗာတန္ဟာစေနေန႔ညတုန္းကအန္ဖီးလ္ကြင္းမွာမာေဆးလ္ဆိုက္ၿမိဳ႕ခံၿပိဳင္ဘက္လီဗာပူးကို၂-၀ဂိုးျဖင့္သမိုင္းဝင္ ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။အဲဗာတန္ဟာ၁၉၉၉ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္အန္ဖီးလ္မွာလီဗာပူးကိုအႏိုင္ရရွိခဲ့တာလည္းျဖစ္ပါတယ္။

အဲဗာတန္ဟာရီခ်က္လီဆင္ရဲ႕ဂိုးနဲ႔လီဗာပူးကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္လီဗာပူးဟာတိုက္စစ္ပိုင္းအသာစီး ကစားႏိုင္ခဲ့တဲ့အျပင္အခြင့္အေရးလည္းမ်ားစြာဖန္တီးႏိုင္တာေၾကာင့္ေခ်ပဂိုးရႏိုင္လိမ့္မယ္လို႔အားလုံးကယူဆခဲ့ၾကပါတယ္။

ဒါေပမယ့္ပြဲခ်ိန္၈၃မိနစ္မွာေတာ့အဲဗာတန္ဘက္သို႔ဒိုင္လူႀကီးကအျငင္းပြားဖြယ္ရာပင္နယ္တီေပးလိုက္မႈနဲ႔အတူ လီဗာပူးပရိသတ္မ်ားအႀကီးအက်ယ္ေပါက္ကြဲခဲ့ၾကပါေတာ့တယ္။အထူးသျဖင့္လီဗာပူးပရိသတ္မ်ားဟာဒိုင္လူႀကီးကာဗာနက္ခ်္ရဲ႕အျပဳအမူမ်ားနဲ႔ပတ္သက္ၿပီးပိုမိုေဒါသထြက္ခဲ့ၾကရပါတယ္။

ပြဲေႏွာင္းပိုင္းမွာအဲဗာတန္ဟာတန္ျပန္တိုက္စစ္ဆင္ခဲ့ၿပီးရီခ်က္လီဆင္ရဲ႕ျဖတ္တင္ေဘာကေနဒိုမီနစ္ကယ္ဗတ္လီဝင္းကဂိုးရႏိုင္တဲ့အေျခအေနမ်ိဳးႀကဳံခဲ့ပါတယ္။ဒါေပမယ့္လီဗာပူးဂိုးသမားအလီဆင္ကတားဆီးႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ကယ္ဗတ္လီဝင္းကဒုတိယအႀကိမ္ကန္ဖို႔အားထုတ္ခ်ိန္မွာထရန္းအလက္ဇႏၵားအာႏိုးကထပ္မံတားဆီးခဲ့ပါတယ္။

ဒိုင္လူႀကီးဟာအထက္ပါအျဖစ္အပ်က္ကိုကြင္းေဘးရွိေမာ္နီတာတြင္ၾကည့္ရႈစစ္ေဆးမႈျပဳလုပ္ၿပီးေနာက္ပင္နယ္တီ ေပးလိုက္ပါတယ္။

လီဗာပူးပရိသတ္မ်ားကဒိုင္လူႀကီးဟာကြင္းေဘးရွိေမာ္နီတာတြင္အျဖစ္အပ်က္ကိုအေသအခ်ာၾကည့္ျခင္းမျပဳဘဲ ပင္နယ္တီေပးခဲ့တာလို႔ယူဆေနၾကပါတယ္။လီဗာပူးပရိသတ္မ်ားကအဲဗာတန္တိုက္စစ္မႉးကထရန္းအလက္ဇႏၵား အာႏိုးအေပၚမွေက်ာ္သြားျခင္းျဖစ္ရာပင္နယ္တီမေပးသင့္ေၾကာင္းယုံၾကည္ေနၾကပါတယ္။

ယင္းပင္နယ္တီကိုဆီဂတ္ဆင္ကအပိုင္ကန္သြင္းကာအဲဗာတန္အတြက္ဒုတိယအႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။